စပါး ေနာက္ခံလူ ဒန္နီ ရို႕စ္က လက္ရွိ စပါး နည္းျပ ေမာ္ရင္ဟုိဟာ ဘယ္အသင္းကုိပဲ ကုိင္ကုိင္ ဆုဖလား ရယူႏုိင္ၿပီး အက္ဖ္ေအ ဆုဖလားကုိ ရရွိႏုိင္ဖုိ႔ ခ်ိန္ရြယ္ေနတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ နည္းျပ ေမာ္ရင္ဟုိရဲ႕ စပါးအသင္းဟာ ယေန႔ည (၂း၃၅) အခ်ိန္မွာေတာ့ မစ္ဒယ္ဘေရာ့အသင္း နဲ႔ အက္ဖ္ေအ ဖလား ပဲြစဥ္ ကစားရမွာ ျဖစ္ျပီး ႏုိင္ပဲြ ေဖာ္ေဆာင္ႏုိင္ဖုိ႔ အလြန္ အေရးႀကီးပါတယ္။

Photo Credit: Goal

စပါးအသင္းဟာ ပရီးမီးယားလိဂ္မွာ ထိပ္သီးအဆင့္ (၄) ေနရာအတြင္း ဝင္ႏုိင္ဖုိ႔ ခက္ခဲေနၿပီ ျဖစ္ၿပီး ရာသီကုန္မွာ လက္ဗလာနဲ႔ အဆုံးမသတ္ဖုိ႔ အက္ဖ္ေအ ဖလားကုိ ခ်ိန္ရြယ္လာၿပီပဲ ျဖစ္ပါတယ္။ စပါးအသင္းဟာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၂) ပဲြ ကစားၿပီးသြားတဲ့ အခ်ိန္မွာ ရမွတ္ (၃၀) ရရွိခဲ့ၿပီး အဆင့္ (၈) ေနရာမွာ ရပ္တည္ေနတာေၾကာင့္ ထိပ္သီး (၄) ေနရာဝင္ဖုိ႔ ခက္ခဲေနၿပီ ျဖစ္ပါတယ္။

Photo Credit: Goal

စပါး ေနာက္ခံလူ ဒန္နီ ရုိ႕စ္ဟာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၂) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ သြင္းဂိုး နဲ႔ ဂုိးဖန္တီးမႈ တစ္ခုမွ မရွိထားသလုိ အဝါကဒ္ (၅) ကဒ္အထိေတာင္ ထိထားၿပီးသား ျဖစ္ပါတယ္။ ဒါေပမဲ့ ေနာက္ခံလူ ဒန္နီ ရုိ႕စ္က လက္ရွိ စပါး နည္းျပ ေမာ္ရင္ဟုိဟာ ဘယ္အသင္းကုိ ကုိင္ကုိင္ ဆုဖလား ရယူႏုိင္တာေၾကာင့္ စပါးအသင္းအတြက္ ရယူေပးႏုိင္လိမ့္မယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Goal

ေနာက္ခံလူ ဒန္နီ ရုိ႕စ္က “ေမာ္ရင္ဟုိက ေအာင္ႏုိင္သူပါ။ သူ ဘယ္အသင္း ကုိင္ကုိင္ ဆုဖလား ရယူႏုိင္ပါတယ္။ ဒါက သူ႔ရဲ႕ အခ်က္အလက္ပါပဲ။ အက္ဖ္ေအဖလားက သူ ခ်ိန္ရြယ္ေနတာပါပဲ။ အခု အဆင့္ (၄) အတြင္း ဝင္ဖုိ႔ ပုိမုိခက္ခဲသြားပါၿပီ။ ဒါေပမဲ့ ေမာ္ရင္ဟုိ အသင္းကုိ စေရာက္လာခ်ိန္မွာ ခ်ဲလ္ဆီးနဲ႔ (၁၂) မွတ္ ကြာခဲ့ၿပီး အခု (၃) မွတ္ ေလွ်ာ့သြားပါၿပီ”လုိ႔ ေျပာဆုိသြားခဲ့ပါတယ္။

{Unicode}

စပါး နောက်ခံလူ ဒန်နီ ရို့စ်က လက်ရှိ စပါး နည်းပြ မော်ရင်ဟိုဟာ ဘယ်အသင်းကိုပဲ ကိုင်ကိုင် ဆုဖလား ရယူနိုင်ပြီး အက်ဖ်အေ ဆုဖလားကို ရရှိနိုင်ဖို့ ချိန်ရွယ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ယနေ့ည (၂း၃၅) အချိန်မှာတော့ မစ်ဒယ်ဘရော့အသင်း နဲ့ အက်ဖ်အေ ဖလား ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နိုင်ပွဲ ဖော်ဆောင်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။

Photo Credit: Goal

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်သီးအဆင့် (၄) နေရာအတွင်း ဝင်နိုင်ဖို့ ခက်ခဲနေပြီ ဖြစ်ပြီး ရာသီကုန်မှာ လက်ဗလာနဲ့ အဆုံးမသတ်ဖို့ အက်ဖ်အေ ဖလားကို ချိန်ရွယ်လာပြီပဲ ဖြစ်ပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားပြီးသွားတဲ့ အချိန်မှာ ရမှတ် (၃၀) ရရှိခဲ့ပြီး အဆင့် (၈) နေရာမှာ ရပ်တည်နေတာကြောင့် ထိပ်သီး (၄) နေရာဝင်ဖို့ ခက်ခဲနေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

စပါး နောက်ခံလူ ဒန်နီ ရို့စ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှု တစ်ခုမှ မရှိထားသလို အဝါကဒ် (၅) ကဒ်အထိတောင် ထိထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ခံလူ ဒန်နီ ရို့စ်က လက်ရှိ စပါး နည်းပြ မော်ရင်ဟိုဟာ ဘယ်အသင်းကို ကိုင်ကိုင် ဆုဖလား ရယူနိုင်တာကြောင့် စပါးအသင်းအတွက် ရယူပေးနိုင်လိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နောက်ခံလူ ဒန်နီ ရို့စ်က “မော်ရင်ဟိုက အောင်နိုင်သူပါ။ သူ ဘယ်အသင်း ကိုင်ကိုင် ဆုဖလား ရယူနိုင်ပါတယ်။ ဒါက သူ့ရဲ့ အချက်အလက်ပါပဲ။ အက်ဖ်အေဖလားက သူ ချိန်ရွယ်နေတာပါပဲ။ အခု အဆင့် (၄) အတွင်း ဝင်ဖို့ ပိုမိုခက်ခဲသွားပါပြီ။ ဒါပေမဲ့ မော်ရင်ဟို အသင်းကို စရောက်လာချိန်မှာ ချဲလ်ဆီးနဲ့ (၁၂) မှတ် ကွာခဲ့ပြီး အခု (၃) မှတ် လျှော့သွားပါပြီ”လို့ ပြောဆိုသွားခဲ့ပါတယ်။

The post ေမာ္ရင္ဟုိက အက္ဖ္ေအ ဖလားကုိ ခ်ိန္ရြယ္ေနတယ္လုိ႔ ေျပာလုိက္တဲ့ ဒန္နီ ရုိ႕စ္ appeared first on MySport Myanmar.