လက်ရှိမှာ ရလဒ်ပိုင်းအားရစရာအနေအထားမှာမရှိပဲ တိုက်စစ်မှူဟာရီကိန်းရဲ့ဒဏ်ရာကြောင့် တိုက်စစ်ပိုင်းမှာရော ခံစစ်ပိုင်းတွေမှာပါ အားနည်းချက်တွေရှိနေတဲ့ စပါးအသင်းက ဒီနေ့မှာတော့ အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် မကြာသေးခင်ကမှ ပရီးမီးယားလိဂ်မှာ ဆုံတွေ့ထားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး တစ်ဖက်၁ဂိုးစီ သရေပွဲအဖြစ်နဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

အက်အေဖလားပွဲဆိုပေမယ့်လည်း ပရီးမီးယားလိဂ် အသင်းအချင်းချင်း တွေ့ဆုံရတဲ့ပွဲဖြစ်တာကြောင့် နှစ်ဖက်အသင်းလုံးက ထိပ်သီးကစားသမားတွေကို ထည့်သွင်းလာခဲ့ပြီး စပါးဘက်မှာဆိုရင်လည်း မော်ရာ ဆွန်ဟောင်မင် အလီ လိုဆယ်ဆို ဝင့်စ် အယ်ဒါဝီရယ် ဆန်းချက်ဇ် တန်ဂါဂါ လိုရစ် အော်ရီယာတို့အပြင် ကစားသမားသစ် ဖာနန်ဒက်စ်ကို ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားသမားစာရင်းမှာ အသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်ဆောက်သမ်တန်ကလည်း တစ်သင်းလုံးနီးပါး အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ပထမပိုင်း ပွဲချိန်အစောပိုင်းတွေမှာ အချိတ်အဆက်ကောင်းကောင်းနဲ့ စပါးဘက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ စပါးကတော့ အခွင့်အရေးကောင်းတွေ များများစားစား မဖန်တီနိုင်ခဲ့တဲ့အပြင် ၂၉မိနစ်မှာ ရရှိခဲ့တဲ့ လိုဆယ်ဆိုရဲ့ သွင်းဂိုးမှာလည်း လူကျွံနေတဲ့ ဆွန်ဟောင်မင်နဲ့ထိပြီးမှ ဂိုးဝင်ခဲ့တာဖြစ်လို့ ပြန်လည်ပယ်ဖျက်ခံရသလို ၃၂မှာ ရရှိခဲ့တဲ့ မော်ရာရဲ့ကန်ချက်ကိုလည်း ဆောက်သမ်တန်ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ဘက်ကနေလည်း ဒင်နီအင့်စ်ရဲ့ခေါင်းတိုက်ချက်ကို စပါးနောက်ခံလူတန်ဂါဂါက ဂိုးစည်းပေါ်းကနေ အသည်းအသန်ဖြတ်ထုတ်ကာကွယ်ခဲ့ရပါသေးတယ်။ ဒါတွေကလွဲရင်တော့ ပွဲကသိပ်အကြိတ်အနယ်တော့ မရှိခဲ့ရပါဘူး။

Photo Credit : Getty Images

ဒုတိယပိုင်းမှာတော့ အိမ်ရှင်ဆောက်သမ်တန်အသင်း ပိုမိုဖိအားပေးလာနိုင်ခဲ့ပြီး ၅၂မိနစ်မှာလည်း ဦးဆောင်ဂိုးရသွားနိုင်လောက်အောင် ထိုးဖောက်နိုင်ခဲ့ပေမယ့် ကပ်လွဲသွားခဲ့ရလို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ ၅၉မိနစ်အရောက်မှာတော့ ကွင်းလယ်လူလိုဆယ်ဆိုရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုကနေတစ်ဆင့် ဆွန်ဟောင်မင်က ဂိုးကန်သွင်းဖို့ အခွင့်အရေးရလာခဲ့ရာ အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ စပါးတို့ ဦးဆောင်ဂိုးပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီဂိုးကိုလည်း VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပေမယ့် သွင်းဂိုးအဖြစ်ပဲ သတ်မှတ်ပေးခဲ့ပါတယ်။ ဂိုးပေးရပြီးနောက်မှာ အိမ်ရှင််အသင်းက ချေပဂိုးပြန်ရနိုင်အောင် တောက်လျှောက်တိုက်စစ်ဆင် ကစားလာခဲ့ပြီး ပွဲပြီးခါနီးလေးမှာပဲ လူစားဝင်ကစားသမား ဘူဖယ်လ်က ဆောက်သမ်တန်အတွက် အဖိုးတန်ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

(Zawgyi)

စိန္႔ေမရီမွာ ေဆာက္သမ္တန္အသင္းကုိ ထပ္ၿပီးအႏုိင္မယူႏုိင္ခဲ႔ျပန္တဲ႔ စပါး

လက္ရွိမွာ ရလဒ္ပုိင္းအားရစရာအေနအထားမွာမရွိပဲ တုိက္စစ္မွဴဟာရီကိန္းရဲ႕ဒဏ္ရာေၾကာင့္ တုိက္စစ္ပုိင္းမွာေရာ ခံစစ္ပုိင္းေတြမွာပါ အားနည္းခ်က္ေတြရွိေနတဲ႔ စပါးအသင္းက ဒီေန႔မွာေတာ့ အက္ေအဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ မၾကာေသးခင္ကမွ ပရီးမီးယားလိဂ္မွာ ဆုံေတြ႕ထားခဲ႔တဲ႔ ေဆာက္သမ္တန္အသင္းနဲ႔ ျပန္လည္ရင္ဆုိင္ခဲ႔ရၿပီး တစ္ဖက္၁ဂုိးစီ သေရပြဲအျဖစ္နဲ႔သာ အဆုံးသတ္သြားခဲ႔ရပါတယ္။

