ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ဇာဗီကတော့ ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ပြန်လာချင်တယ်လို့ ပြောခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဘာစီလိုနာအသင်းက သူ့ကို နည်းပြအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့လည်း သူက ငြင်းပယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ပြီးရင် သူ့ရဲ့ နေရာကို အစားထိုးနိုင်မယ့် နည်းပြသစ်ကို ရှာနေခဲ့ပြီး ဘာစီလိုနာ ကစားသမားဟောင်း ဇာဗီကို ကမ်းလှမ်းခဲ့တာ ဖြစ်ပေမဲ့ ဇာဗီက ငြင်းပယ်ခဲ့တာကြောင့် နည်းပြ ဆက်တီယန်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီဟာ လက်ရှိမှာတော့ ကွာတာကလပ် အယ်လ်ဆက်အသင်းမှာ နည်းပြအဖြစ် လုပ်နေပြီး ဘာစီလိုနာ (ဘီ) အသင်းကနေ ဘာစီလိုနာ ပထမအသင်းအထိ နှစ်ပေါင်း (၂၅) နှစ်ကျော်ကြာ ကစားခဲ့ရာမှာ ဘာစီလိုနာအသင်းနဲ့ အတူ ဆုဖလားတွေ အများကြီး ရယူသိမ်းပိုက်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဘာစီလိုနာအသင်းက နည်းပြသစ် အဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ အချိန်မှာ သူက ငြင်းပယ်ခဲ့ပေမဲ့လည်း အခုအချိန်မှာ သူက ဘာစီလိုနာအသင်းကို နည်းပြပြီး နေမာ၊ ဆန်ချို နဲ့ နာဘရီကို ခေါ်ယူချင်တယ်လို့ ပြောပါတယ်။

Photo Credit: Marca

ဘာစီလိုနာ ကစားသမားဟောင်း ဇာဗီက “ကျွန်တော် ဘာစီလိုနာအသင်းကို ပြန်လာချင်နေတာ သေချာပါတယ်။ ကျွန်တော် အလွန် စိတ်လှုပ်ရှားပါတယ်။ လက်ရှိ အသင်းက သိပ် ကောင်းတဲ့ အသင်းပါပဲ။ ဂိုးသမားကနေ စပြောရရင် သူက ကမ္ဘာ အကောင်းဆုံး ဂိုးသမားပါလို့ ကျွန်တော် ထင်ပါတယ်။ အယ်လ်ဘာက ကျွန်တော့်အတွက် အကောင်းဆုံး ညာနောက်ခံ ကစားသမားပါပဲ။ ဘက်စကွက်က ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ခံစစ်မှူးပါ။ မက်ဆီက ကမ္ဘာ့ အကောင်းဆုံးပါ။ အခြေခံက သိပ် ကောင်းပါတယ်။ ကျွန်တော် နေမာလို တောင်ပံ ကစားသမားကို ခေါ်ချင်တယ်။ ဘာစီလိုနာအသင်းက ကွင်းလယ်ကို ဗဟိုပြုပြီး ကစားပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဘိုင်ယန်အသင်းလို တောင်ပံမရှိပါဘူး။ ဆန်ချို နဲ့ နာဘရီကိုလည်း ခေါ်ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

The post ဘာစီလိုနာအသင်းကို နည်းပြပြီး နေမာ၊ ဆန်ချို နဲ့ နာဘရီတို့ကို ခေါ်ချင်တယ်လို့ ဇာဗီ ပြော appeared first on MySport Myanmar.