ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးအသင်းဖြစ်တဲ့ချယ်လ်ဆီးအသင်းဟာနယ်သာလန်ကလပ်အေဂျက်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားဇီယက်ချ်ကိုပြောင်းရွှေ့ကြေးပေါင်၃၃သန်းနဲ့လာမယ့်နွေရာသီမှာခေါ်ယူဖို့အတွက်သဘောတူညီမှုရယူသွားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။

Photo Credit: Talksports.com

     အသက်၂၆နှစ်အရွယ်တောင်ပံတိုက်စစ်ကစားသမားဇီယက်ချ်ဟာလမ်းပတ်အတွက်ချယ်လ်ဆီးအသင်းဆီကိုပထမဦးဆုံးခေါ်ယူခဲ့တဲ့ကစားသမားဖြစ်သလိုအေဂျက်အသင်းမှာခြေစွမ်းကောင်းတွေပြထားနိုင်တာကြောင့်ဘောလုံးပရိသတ်တွေစောင့်ကြည့်သွားရမယ့်ကစားသမားကောင်းတစ်ဦးပါ။ဇီယက်ချ်ဟာလက်ရှိဘောလုံးရာသီမှာလည်းအေဂျက်အသင်းအတွက်နယ်သာလန်လိဂ်ပွဲစဉ်၁၈ပွကစားပေးထားရာမှာ၆ဂိုးသွင်းယူကာ၁၂ဂိုးဖန်တီးပေးထားသူလည်းဖြစ်ပါတယ်။

Photo Credit: Talksports.com

     အေဂျက်အသင်းမှာဇီယက်ချ်နဲ့အတူအတွဲအဖက်ကောင်းတွေဖြစ်နေတဲ့ကွင်းလယ်လူဗန်ဒီဘိခ်ကတော့ချယ်လ်ဆီးအသင်းထံပြောင်းရွှေ့ဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့ဇီယက်ချ်ရဲ့အဆုံးအဖြတ်ဟာမှန်ကန်မှုရှိကြောင်းနဲ့ချယ်လ်ဆီးဟာဇီယက်ချ်အတွက်သင့်တော်တဲ့အသင်းတစ်သင်းဖြစ်တယ်လို့ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Talksports.com

     ဇီယက်ချ်နဲ့ချယ်လ်ဆီးအသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီးဗန်ဒီဘိခ်ကသူ့အနေနဲ့ချယ်လ်ဆီးအသင်းမှာခြေစွမ်းကောင်းတွေရရှိပြီးအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်နေပါတယ်။ကျွန်တော့်အမြင်မှာဒါဟာသူ့အတွက်ကစားသမားဘဝနောက်တစ်ဆင့်ကိုရောက်ရှိသွားတာလဲဖြစ်ပါတယ်။ဇီယက်ချ်အတွက်ချယ်လ်ဆီးအသင်းဟာအသင့်တော်ဆုံးအသင်းလဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကလူငယ်ကစားသမားတွေကိုနေရာပေးတတ်တဲ့အသင်းလေလို့ပြောဆိုသွားခဲ့တာပါ။

The post ချယ်လ်ဆီးဟာ ဇီယက်ချ်အတွက် သင့်တော်တဲ့ အသင်းဖြစ်တယ်လို့ ဗန်ဒီဘိခ် ထောက်ခံ appeared first on MySport Myanmar.