Photo Credit : Getty Images

အက္ေအဖလားပြဲဆုိေပမယ့္လည္း ပရီးမီးယားလိဂ္ အသင္းအခ်င္းခ်င္း ေတြ႕ဆုံရတဲ႔ပြဲျဖစ္တာေၾကာင့္ ႏွစ္ဖက္အသင္းလုံးက ထိပ္သီးကစားသမားေတြကုိ ထည့္သြင္းလာခဲ့ၿပီး စပါးဘက္မွာဆုိရင္လည္း ေမာ္ရာ ဆြန္ေဟာင္မင္ အလီ လုိဆယ္ဆုိ ဝင့္စ္ အယ္ဒါဝီရယ္ ဆန္းခ်က္ဇ္ တန္ဂါဂါ လုိရစ္ ေအာ္ရီယာတုိ႔အျပင္ ကစားသမားသစ္ ဖာနန္ဒက္စ္ကုိ ပထမဆုံးအႀကိမ္အျဖစ္ ပြဲထြက္ကစားသမားစာရင္းမွာ အသုံးျပဳလာခဲ႔ပါတယ္။ အိမ္ရွင္ေဆာက္သမ္တန္ကလည္း တစ္သင္းလုံးနီးပါး အဓိက ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ့ၿပီး ပထမပိုင္း ပြဲခ်ိန္အေစာပုိင္းေတြမွာ အခ်ိတ္အဆက္ေကာင္းေကာင္းနဲ႔ စပါးဘက္ကုိ ထုိးေဖာက္ႏုိင္ခဲ႔ပါတယ္။ စပါးကေတာ့ အခြင့္အေရးေကာင္းေတြ မ်ားမ်ားစားစား မဖန္တီႏုိင္ခဲ႔တဲ႔အျပင္ ၂၉မိနစ္မွာ ရရွိခဲ့တဲ႔ လုိဆယ္ဆုိရဲ႕ သြင္းဂုိးမွာလည္း လူကြ်ံေနတဲ႔ ဆြန္ေဟာင္မင္နဲ႔ထိၿပီးမွ ဂုိးဝင္ခဲ႔တာျဖစ္လုိ႔ ျပန္လည္ပယ္ဖ်က္ခံရသလုိ ၃၂မွာ ရရွိခဲ႔တဲ႔ ေမာ္ရာရဲ႕ကန္ခ်က္ကုိလည္း ေဆာက္သမ္တန္ဂုိးသမားက ကာကြယ္ႏုိင္ခဲ႔ပါတယ္။ ေဆာက္သမ္တန္ဘက္ကေနလည္း ဒင္နီအင့္စ္ရဲ႕ေခါင္းတုိက္ခ်က္ကုိ စပါးေနာက္ခံလူတန္ဂါဂါက ဂုိးစည္းေပၚးကေန အသည္းအသန္ျဖတ္ထုတ္ကာကြယ္ခဲ႔ရပါေသးတယ္။ ဒါေတြကလြဲရင္ေတာ့ ပြဲကသိပ္အႀကိတ္အနယ္ေတာ့ မရွိခဲ႔ရပါဘူး။

ဒုတိယပုိင္းမွာေတာ့ အိမ္ရွင္ေဆာက္သမ္တန္အသင္း ပုိမုိဖိအားေပးလာႏုိင္ခဲ႔ၿပီး ၅၂မိနစ္မွာလည္း ဦးေဆာင္ဂုိးရသြားႏုိင္ေလာက္ေအာင္ ထုိးေဖာက္ႏုိင္ခဲ႔ေပမယ့္ ကပ္လြဲသြားခဲ႔ရလုိ႔ အိမ္ရွင္တုိ႔ နစ္နာခဲ႔ရပါတယ္။ ၅၉မိနစ္အေရာက္မွာေတာ့ ကြင္းလယ္လူလုိဆယ္ဆုိရဲ႕ တစ္ကုိယ္ေတာ္ထုိးေဖာက္မႈကေနတစ္ဆင့္ ဆြန္ေဟာင္မင္က ဂုိးကန္သြင္းဖုိ႔ အခြင့္အေရးရလာခဲ႔ရာ အေကာင္းဆုံးအသုံးခ်ႏုိင္ခဲ႔လုိ႔ စပါးတုိ႔ ဦးေဆာင္ဂုိးပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။ ဒီဂုိးကုိလည္း VAR နဲ႔ ျပန္လည္စစ္ေဆးခဲ႔ေပမယ့္ သြင္းဂုိးအျဖစ္ပဲ သတ္မွတ္ေပးခဲ႔ပါတယ္။ ဂုိးေပးရၿပီးေနာက္မွာ အိမ္ရွင္္အသင္းက ေခ်ပဂုိးျပန္ရႏုိင္ေအာင္ ေတာက္ေလွ်ာက္တုိက္စစ္ဆင္ ကစားလာခဲ႔ၿပီး ပြဲၿပီးခါနီးေလးမွာပဲ လူစားဝင္ကစားသမား ဘူဖယ္လ္က ေဆာက္သမ္တန္အတြက္ အဖုိးတန္ေခ်ပဂုိးကုိ ျပန္လည္သြင္းယူေပးခဲ႔ပါတယ္။

The post စိန့်မေရီမှာ ဆောက်သမ်တန်အသင်းကို ထပ်ပြီးအနိုင်မယူနိုင်ခဲ့ပြန်တဲ့ စပါး appeared first on MySport Myanmar.