ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးပွဲဲတွေ ရပ်နားထားရချိန်မှာ ဘောလုံးအသင်းတွေနဲ့ ဘာလုံးသမားတွေက သူတို့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင်လို့ သူတို့ရဲ့လူမှုကွန်ယက်တွေပေါ်ကနေ သတင်းအချက်အလက်တွေနဲ့ အခြားအကြောင်းအရာတွေကို ဖော်ပြလျက်ရှိနေရာ အခု အီတလီစီးရီးအေပြိုင်ပွဲဝင် အသင်းကြီးတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းက သူတို့ရဲ့ကလပ်စံချိန်တင် ကစားသမား တိုက်စစ်မှူးလူကာကူရဲ့ ပရိသတ်တွေမသိသေးတဲ့ အကြောင်းအရာ(၅)ခုကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Image

(၁) လူကာကူဟာ ဘောလုံးပွဲစဉ်တွေ တော်တော်များများကို သူရဲ့နေအိမ်မှာပဲ တီဗီကနေတစ်ဆင့် ကြည့်ရှုလေ့ရှိပါတယ်

(၂) လူကာကူရဲ့အိုင်ဒေါတွေကတော့ အင်တာတိုက်စစ်ကစားသမား အက်ဒရီယာနိုနဲ့ ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုတို့ဖြစ်ပါတယ်။

(၃) လူကာကူရဲ့ဘဝအတွက် မမေ့နိုင်စရာပွဲစဉ်ကတော့ ၂၀၀၉ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်ဖြစ်ပြီး အဲ့ဒီပွဲမှာ အင်တာကစားသမားဖြစ်ခဲ့သူ သီယာဂိုမော့တာက အံ့အားသင့်စရာသွင်းဂိုး(၁)ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

(၄) လူကာကူဟာ ဘောလုံးပွဲတစ်ပွဲ မကစားခင်မှာ ကမ္ဘာကျော်ရက်ပါကြီးများဖြစ်တဲ့ Tupac, Jay-Z နဲ့ 50 Cent တို့ရဲ့ ရက်တေးသီချင်းတွေကို အမြဲနားဆင်လေ့ရှိပါတယ်။

(၅) လူကာကူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် သူရဲ့ယူဆချက်မှာ “ကောင်းကောင်းအနားယူပြီး လေ့ကျင့်ခန်းဆင်းချိန်မှာ ရာနှုန်းပြည့်လုပ်ဆောင်နိုင်ဖို့ပဲ” ဖြစ်ပါတယ်။

The post လူသိနည်းလှတဲ့ လူကာကူရဲ့အကြောင်းအရာ(၅)ခုကို အင်တာအသင်းကနေ ဖော်ပြလာခဲ့ appeared first on MySport Myanmar.