မန္ယူအသင္းဟာ စပုိ႔တင္း လစၥဘြန္း ကြင္းလယ္ တုိက္စစ္မွဴး ဘရူႏုိ ဖာနန္ဒက္စ္ကုိ ေခၚယူဖုိ႔ နီးစပ္ေနၿပီလုိ႔ သတင္း ထြက္ခဲ့ေပမဲ့ နည္းျပ ဆုိးလ္ရွားက သတင္းသစ္ မရွိဘူးလုိ႔ ေျပာပါတယ္။ အေျပာင္းအေရြ႕ သတင္းေတြအရ၊ မန္ယူအသင္းဟာ ေပၚတူဂီ လူမ်ဳိး ဖာနန္ဒက္စ္ကုိ ေပါင္ သန္း (၆၀) ေလာက္ ေပးေခ် ေခၚယူခ်င္ေနၿပီး၊ ရုိဂ်ဳိကုိ အလုိက္ေပးသြားဖြယ္ ရွိတယ္လုိ႔ ေဖာ္ျပပါတယ္။

Photo Credit: Sportskeeda

မန္ယူအသင္းဟာ ဖာနန္ဒက္စ္ကုိ ေခၚယူဖုိ႔ ေစ်းေတာင္ သတ္မွတ္ၿပီးသြားခဲ့ၿပီးလုိ႔ သတင္းေတြ ထြက္ေနခဲ့ေပမဲ့ မန္ယူ နည္းျပ ဆုိးလ္ရွားကေတာ့ သတင္းသစ္ မရွိဘူးလုိ႔ ျငင္းပယ္ခဲ့ပါတယ္။ နည္းျပ ဆုိးလ္ရွားဟာ အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပဲြမွာ ဖာနန္ဒက္စ္ကုိ ေခၚယူဖုိ႔ ႀကိဳးစားေနၾကတာနဲ႔ ပက္သက္ၿပီး သတင္းသစ္ ေျပာျပေပးႏုိင္မလားလုိ႔ အေမးခံခဲ့ရပါတယ္။

Photo Credit: Sportskeeda

နည္းျပ ဆုိးလ္ရွားဟာ ဖာနန္ဒက္စ္ကို ေခၚယူဖုိ႔ ႀကိဳးစားေနၾကတာနဲ႔ ပက္သက္လုိ႔ သတင္းသစ္ ရွိသလားလုိ႔ အေမးခံရတဲ့ အခ်ိန္မွာ နည္းျပ ဆုိးလ္ရွားက “ကြ်န္ေတာ္ အေျပာင္းအေရြ႕ သတင္း အသစ္ လုံးဝ မရထားပါဘူး။ တကယ္လုိ႔ ကြ်န္ေတာ္တုိ႔ တစ္ခုခု ရထားၿပီး ေျပာျပလုိ႔ ရရင္ေတာ့ ေျပာျပသြားမွာပါ။ ဒါေပမဲ့ အခုေတာ့ ကြ်န္ေတာ္ ဘာသတင္းသစ္မွ မရပါဘူး”လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Sportskeeda

မန္ယူအသင္းဟာ ဖာနန္ဒက္စ္ကုိ ေခၚယူဖုိ႔ ႀကိဳးစားေနတဲ့ အခ်ိန္မွာ အက္ရွေလ ယန္းက မန္ယူ အသင္းကေန ထြက္သြားဖုိ႔ ျပင္ဆင္ေနလ်က္ ရွိတယ္လုိ႔ သတင္းေတြ ထြက္ေပၚ လာခဲ့ပါတယ္။ မန္ယူအသင္းဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၂) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ ရမွတ္ (၃၄) မွတ္ ရရွိထားၿပီး အဆင့္ (၄) ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ (၅) မွတ္အကြာမွာ ရွိေနပါတယ္။

{Unicode}

မန်ယူအသင်းဟာ စပို့တင်း လစ္စဘွန်း ကွင်းလယ် တိုက်စစ်မှူး ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သတင်း ထွက်ခဲ့ပေမဲ့ နည်းပြ ဆိုးလ်ရှားက သတင်းသစ် မရှိဘူးလို့ ပြောပါတယ်။ အပြောင်းအရွေ့ သတင်းတွေအရ၊ မန်ယူအသင်းဟာ ပေါ်တူဂီ လူမျိုး ဖာနန်ဒက်စ်ကို ပေါင် သန်း (၆၀) လောက် ပေးချေ ခေါ်ယူချင်နေပြီး၊ ရိုဂျိုကို အလိုက်ပေးသွားဖွယ် ရှိတယ်လို့ ဖော်ပြပါတယ်။

Photo Credit: Sportskeeda

မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဈေးတောင် သတ်မှတ်ပြီးသွားခဲ့ပြီးလို့ သတင်းတွေ ထွက်နေခဲ့ပေမဲ့ မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ သတင်းသစ် မရှိဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေကြတာနဲ့ ပက်သက်ပြီး သတင်းသစ် ပြောပြပေးနိုင်မလားလို့ အမေးခံခဲ့ရပါတယ်။

Photo Credit: Sportskeeda

နည်းပြ ဆိုးလ်ရှားဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေကြတာနဲ့ ပက်သက်လို့ သတင်းသစ် ရှိသလားလို့ အမေးခံရတဲ့ အချိန်မှာ နည်းပြ ဆိုးလ်ရှားက “ကျွန်တော် အပြောင်းအရွေ့ သတင်း အသစ် လုံးဝ မရထားပါဘူး။ တကယ်လို့ ကျွန်တော်တို့ တစ်ခုခု ရထားပြီး ပြောပြလို့ ရရင်တော့ ပြောပြသွားမှာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ဘာသတင်းသစ်မှ မရပါဘူး”လို့ ပြောခဲ့ပါတယ်။

Photo Credit: Sportskeeda

မန်ယူအသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အချိန်မှာ အက်ရှလေ ယန်းက မန်ယူ အသင်းကနေ ထွက်သွားဖို့ ပြင်ဆင်နေလျက် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၃၄) မှတ် ရရှိထားပြီး အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ (၅) မှတ်အကွာမှာ ရှိနေပါတယ်။

The post ဖာနန္ဒက္စ္နဲ႔ ပက္သက္ၿပီး ဘာသတင္းသစ္မွ မရွိေသးပါဘူးလုိ႔ ဆုိးလ္ရွား ဝန္ခံ appeared first on MySport Myanmar.