(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်ဥပေါင်းဟင်းလျာပဲဖြစ်ပါတယ်။ ကြက်ဥအရသာတစ်မျိုးတည်းပဲဆိုရင် ရိုးရှင်းလွန်းလှတာကြောင့် ပုစွန်ဆိတ်၊ မုန်လာဥနီ၊ မှို စတဲ့ ပင်လယ်စာရော ဟင်းသီးဟင်းရွက်ရဲ့အရသာပါ ပါဝင်အောင် လုပ်စားနိုင်မယ့် ချက်ပြုတ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • မုန်လာဥနီ ၁ လုံး (အန်စာတုံးငယ် အရွယ်အစားသေးသေးလေးရအောင် လှီးထားပါ)
  • မှို ၂ ပွင့် (ရေစိမ်ထားပြီး အတုံးငယ် လှီးထားပါ)
  • ပုစွန်ဆိတ် ၆ ကောင်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ဆားနှင့် နှမ်းဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၂ လုံးကို ဇလုံအကြီးထဲသို့ ဖောက်ထည့်ပြီးနောက် မွှေခလောက်ထားပါ။ ထို့နောက် ကြက်ဥထဲသို့ ရေနွေးအနည်းငယ် ရောထည့်ကာ မွှေခလောက်ထားပါ။

၂။ မုန်လာဥနီ၊ မှိုနှင့် ပုစွန်တို့ကို ကြက်ဥ ပန်းကန်ထဲသို့ ရောထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ထိုအရောအနှောကို ပေါင်းအိုးထဲထည့်မယ့် ပန်းကန်လုံးထဲသို့ လောင်းထည့်ပြီးနောက် ပေါင်းအိုးထဲတွင် ၇ မိနစ်၊ ၈ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။

၄။ အချိန်ပြည့်ပါက ပေါင်းအိုးအဖုံးဖွင့်လျက်သားဖြင့် ၁ မိနစ်၊ ၂ မိနစ်ခန့် ဆက်တည်ထားပေးလိုက်ပါ။

ထို့နောက် ထိုကြက်ဥပေါင်း ပန်းကန်လုံးကို ပေါင်းအိုးထဲမှ ထုတ်ကာ ကြက်သွန်မြိတ်အနည်းငယ်၊ နှမ်းဆီအနည်းငယ် ဆမ်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အနံ့ရော အရသာပါ ပြီးပြည့်စုံတဲ့ ပုစွန် ကြက်ဥပေါင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Spicetheplate.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တဲ့ ဟင္းလ်ာေလးကေတာ့ ၾကက္ဥေပါင္းဟင္းလ်ာပဲျဖစ္ပါတယ္။ ၾကက္ဥအရသာတစ္မ်ိဳးတည္းပဲဆိုရင္ ရိုးရွင္းလြန္းလွတာေၾကာင့္ ပုစြန္ဆိတ္၊ မုန္လာဥနီ၊ မႈိ စတဲ့ ပင္လယ္စာေရာ ဟင္းသီးဟင္းရြက္ရဲ႕အရသာပါ ပါဝင္ေအာင္ လုပ္စားႏိုင္မယ့္ ခ်က္ျပဳတ္နည္းကို ေဝမွ်ေပးလိုက္ရပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ဥ ၂ လံုး (ေမႊခေလာက္ထားပါ)
  • မုန္လာဥနီ ၁ လံုး (အန္စာတံုးငယ္ အရြယ္အစားေသးေသးေလးရေအာင္ လွီးထားပါ)
  • မႈိ ၂ ပြင့္ (ေရစိမ္ထားၿပီး အတံုးငယ္ လွီးထားပါ)
  • ပုစြန္ဆိတ္ ၆ ေကာင္
  • ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)

  • ဆားႏွင့္ ႏွမ္းဆီ အနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ၾကက္ဥ ၂ လံုးကို ဇလံုအႀကီးထဲသို႔ ေဖာက္ထည့္ၿပီးေနာက္ ေမႊခေလာက္ထားပါ။ ထို႔ေနာက္ ၾကက္ဥထဲသို႔ ေရေႏြးအနည္းငယ္ ေရာထည့္ကာ ေမႊခေလာက္ထားပါ။

၂။ မုန္လာဥနီ၊ မႈိႏွင့္ ပုစြန္တို႔ကို ၾကက္ဥ ပန္းကန္ထဲသို႔ ေရာထည့္ၿပီးေနာက္ ဆားအနည္းငယ္ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။

၃။ ထိုအေရာအေႏွာကို ေပါင္းအိုးထဲထည့္မယ့္ ပန္းကန္လံုးထဲသို႔ ေလာင္းထည့္ၿပီးေနာက္ ေပါင္းအိုးထဲတြင္ ၇ မိနစ္၊ ၈ မိနစ္ခန္႔ ထည့္ေပါင္းေပးလိုက္ပါ။

၄။ အခ်ိန္ျပည့္ပါက ေပါင္းအိုးအဖံုးဖြင့္လ်က္သားျဖင့္ ၁ မိနစ္၊ ၂ မိနစ္ခန္႔ ဆက္တည္ထားေပးလိုက္ပါ။

ထုိ႔ေနာက္ ထိုၾကက္ဥေပါင္း ပန္းကန္လံုးကို ေပါင္းအိုးထဲမွ ထုတ္ကာ ၾကက္သြန္ၿမိတ္အနည္းငယ္၊ ႏွမ္းဆီအနည္းငယ္ ဆမ္းထည့္ေပးလိုက္ပါ။ ဒါဆုိရင္ေတာ့ အနံ႔ေရာ အရသာပါ ၿပီးျပည့္စံုတဲ့ ပုစြန္ ၾကက္ဥေပါင္းေလး ရရွိသြားပါၿပီ။

ထမင္းနဲ႔အတူတူ အရသာရွိရွိ သံုးေဆာင္လိုက္ပါ။

Source: Spicetheplate.com

The post အနံ႔ေမႊးၿပီး အရသာလည္းရွိတဲ့ ပုစြန္ ၾကက္ဥေပါင္း appeared first on MyFood Myanmar.