အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည်စပ်စပ်လေးလည်း သောက်ချင်ပေမယ့် ဟင်းရည်သပ်သပ် တည်မသောက်ချင်ဘဲ အဓိကဟင်းလျာချက်ရင်းနဲ့ တစ်ခါတည်း လုပ်စားနိုင်တဲ့ အာလူး အမဲသားစတူး အစပ်ချက် ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • အာလူး ၁ လုံး (ပါးပါးလှီးထားပါ)
  • အမဲသား ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • မှို အနည်းငယ် (ပင်စည်ကို လှီးဖြတ်ပြီးနောက် အပွင့်ကို ပါးပါးလှီးထားပါ)

  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)

ဟင်းခပ်အမွှေးအကြိုင်များ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၂ ခွက်ခွဲ (၆၂၅ မီလီလီတာ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်မြိတ် အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲသို့ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ကာ မီးအေးအေးဖြင့် အပူပေးပါ။ ဆီပူလာပါက ငရုတ်နှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ ဆီသတ်ပါ။

၂။ (၁) မိနစ်ပြည့်လို့ ဆီက အနီရောင် ပြောင်းသွားပြီဆိုရင်တော့ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ရေ ၂ ခွက်ခွဲ ချက်ချင်းလောင်းထည့်လိုက်ပါ။ မီးအပူချိန် မြှင့်ပြီး ပွက်ပွက်ဆူလာအောင် တည်ပါ။

၃။ ပွက်ပွက်ဆူလာပါက အမဲသားနှင့် အာလူးတို့ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ပါ။

၄။ (၅) မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ အာလူးများ ပျော့သွားပြီဆိုရင်တော့ ကြက်သွန်နီ၊ မှိုနှင့် ငရုတ်သီးတို့ထည့်ပါ။ ၇ မိနစ်၊ ၁၀ မိနစ်ခန့် တည်ပါ။

၅။ မီးဖိုပေါ်က ချခါနီးမှာ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။ ထို့နောက် မီးပိတ်ကာ မီးဖိုပေါ်တွင်ပင် ၁၀ မိနစ်ခန့် တင်ထားပါ။

၆။ (၁၀) မိနစ်ပြည့်ပါက အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ဆားအနည်းငယ် ထပ်ထည့်နိုင်သလို ဟင်းရည်က ငန်နေပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အရသာရှိတဲ့ အာလူး အမဲသားစတူး စပ်စပ်လေး ရရှိသွားပါပြီ။

Source: Futuredish.com

The post အာလူး အမဲသားစတူး အစပ်ချက် appeared first on MyFood Myanmar.