ဘာစီလုိနာ နည္းျပသစ္ ဆက္တီယန္ကေတာ့ သတင္းစာ ရွင္းလင္းပဲြမွာ ဘာစီလုိနာအသင္းဟာ ေကာင္းမြန္စြာ ကစားသြားလိမ့္မယ္လုိ႔ အသင္း ပရိသတ္ေတြကုိ ကတိေပးသြားတာ ျဖစ္ပါတယ္။ ဘာစီလုိနာအသင္းဟာ ကုိပါစူပါ ဖလား ၿပိဳင္ပဲြကေန ထြက္ခဲ့ရတာေၾကာင့္မုိ႔ နည္းျပ ဗယ္ဗာဒီကုိ ထုတ္ပယ္ၿပီး ရီးရဲလ္ ဘက္တစ္ နည္းျပေဟာင္း ဆက္တီယန္ကုိ ရာသီကုန္အထိ ခန္႔ခဲ့ပါတယ္။

Photo Credit: Marca

နည္းျပ ဆက္တီယန္ဟာ ရီးရဲလ္ဘက္တစ္အသင္းကုိ နည္းျပခဲ့စဥ္က စာခ်ဳပ္မျပည့္ခင္ အထုတ္ ခံခဲ့ရၿပီး ရီးရဲလ္ ဘက္တစ္အသင္းနဲ႔ ဆုဖလား ေအာင္ျမင္မႈ တစ္ခုေတာင္ မရခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ သူက လက္ရွိ လာလီဂါ ျပိဳင္ပဲြမွာ အဆင့္ (၁) က ဦးေဆာင္ေနတဲ့ ဘာစီလုိနာ အသင္းဟာ ေကာင္းမြန္ ကစားသြားလိမ့္မယ္လုိ႔ အာမခံပါတယ္လုိ႔ အခုိင္အမာ ေျပာသြားခဲ့ပါတယ္။

Photo Credit: Marca

ဘာစီလုိနာ နည္းျပသစ္ ဆက္တီယန္က “ဒီေန႔က ကြ်န္ေတာ့္အတြက္ အထူးေန႔ ျဖစ္ၿပီး ကြ်န္ေတာ္ အလြန္ ေပ်ာ္ရႊင္ရပါတယ္။ ဘာစီလုိနာအသင္းက ကြ်န္ေတာ့္ကုိ ဖုန္းေခၚတဲ့ အခါမွာ ကြ်န္ေတ္ာ အံ့ၾသသြားခဲ့ပါတယ္။ ကြ်န္ေတာ့္မွာ ရွိတာဆုိလုိ ကြ်န္ေတာ္ ခ်စ္တဲ့ အေတြးအေခၚပါ။ ကြ်န္ေတာ္ အာမခံခ်က္ ေပးႏုိင္တာကေတာ့ အသင္း ေကာင္းမြန္ ကစားသြားပါလိမ့္မယ္”လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Marca

ဘာစီလုိနာအသင္းဟာ ကုိပါစူပါ ဖလား ဆီးမီးဖုိင္နယ္ကေန ထြက္သြားခဲ့ၿပီး ကုိပါစူပါ ဖလားကုိ အခါသီးဆုံး လာလီဂါ ျပိဳင္ဘက္ ရီးရဲလ္အသင္းက (၁၁) ႀကိမ္ေျမာက္ ရရွိႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ဘာစီလုိနာအသင္းဟာ လာလီဂါ ျပိဳင္ပဲြမွာ ရီးရဲလ္အသင္းနဲ႔ ရမွတ္ (၅၀) တူ၊ ဂုိးကြာျခားခ်က္နဲ႔ အဆင့္ (၁) ေနရာက ဦးေဆာင္ေနၿပီး နည္းျပ ဆက္တီယန္ ခရီးဘယ္ေလာက္ ေပါက္သြားမလဲ။

{Unicode}

ဘာစီလိုနာ နည်းပြသစ် ဆက်တီယန်ကတော့ သတင်းစာ ရှင်းလင်းပွဲမှာ ဘာစီလိုနာအသင်းဟာ ကောင်းမွန်စွာ ကစားသွားလိမ့်မယ်လို့ အသင်း ပရိသတ်တွေကို ကတိပေးသွားတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုပါစူပါ ဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့်မို့ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ပြီး ရီးရဲလ် ဘက်တစ် နည်းပြဟောင်း ဆက်တီယန်ကို ရာသီကုန်အထိ ခန့်ခဲ့ပါတယ်။

Photo Credit: Marca

နည်းပြ ဆက်တီယန်ဟာ ရီးရဲလ်ဘက်တစ်အသင်းကို နည်းပြခဲ့စဉ်က စာချုပ်မပြည့်ခင် အထုတ် ခံခဲ့ရပြီး ရီးရဲလ် ဘက်တစ်အသင်းနဲ့ ဆုဖလား အောင်မြင်မှု တစ်ခုတောင် မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက လက်ရှိ လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) က ဦးဆောင်နေတဲ့ ဘာစီလိုနာ အသင်းဟာ ကောင်းမွန် ကစားသွားလိမ့်မယ်လို့ အာမခံပါတယ်လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာ နည်းပြသစ် ဆက်တီယန်က “ဒီနေ့က ကျွန်တော့်အတွက် အထူးနေ့ ဖြစ်ပြီး ကျွန်တော် အလွန် ပျော်ရွှင်ရပါတယ်။ ဘာစီလိုနာအသင်းက ကျွန်တော့်ကို ဖုန်းခေါ်တဲ့ အခါမှာ ကျွန်တေ်ာ အံ့သြသွားခဲ့ပါတယ်။ ကျွန်တော့်မှာ ရှိတာဆိုလို ကျွန်တော် ချစ်တဲ့ အတွေးအခေါ်ပါ။ ကျွန်တော် အာမခံချက် ပေးနိုင်တာကတော့ အသင်း ကောင်းမွန် ကစားသွားပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ ကိုပါစူပါ ဖလား ဆီးမီးဖိုင်နယ်ကနေ ထွက်သွားခဲ့ပြီး ကိုပါစူပါ ဖလားကို အခါသီးဆုံး လာလီဂါ ပြိုင်ဘက် ရီးရဲလ်အသင်းက (၁၁) ကြိမ်မြောက် ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ ပြိုင်ပွဲမှာ ရီးရဲလ်အသင်းနဲ့ ရမှတ် (၅၀) တူ၊ ဂိုးကွာခြားချက်နဲ့ အဆင့် (၁) နေရာက ဦးဆောင်နေပြီး နည်းပြ ဆက်တီယန် ခရီးဘယ်လောက် ပေါက်သွားမလဲ။

The post ဘာစီလုိနာ ေကာင္းစြာ ကစားသြားမယ္လုိ႔ အာမခံတယ္လုိ႔ ကတိေပးလုိက္တဲ့ ဆက္တီယန္ appeared first on MySport Myanmar.