မန်ယူ ကွင်းလယ် ကစားသမား မာတာကတော့ မန်ယူ နည်းပြ ဆိုးလ်ရှားမှာ မန်ယူသွေး ရှိတဲ့ အတွက်ကြောင့် နည်းပြ ဆိုးလ်ရှား မန်ယူအသင်းကို ရောက်လာတဲ့ အချိန်မှာ အရာအားလုံးက အဆင်ပြေသွားခဲ့တာ ဖြစ်တယ်လို့ မန်ယူအသင်းရဲ့ Official Podcast မှာ ပြောသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ (၂၀၁၈) ခုနှစ်မှာ နည်းပြ မော်ရင်ဟို မန်ယူ နည်းပြအဖြစ်က ထုတ်ပယ်ခံရတဲ့ အချိန်မှာ မန်ယူအသင်းကို မန်ယူ နည်းပြသစ်အဖြစ် ရောက်ရှိလာခဲ့ပြီး မန်ယူအသင်းနဲ့ အတူ အစပိုင်းမှာ ရလဒ် ကောင်းခဲ့တာကြောင့် မန်ယူအသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကို ယာယီ နည်းပြအဖြစ် ရောက်ရှိလာခဲ့ပေမဲ့ ပထမဆုံး နည်းပြခဲ့တဲ့ ပွဲစဉ် (၁၇) ပွဲမှာ နိုင်ပွဲ (၁၅) ပွဲ ရရှိခဲ့တာကြောင့် မန်ယူအသင်းနဲ့ (၃) နှစ်ခန့်ကြာ စာချုပ်ကို အပြီးသတ် ချုပ်ဆိုခဲ့ပြီး မန်ယူအသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ကစားသမားသစ်တွေ အားဖြည့်ခဲ့ပြီး ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့တာက အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့တာကြောင့် မာတာက နည်းပြ ဆိုးလ်ရှားကို ချီးကျူးပစ်လိုက်ပါတယ်။

Photo Credit: Goal

မာတာက “ကျွန်တော် ဆိုးလ်ရှားရဲ့ ကစားသမားဘဝက အကြောင်းကို အများကြီး ကြားခဲ့တယ်။ သူ့ရဲ့ သွင်းဂိုးအကြောင်းတွေ ကြားခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းကစားမားတွေက အသင်းနဲ့ အစည်းအဝေး ထိုင်ကြတဲ့ အချိန်မှာ ဆိုးလ်ရှား ရောက်လာနိုင်ချေရှိပါတယ်။ သူ ရာသီကုန်အထိ မန်ယူအသင်းကို နည်းပြသွားမယ်။ သူ နော်ဝေးနိုင်ငံက မိုလ်ဒီအသင်းက လာမှာ ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ သူ ရောက်လာတဲ့ အခါမှာ ကောင်းတာတွေကို မြင်ခဲ့ရတယ်။ မန်ယူသွေးကို မြင်ခဲ့ရပါတယ်။ သူက လူတိုင်းကို သိတယ်။ သူက မန်ယူ အမာခံ ပရိသတ်လိုပဲ ခံစားနေခဲ့တယ်။ သူ ပျော်ခဲ့တယ်။ ပြုံးနေခဲ့တယ်။ အားအင်တွေ ပြည့်နေခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သူနဲ့ ဆက်နေပြီး အရာအားလုံး အဆင်ပြေခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

The post ဆိုးလ်ရှားမှာ မန်ယူသွေး ရှိပြီး အရာရာ အဆင်ပြေခဲ့တယ်လို့ မာတာ ပြော appeared first on MySport Myanmar.