ဒီတစ်ပတ်မှာ ကျင်းပသွားမယ့် စပိန်လာလီဂါပွဲစဉ်(၂၁) ပွဲများထဲကမှ ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်မယ့် ဗလင်စီယာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ မက်စ်တဲလားကွင်းအတွင်းက အားပြိုင်ပွဲကတော့ အိမ်ရှင်အသင်းရဲ့ခြေစွမ်းပြကစားမှုတွေနဲ့ ဗလင်စီယာက ဘာစီလိုနာအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဧည့်သည်ဘာစီလိုနာအသင်းက ဒီနေ့ပွဲမှာ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုလာပြီး မက်ဆီ ဂရစ်ဇ်မန်း ဖာတီ ဒီဂျောင် အာသာ ဘူးစကတ် အယ်ဘာ ပီကေး ရောဘတ်တို အမ်တီတီ စတီဂျန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်ဘက်မှာတော့ ဘာစီလိုနာနဲ့ သတင်းထွက်နေတဲ့ တိုက်စစ်မှူးရိုဒရီဂို ပွဲထွက်လူစာရင်းမှာ ပါဝင်လာခြင်းမရှိပဲ မက်ဇီဂိုးမက်ဇ် ဂါမဲရိုးလ်တို့နဲ့သာ တိုက်စစ်ကို ပွဲထွက်လာခဲ့ရပါတယ်။ ဆယ်တီယန်လက်ထက်မှာ ဘောလုံးပေးပို့မှုတွေကို များစွာလုပ်ဆောင်လာနိုင်တဲ့ ဘာစီလိုနာအသင်းဟာ ဒီပွဲရဲ့ပထမပိုင်းအတွင်းမှာ တိုက်စစ်အတွက် ထိရောက်မှုသိပ်မရှိလှတဲ့ ဘောလုံးပေးပို့မှုတွေကိုသာ လုပ်ဆောင်ခဲ့ပြီး ဂိုးသမားစတီဂျန်သာ လက်စွမ်းမပြနိုင်ခဲ့ရင် ဂိုးတွေခွင့်ပြုခဲ့ရမှာ သေချာပါတယ်။ ၁၂မိနစ်အတွင်းမှာ ဘာစီလိုနာဘက်က ပီကေးရဲ့ဧရိယာအတွင်း ခပ်ကြမ်းကြမ်းကစားမိလို့ ဗလင်စီယာအသင်းက ပင်နယ်တီကန်ခွင့် ရခဲ့ကာ ဂိုးမက်ဇ်ကန်ချက် စတီဂျန်ကာကွယ်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဗလင်စီယာဘက်က ဂါမဲရိုးလ် ဂိုးမက်ဇ် ကိုကွီလင်တို့ ဂိုးပေါက်တည့်ကန်ချက်တွေနဲ့ ထိုးဖောက်ခဲ့ပေမယ့်လည်း စတီဂျန်ကတော့ သူရဲ့အကောင်းဆုံးလက်စွမ်းတွေနဲ့ ဘာစီဂိုးပေါက်ကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကတော့ မက်ဆီရဲ့ဖရီးကစ်ကန်ချက်တစ်ခုသာ ဂိုးပေါက်တည့်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ပထမပိုင်းမှာကတည်းက ဂိုးဝင်ဖို့အတော်လေး နီးစပ်ခဲ့တဲ့ အိမ်ရှင်အသင်းက ဦးဆောင်ဂိုးကို စတင်ရရှိခဲ့ပါတယ်။ ပင်နယ်တီလွဲချော်ထားသူ ဂိုးမက်ဇ် ၄၈မိနစ်မှာ သူရဲ့အားပါလှတဲ့ကန်ချက်နဲ့ ဂိုးပေါက်ထဲကန်သွင်းရာ ဘာစီလိုနာကစားသမား အယ်ဘာနဲ့ထိပြီး ဂိုးဝင်သွားခဲ့ရတာဖြစ်ပါတယ်။ အဖွင့်ဂိုးပေးရပြီးနောက်မှာတော့ ဘာစီလိုနာတို့ အာသာနေရာ ဗီဒယ်ကို ထည့်သွင်းလာခဲ့ရပြီး ကစားပုံလည်း ပြန်လည်ကောင်းမွန်ကာ ဗလင်စီယာဂိုးပေါက်ကို ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ တိုက်စစ်အရှိန် ပိုကောင်းလာတဲ့ ဘာစီလိုနာအသင်းဟာ ရ၂မိနစ်မှာ မက်ဆီရဲ့ဖရီးကစ်ကနေ ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဗလင်စီယာဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ရ၇မိနစ်မှာတော့ ကွင်းလယ်လူတောရက်စ်ရဲ့ဖန်တီးမှုကနေတစ်ဆင့် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကတော့ ဘာစီလိုနာရဲ့ချေပဂိုးရဖို့ မျှော်လင့်ချက်တွေကို ဖျက်ဆီးနိုင်ခဲ့ပြီး ဗလင်စီယာကပဲ ၂ဂိုးပြတ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

(Zawgyi)

မက္စ္တဲလားမွာ အိမ္ရွင္ဗလင္စီယာကုိ ဂုိးျပတ္အေရးနိမ့္ခဲ့ရတဲ႔ ဘာစီလုိနာ

ဒီတစ္ပတ္မွာ က်င္းပသြားမယ့္ စပိန္လာလီဂါပြဲစဥ္(၂၁) ပြဲမ်ားထဲကမွ ေဘာလုံးပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာအေကာင္းဆုံးပြဲျဖစ္မယ့္ ဗလင္စီယာအသင္းနဲ႔ ဘာစီလုိနာအသင္းတုိ႔ရဲ႕ မက္စ္တဲလားကြင္းအတြင္းက အားၿပိဳင္ပြဲကေတာ့ အိမ္ရွင္အသင္းရဲ႕ေျခစြမ္းျပကစားမႈေတြနဲ႔ ဗလင္စီယာက ဘာစီလုိနာအသင္းကုိ ၂ဂုိး ဂုိးမရွိနဲ႔ ျပတ္ျပတ္သားသား အႏုိင္ယူသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဧည့္သည္ဘာစီလုိနာအသင္းက ဒီေန႔ပြဲမွာ ၄-၃-၃ ကစားကြက္ကုိပဲ အသုံးျပဳလာၿပီး မက္ဆီ ဂရစ္ဇ္မန္း ဖာတီ ဒီေဂ်ာင္ အာသာ ဘူးစကတ္ အယ္ဘာ ပီေကး ေရာဘတ္တုိ အမ္တီတီ စတီဂ်န္တုိ႔ကုိ အသုံးျပဳလာခဲ႔ပါတယ္။ အိမ္ရွင္ဘက္မွာေတာ့ ဘာစီလုိနာနဲ႔ သတင္းထြက္ေနတဲ႔ တုိက္စစ္မွဴးရုိဒရီဂုိ ပြဲထြက္လူစာရင္းမွာ ပါဝင္လာျခင္းမရွိပဲ မက္ဇီဂုိးမက္ဇ္ ဂါမဲရုိးလ္တုိ႔နဲ႔သာ တုိက္စစ္ကုိ ပြဲထြက္လာခဲ႔ရပါတယ္။ ဆယ္တီယန္လက္ထက္မွာ ေဘာလုံးေပးပုိ႔မႈေတြကုိ မ်ားစြာလုပ္ေဆာင္လာႏုိင္တဲ႔ ဘာစီလုိနာအသင္းဟာ ဒီပြဲရဲ႕ပထမပုိင္းအတြင္းမွာ တုိက္စစ္အတြက္ ထိေရာက္မႈသိပ္မရွိလွတဲ႔ ေဘာလုံးေပးပုိ႔မႈေတြကိုသာ လုပ္ေဆာင္ခဲ႔ၿပီး ဂုိးသမားစတီဂ်န္သာ လက္စြမ္းမျပႏုိင္ခဲ႔ရင္ ဂုိးေတြခြင့္ျပဳခဲ႔ရမွာ ေသခ်ာပါတယ္။ ၁၂မိနစ္အတြင္းမွာ ဘာစီလုိနာဘက္က ပီေကးရဲ႕ဧရိယာအတြင္း ခပ္ၾကမ္းၾကမ္းကစားမိလုိ႔ ဗလင္စီယာအသင္းက ပင္နယ္တီကန္ခြင့္ ရခဲ႔ကာ ဂုိးမက္ဇ္ကန္ခ်က္ စတီဂ်န္ကာကြယ္ႏုိင္ခဲ႔ပါတယ္။ ဆက္လက္ၿပီး ဗလင္စီယာဘက္က ဂါမဲရုိးလ္ ဂုိးမက္ဇ္ ကုိကြီလင္တုိ႔ ဂုိးေပါက္တည့္ကန္ခ်က္ေတြနဲ႔ ထုိးေဖာက္ခဲ့ေပမယ့္လည္း စတီဂ်န္ကေတာ့ သူရဲ႕အေကာင္းဆုံးလက္စြမ္းေတြနဲ႔ ဘာစီဂုိးေပါက္ကုိ ကာကြယ္ေပးႏုိင္ခဲ႔ပါတယ္။ ဘာစီလုိနာကေတာ့ မက္ဆီရဲ႕ဖရီးကစ္ကန္ခ်က္တစ္ခုသာ ဂုိးေပါက္တည့္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာေတာ့ ပထမပိုင္းမွာကတည္းက ဂုိးဝင္ဖုိ႔အေတာ္ေလး နီးစပ္ခဲ႔တဲ႔ အိမ္ရွင္အသင္းက ဦးေဆာင္ဂုိးကုိ စတင္ရရွိခဲ႔ပါတယ္။ ပင္နယ္တီလြဲေခ်ာ္ထားသူ ဂုိးမက္ဇ္ ၄၈မိနစ္မွာ သူရဲ႕အားပါလွတဲ႔ကန္ခ်က္နဲ႔ ဂုိးေပါက္ထဲကန္သြင္းရာ ဘာစီလုိနာကစားသမား အယ္ဘာနဲ႔ထိၿပီး ဂုိးဝင္သြားခဲ႔ရတာျဖစ္ပါတယ္။ အဖြင့္ဂုိးေပးရၿပီးေနာက္မွာေတာ့ ဘာစီလုိနာတုိ႔ အာသာေနရာ ဗီဒယ္ကုိ ထည့္သြင္းလာခဲ႔ရၿပီး ကစားပုံလည္း ျပန္လည္ေကာင္းမြန္ကာ ဗလင္စီယာဂုိးေပါက္ကုိ ၿခိမ္းေျခာက္လာႏုိင္ခဲ႔ပါတယ္။ တုိက္စစ္အရွိန္ ပုိေကာင္းလာတဲ႔ ဘာစီလုိနာအသင္းဟာ ၇၂မိနစ္မွာ မက္ဆီရဲ႕ဖရီးကစ္ကေန ေခ်ပဂုိးရဖုိ႔ နီးစပ္ခဲ႔ေပမယ့္လည္း ဗလင္စီယာဂုိးသမားက ကာကြယ္ႏုိင္ခဲ႔ပါတယ္။ ၇၇မိနစ္မွာေတာ့ ကြင္းလယ္လူေတာရက္စ္ရဲ႕ဖန္တီးမႈကေနတစ္ဆင့္ ဒုတိယအႏုိင္ဂုိးကုိ သြင္းယူေပးနုိင္ခဲ႔ပါတယ္။ ဒီဂုိးကေတာ့ ဘာစီလုိနာရဲ႕ေခ်ပဂုိးရဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြကုိ ဖ်က္ဆီးႏုိင္ခဲ႔ၿပီး ဗလင္စီယာကပဲ ၂ဂုိးျပတ္နဲ႔ ေအာင္ပြဲခံႏုိင္ခဲ႔ပါတယ္။

The post မက်စ်တဲလားမှာ အိမ်ရှင်ဗလင်စီယာကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ဘာစီလိုနာ appeared first on MySport Myanmar.