စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း နဲ့ တောင်ပံ ကစားသမား ဆွန်ဟောင်မင်တို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် တစ်ကြိမ်မှ မရှိခဲ့ဖူးတဲ့ စံချိန်သစ်ကို အတူတူ တင်နိုင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဆော်သမ်တန်အသင်းနဲ့ ကစားခဲ့စဉ်က ပထမပိုင်းမှာ ခွင့်ပြုခဲ့ရတဲ့ ဒန်နီအင့်စ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး (၄) ဂိုး နဲ့ ဟယ်ရီကိန်းရဲ့ သွင်းဂိုး (၁) ဂိုးကြောင့် ဂိုးပြတ် နိုင်ပွဲကို ပြန်ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး (၁) ဂိုးကို သွင်းယူနိုင်ခဲ့ရုံသာ မဟုတ်ဘဲ အသင်းဖော် တောင်ပံလူ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး (၄) ဂိုးစလုံးကို ဖန်တီးပေးခဲ့တာကြောင့် သွင်းဂိုး (၅) ဂိုးမှာ တိုက်ရိုက် ပါဝင်ပက်သက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး (၄) ဂိုးစလုံးကို ဖန်တီးပေးခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်မှာ ကစားသမားတစ်ဦးက အခြား ကစားမားတစ်ဦးရဲ့ သွင်းဂိုး (၄) ဂိုးစလုံးအတွက် ဂိုးဖန်တီးမှု (၄) ကြိမ်စလုံးကို ပြုလုပ်နိုင်တဲ့ စံချိန်သစ်ကို တင်သွားခဲ့ကြပါတယ်။

Photo Credit: Goal

စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် ပွဲစဉ် (၁) ပွဲမှာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်နိုင်တဲ့ ပထမဆုံး အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပြီး (၂၀၁၈) ခုနှစ် နောက်ပိုင်း သွင်းဂိုး (၅) ဂိုးမှာ တိုက်ရိုက် ပါဝင်ပက်သက်နိုင်တဲ့ ပထမဆုံး ကစားသမာ ဖြစ်ခဲ့ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁) မှာတော့ အဲဗာတန်အသင်းကို (၁-ဝ) ရလဒ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ယနေ့ည၊ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) မှာတော့ ဆောက်သမ်တန်အသင်းကို ဂိုးပြတ် (၅-၂) ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

The post ဆောက်သမ်တန်ကို (၅-၂) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် တစ်ကြိမ်မှ မရှိခဲ့တဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့ကြတဲ့ ဆွန် နဲ့ ကိန်း appeared first on MySport Myanmar.