Samsung နောက်ထုတ်မယ့် Galaxy Watch3 ရဲ့ သတင်းနဲ့ဓါတ်ပုံများစွာ ထွက်ပေါ်ခဲ့ဖူးပေမယ့် ရှုထောင့်မျိုးစုံက ရိုက်ထားတဲ့ ဗီဒီယိုကတော့ အခုမှ ထွက်လာတာပါ။ evleaks က အနက်ရောင် 45mm Model ရဲ့  ၃၆၀ ဒီဂရီ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ Leakster ၁ ယောက်ဖြစ်တဲ့ Max Weinbach ကလည်း စမတ်နာရီရဲ့ Firmware ကို ရရှိခဲ့ပြီး လုပ်ဆောင်ချက် တချို့ကို ဖွလိုက်ပါတယ်။

Samsung က စတိုးမှာ Watch Face အသစ်များစွာ တင်ပေးထားပြီး သင့်စိတ်ကြိုက် Stats တွေကို ပြသပေးသလို အရောင်ကိုပါ ပြောင်းနိုင်တဲ့ Informative Digital Edge အသစ်လည်း ပါပါတယ်။ Weather App က ရာသီဥတု အခြေအနေ အလိုက် သင့်တော်တဲ့ နောက်ခံကို ပြောင်းပေးပါတယ်။ Calendar မှာလည်း အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်းကို ပြသပေးနိုင်လာသလို သင်လုပ်ရမယ့် အလုပ်တွေကိုလည်း မြင်ရပါတယ်။

Galaxy Watch3 မှာ Music Widget အသစ်နဲ့ Notification Icons အသစ်တွေ ပါလာမှာပါ။ အမေရိကန်မှာတော့ Spotify ကို ကြိုတင်ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Samsung ဟာ တောင်ကိုရီးယားမှာ ECG Monitor အတွက် လိုင်စင် ရထားတဲ့အတွက် ECG Monitor ကိုတော့ အဲဒီ နိုင်ငံမှာပဲ အသုံးပြုနိုင်မှာပါ။

Ref : gsmarena

The post Samsung Galaxy Watch3 45mm ကို ရှုထောင့်မျိုးစုံက ရိုက်ထားတဲ့ ဗီဒီယို ထွက်ပေါ်လာ appeared first on MyTech Myanmar.