Samsung ဟာ အခုနောက်ပိုင်းမှာ Flagship Series ဖုန်းတွေကို ယခင် S10 မတိုင်ခင်တုန်းက 15W Charging ကိုပဲ Support ပေးရာကနေ တဖြည်းဖြည်း 25W ကနေ 45W Fast Charging တွေအထိ တိုးမြှင့်ပေးလာတာဖြစ်ပါတယ်။


အခု Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Galaxy S20 Series ဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ စျေးအကြီးဆုံးလို့ပြောရမယ့် Galaxy S20 Ultra ဖုန်းဆိုရင်လည်း 45W Fast Charging ကို Support ပေးနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Optional ဖြစ်တဲ့အတွက် 45W Charger ကိုတော့ သီးသန့်ဝယ်ယူရမှာပါ။

ဒီ 45W Charger ကိုအသုံးပြုပြီး ကြီးမားတဲ့ 5000mAh Battery ပါဝင်တဲ့ Samsung Galaxy S20 Ultra ကို အားသွင်းကြည့်တဲ့အချိန်မှာ အချိန် ၁ နာရီတောင်မကြာဘဲ ၅၈ မိနစ်ထဲနဲ့ 0% ကနေ 100% ကို အားအပြည့်သွင်းနိုင်တာကိုတွေ့ရပါတယ်။ ဒါက ပြီးခဲ့တဲ့ 4300mAh Battery ပါဝင်တဲ့ Galaxy Note 10+ ကို 45W Charger နဲ့ အားသွင်းချိန်နဲ့ယှဥ်ရင် အတူတူနီးပါးဖြစ်နေတဲ့အတွက် 45W Fast Charging တူညီပေမယ့်လည်း S20 Ultra မှာပိုပြီး မြန်ဆန်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက်ဖြစ်နိုင်တာက Galaxy S20 Ultra ဟာ Battery Percentage အမြင့်ပိုင်းရောက်ရှိသွားပေမယ့်လည်း အားသွင်းနှုန်းကို လျော့ချသွားခြင်းမရှိဘဲ ဆက်လက်ထိန်းထားတာကြောင့် ဒီလိုမျိုး ၅၈ မိနစ်နဲ့ အားအပြည့်သွင်းနိုင်တာဖြစ်ဖို့များပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy S20 Ultra လိုမျိုး Samsung ရဲ့ Flagship ဖုန်းတွေထဲမှာ Battery အကောင်းဆုံးဖုန်းက အားသွင်းချိန်မှာလည်း မတရားမြန်ဆန်နေမှာပါ။

Ref – GSM Arena

The post 5000mAh Battery သုံးထားပေမယ့် အားအပြည့်သွင်းဖို့ ၅၈ မိနစ်ပဲကြာတဲ့ Samsung Galaxy S20 Ultra appeared first on MyTech Myanmar.