

 




ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မမြင် ဖြစ်ခဲ့ရတဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်အသင်းကို ဝယ်ယူဖို့အတွက် ကြိုးပမ်းလာတယ်လို့ သိရပါတယ်။

Photo Credit: Standard.com

တစ်ချိန်တုန်းက အလန်ရှီးယားရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ဟာ တောက်ပခဲ့ဖူးပေမယ့် လက်ရှိရာသီမှာတော့ တန်းမဆင်းရဖို့ ရုန်းကန်နေရပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆော်ဒီ အိမ်ရှေ့စံမင်းသားဟာ နယူးကာဆယ်အသင်း ကို ဝယ်ယူကာ ငွေကြေးအင်အားဖြည့်တင်းမှုတွေနဲ့ တစ်ချိန်ကလို အောင်မြင်မှုတွေ ရရှိလာအောင် ပြုလုပ်ပေးဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Standard.com

အင်္ဂလန်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက် အရ ဆော်ဒီအိမ်ရှေ့စံမင်းသား ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဟာ နယူးကာဆယ်အသင်းကို ပေါင် ၃၄၀သန်းနဲ့ ဝယ်ယူဖို့အတွက် ကမ်းလှမ်းထားကြောင်းနဲ့ နယူးကာဆယ်အသင်းပိုင်ရှင်ဖြစ်သူ အက်ရှလေဘက်ကလည်း အသင်းကို ဆော်ဒီ အိမ်ရှေ့စံမင်းသားထံ ရောင်းချဖို့ စိတ်ဝင်စားနေတာကြောင့် အရောင်းအဝယ်ဟာ မကြာခင်မှာပဲ ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

The post ယူနိုက်တက်ကို မရတာကြောင့် နယူးကာဆယ် ကို ဝယ်ယူတော့မယ့် ဆော်ဒီအိမ်ရှေ့စံ appeared first on MySport Myanmar.