(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ ကြက်ခြေထောက်ပေါင်း ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြော်ရန်ဆီနှင့် ကြက်ခြေထောက်များ စိမ်ထားရန် ရေခဲရေ
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)

  • ကြက်ခြေထောက် အချောင်း ၂၀ ခန့် (ခြေသည်းများနှင့် အခြားမသန့်ရှင်းသော အစိတ်အပိုင်းများကို လှီးထုတ်လိုက်ပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • နာနတ်ပွင့် ၂ ပွင့်
  • ရေနွေးနွေးလေး ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ခြေထောက်များကို စင်ကြယ်အောင် ရေဆေးပြီးတဲ့နောက်မှာ ကြက်ခြေထောက်တစ်ခုချင်းစီကို တစ်ပိုင်း လှီးဖြတ်ထားပါ။

၁။ အိုးတစ်လုံးထဲ ရေလုံလုံလောက်လောက်ထည့်ပြီးတဲ့နောက်မှာ ရေနွေးဆူလာအောင် တည်ထားလိုကပါ။ ထို့နောက် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ရေနွေးထဲထည့်လိုက်ပါ။ ရေနွေး ပွက်ပွက်ဆူလာပါက ကြက်ခြေထောက်များထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ၂ မိနစ်ပြည့်ပါက ပန်းကန်လုံးထဲ ဆယ်ယူထားလိုက်ပါ။

၂။ ထိုကြက်ခြေထောက်များကို ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့် ရောနှောပြီးနောက် သမအောင် နယ်ကာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်ခြေထောက်များထည့်ပြီး ရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပေးလိုကပါ။

၄။ ရရှိလာတဲ့ ကြက်ခြေထောက်ကြော်များကို ရေခဲတုံးအပြည့်ထည့်ထားသော ရေခဲရေထဲတွင် ၃ နာရီ၊ ၄ နာရီခန့် စိမ်ထားလိုက်ပါ။

ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ဂျင်း၊ ပဲငံပြာရည်၊ ခရုဆီနှင့် နာနတ်ပွင့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၅။ အချိန်ပြည့်သွားပါက ကြက်ခြေထောက်များကို ပေါင်းအိုးထဲထည့်ကာ ၁၅ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။ ၁၅ မိနစ်ပြည့်ပါက စောစောက မွှေထားသော ခရုဆီအရောအနှောများကို ကြက်ခြေထောက်ပေါ်သို့ လောင်းထည့်ကာ မိနစ် ၃၀ ခန့် ထပ်ပေါင်းပေးရပါမယ်။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ခြေထောက်ပေါင်းလေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာ ေဝမွ်ေပခ်င္တဲ့ဟင္းလ်ာေလးကေတာ့ အရသာရွိတဲ့ ၾကက္ေျခေထာက္ေပါင္း ဟင္းလ်ာေလးပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ေၾကာ္ရန္ဆီႏွင့္ ၾကက္ေျခေထာက္မ်ား စိမ္ထားရန္ ေရခဲေရ
  • ၾကက္သြန္ျဖဴ ၂ ျမႊာ (ပါးပါးလွီးထားပါ)
  • ၾကက္သြန္ၿမိတ္ ၂ ပင္ (ပါးပါးလွီးထားပါ)
  • ငရုတ္သီးေတာင့္ ၂ ေတာင့္ (ပါးပါးလွီးထားပါ)
  • တစ္လက္မပတ္လည္ ဂ်င္းတံုးတစ္တံုး (ပါးပါးလွီးထားပါ)

  • ၾကက္ေျခေထာက္ အေခ်ာင္း ၂၀ ခန္႔ (ေျခသည္းမ်ားႏွင့္ အျခားမသန္႔ရွင္းေသာ အစိတ္အပိုင္းမ်ားကို လွီးထုတ္လိုက္ပါ)
  • ပဲငံျပာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ခရုဆီ စားပြဲတင္ဇြန္း တစ္ဝက္
  • နာနတ္ပြင့္ ၂ ပြင့္
  • ေရေႏြးေႏြးေလး ၂၅၀ မီလီလီတာ

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ၾကက္ေျခေထာက္မ်ားကို စင္ၾကယ္ေအာင္ ေရေဆးၿပီးတဲ့ေနာက္မွာ ၾကက္ေျခေထာက္တစ္ခုခ်င္းစီကို တစ္ပိုင္း လွီးျဖတ္ထားပါ။

၁။ အိုးတစ္လံုးထဲ ေရလံုလံုေလာက္ေလာက္ထည့္ၿပီးတဲ့ေနာက္မွာ ေရေႏြးဆူလာေအာင္ တည္ထားလို္ကပါ။ ထို႔ေနာက္ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္၊ သၾကား လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ဆန္ရွာလကာရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္တို႔ကို ေရေႏြးထဲထည့္လိုက္ပါ။ ေရေႏြး ပြက္ပြက္ဆူလာပါက ၾကက္ေျခေထာက္မ်ားထည့္ၿပီး ၂ မိနစ္ခန္႔ ျပဳတ္ေပးလို္က္ပါ။ ၂ မိနစ္ျပည့္ပါက ပန္းကန္လံုးထဲ ဆယ္ယူထားလိုက္ပါ။

၂။ ထိုၾကက္ေျခေထာက္မ်ားကို ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း တစ္ဇြန္းျဖင့္ ေရာေႏွာၿပီးေနာက္ သမေအာင္ နယ္ကာ မိနစ္ ၃၀ ခန္႔ ႏွပ္ထားလိုက္ပါ။

၃။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ၾကက္ေျခေထာက္မ်ားထည့္ၿပီး ေရႊညိဳေရာင္သမ္းလာသည္အထိ ေၾကာ္ေပးလို္ကပါ။

၄။ ရရွိလာတဲ့ ၾကက္ေျခေထာက္ေၾကာ္မ်ားကို ေရခဲတံုးအျပည့္ထည့္ထားေသာ ေရခဲေရထဲတြင္ ၃ နာရီ၊ ၄ နာရီခန္႔ စိမ္ထားလိုက္ပါ။

ပန္းကန္လံုးတစ္လံုးထဲတြင္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္၊ ငရုတ္သီး၊ ဂ်င္း၊ ပဲငံျပာရည္၊ ခရုဆီႏွင့္ နာနတ္ပြင့္တို႔ကို သမေအာင္ ေရာေမႊေပးလိုက္ပါ။

၅။ အခ်ိန္ျပည့္သြားပါက ၾကက္ေျခေထာက္မ်ားကို ေပါင္းအိုးထဲထည့္ကာ ၁၅ မိနစ္ခန္႔ ေပါင္းေပးလိုက္ပါ။ ၁၅ မိနစ္ျပည့္ပါက ေစာေစာက ေမႊထားေသာ ခရုဆီအေရာအေႏွာမ်ားကို ၾကက္ေျခေထာက္ေပၚသို႔ ေလာင္းထည့္ကာ မိနစ္ ၃၀ ခန္႔ ထပ္ေပါင္းေပးရပါမယ္။

အခ်ိန္ျပည့္သြားတဲ့အခါမွာေတာ့ အရသာရွိတဲ့ ၾကက္ေျခေထာက္ေပါင္းေလး ရရွိသြားပါၿပီ။ မိမိႏွစ္သက္ရာအခ်ဥ္ရည္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။

Source: Chinasichuanfood.com

The post အရသာရွိတဲ့ ၾကက္ေျခေထာက္ေပါင္း appeared first on MyFood Myanmar.