ဂျုဗင်တပ်စ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီရဲ့ အီတလီစီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် ဒီနေ့ညမှာပဲ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် သူတို့အသင်းက စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့သလို လာမယ့်တစ်ပတ်မှာလည်း လိုင်ယွန်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်ကိုပါ ဆက်လက်ကစားရဦးမှာဖြစ်လို့ ရိုးမားနဲ့ပွဲမှာ ရော်နယ်ဒိုအပါအဝင် အသင်းရဲ့အမာခံကစားသမားတွေများစွာကို အနားပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်နည်းပြဆာရီဟာ ကာဂလီယာရီကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်(၃၇)အပြီးမှာ အသင်းအနေနဲ့ ရာသီအပိတ်ပွဲမှာ အဓိက ကစားသမားတချို့ကို အနားပေးသွားပြီး ယူ-၂၃အသင်းက လူငယ်ကစားသမားလေးတွေ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လက်ရှိ အီတလီစီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆု ဥရောပဝင်ခွင့်တွေက အဖြေပေါ်ထားခဲ့ပြီးပြီဖြစ်ပြီး တန်းဆင်းဇုန်က နေရာတစ်နေရာအတွက်ပဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ချန်ပီယံလိဂ်ကစားရဖို့ ရှိနေသေးတဲ့ ဂျုဗင်တပ်စ်ရော ယူရိုပါလိဂ်မှာ ဆီဗီလာနဲ့ ကစားရဖို့ရှိနေတဲ့ ရိုးမားအသင်းပါ ကစားသမားအင်အားကို ချွေတာလာနိုင်ပါတယ်။

Photo Credit : Getty Image

ဒါကြောင့် ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့ စီးရီးအေနောက်ဆုံးပွဲကို လွဲချော်ရတော့မှာဖြစ်တဲ့အတွက် ဂိုးသွင်းဘုရင်ဆုအတွက် သူနဲ့အပြိုင်အဆိုင်ဖြစ်နေတဲ့ လာဇီယိုတိုက်စစ်ကစားသမား အင်မိုဘီလီကို လိုက်မှီနိုင်ဖို့က ရာခိုင်နှုန်းတအားနည်းသွားခဲ့ပြီဖြစ်ပါတယ်။ တိုက်စစ်မှူးအင်မိုဘီလီက လက်ရှိမှာ စီးရီးအေသွင်းဂိုး(၃၅)ဂိုးအထိ ရယူထားနိုင်ခဲ့ပြီး ရော်နယ်ဒိုထက် သွင်းဂိုး(၄)ဂိုး အသာရနေသလို ဥရောပရွှေဖိနပ်ဆုအတွက်လည်း ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကိုပါ ကျော်ဖြတ်သွားနိုင်ခဲ့တဲ့အတွက် ဂိုးသွင်းဘုရင်ဆု(၂)ခုလုံးအတွက် အင်မိုဘီလီဆီမှာ Chance က ပိုများသွားခဲ့ရပါတယ်။ ရော်နယ်ဒိုအနေနဲ့ကလည်း ကိုဗစ်အလွန် စီးရီးအေပွဲတွေ ပြန်လည်စတင်ချိန်မှာ ဂျုဗင်တပ်စ်အသင်းအတွက် တောက်လျှောက်ပါဝင်ထားခဲ့ပြီး အသင်းက ချန်ပီယံဆု ရခဲ့ချိန်မှာတောင် ဂိုးသွင်းဘုရင်ဆုအတွက်က အပြိုင်အဆိုင်ဖြစ်နေသေးတဲ့အတွက် အနားမယူပဲ ဆက်တိုက်ကစားထားခဲ့ရလို့ နည်းပြဆာရီက သူ့ကို နောက်ဆုံးပွဲမှာ အနားပေးလာဖို့ စီစဉ်လာခဲ့ကာ ချန်ပီယံလိဂ်ပွဲမှာတော့ ရမ်ဆေးနဲ့ ဒဏ်ရာကနေ သက်သာလာတော့မယ့် ဒီဘားလားတို့လည်း ပြန်လည်ပါဝင်နိုင်တယ်လို့ ဆာရီက ပြောဆိုလာခဲ့ပါတယ်။

The post ရိုးမားနဲ့ ကစားရမယ့် စီးရီးအေ ရာသီအပိတ်ပွဲစဉ်ကို ပါဝင်ရဖွယ် မရှိနိုင်တဲ့ ရော်နယ်ဒို appeared first on MySport Myanmar.