အရှေ့တောင်အာရှသည် တသီးတသန့်နေထိုင်ခြင်းနှင့် Lockdown ကာလနေ့ရက်များအပြီး ပြန်လည် ထူထောင်ရေးနှင့် လုပ်ငန်းပြန်လည်စတင်နိုင်ရန် ပြင်ဆင်နေချိန်တွင် ကုန်အမှတ်တံဆိပ်များနှင့် စီးပွားရေးဦးဆောင်သူများ အနေဖြင့် ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေသော ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသော အဆင်မပြေမှုများဆီမှ မည်ကဲသို့ ရုန်းထွက် လာမည်ကို ဆုံးဖြတ်ကြရမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးအတွက် အင်အားအပြည့်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။

အရှေ့တောင်အာရှ ဈေးကွက်တွင် PR၊ ဆိုရှယ်၊ ဒီဂျစ်တယ်နှင့် ဈေးကွက်မြှင့်တင်ရေးဝန်ဆောင်မှုများကို ပေးအပ်နေသည့် အရှေ့တောင်အာရှ ဈေးကွက်တွင် ဦးဆောင်နေသော အတွေ့အကြုံရှိ ဆန်းသစ်တီထွင်သည့် အေဂျင်စီတစ်ခုဖြစ်သည့် Vero သည် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ကူးအကြံဉာဏ်များ ရရှိနိုင်စေရန်သာမက မိမိကိုယ်တိုင်အတွက် မေးခွန်းထုတ်ရန် ကြိုးစားရာတွင် မှန်ကန်သော အကူအညီများပေးနိုင်ရေးနှင့် ၎င်းတို့၏ ပြန်လည်ထူထောင်ရေး စီမံကိန်းမူ‌ဘောင်များ တည်ဆောက်ရာတွင် အထောက်အကူပေးနိုင်ရန်အတွက် လုပ်ငန်းပြန်လည်တည်ဆောက်ရေး လက်စွဲစာအုပ်ကို အခမဲ့ အသုံးပြုနိုင်ရန် ရည်ရွယ်ပြုစု ခဲ့သည်။

လုပ်ငန်းပြန်လည်တည်ဆောက်ရေး လက်စွဲစာအုပ် Playbook ကို ဤနေရာတွင် အခမဲ့ download ရယူနိုင်သည်။

https://vero-asean.com/brand-recovery-playbook/

“လေ့လာဆန်းစစ်သူတွေဟာ အရှေ့တောင်အာရှအတွင်းမှာ စီးပွားရေး အခြေအနေ ပြန်လည်ကောင်းမွန်လာမယ်လို့ အခိုင်အမာ ယုံကြည်နေကြပေမယ့် ဒီလို ပြောဆိုနိုင်ဖို့ မသေချာသေးတဲ့ အချက်အလက်တွေ အများအပြား ရှိနေသေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Pandemic မတိုင်ခင်မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေဟာ Brands အများအပြားနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေစေမှာ မဟုတ်တော့ပါဘူး” ဟု Vero ASEAN ၏ Managing Director ဖြစ်သူ Brian Griffin က ပြောကြားခဲ့သည်။ “ဒီ Playbook ကိုတော့ ကျွန်တော်တို့ရဲ့ Clients တွေ မေးတဲ့မေးခွန်းတွေနဲ့ ကျွန်တော်တို့ဘက်ကနေ ပြန်ပေးတဲ့ အကြံဉာဏ်တွေပေါ် မူတည်ပြီး ရေးဆွဲထားတာပါ။ အခု ကျွန်တော်တို့ ဒါကိုမျှဝေရခြင်းဟာ ကျွန်တော်တို့ရဲ့ Client တွေတင် မဟုတ်ဘဲ အားလုံးရဲ့ စိတ်ဝင်စားမှုဟာ ကျန်းမာတဲ့ စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ ဖြစ်တယ်ဆိုတာကို နားလည်လို့ပါပဲ” ဟု ထပ်မံပြောကြားခဲ့သည်။

ဤ လုပ်ငန်းပြန်လည်ထူထောင်ရေး လက်စွဲစာအုပ် (Playbook) သည် စီးပွားရေးလုပ်ငန်းရှင်များ ကပ်ရောဂါ အခက်အခဲကို ကြံ့ကြံ့ခံပြီး ပိုမို အားကောင်းသော ယှဉ်ပြိုင်မှုတို့ဖြင့် ကျော်ဖြတ်နိုင်ရန်နှင့် မိမိကိုယ်ကို မေးသင့်သော မေးခွန်းများနှင့်အတူ တစ်နှစ်တာအတွက် ကြိုတင်စီမံရာတွင် အသုံးဝင်မည့် Idea တွေကို လမ်းပြ လုပ်ငန်းစဉ် တစ်ခုအဖြစ် ရေးသားထားခြင်းဖြစ်သည်။ စာဖတ်သူများအနေနှင့် လက်စွဲစာအုပ်မှ တစ်ဆင့် စားသုံးသူများ၏ အမြင်၊ ဝယ်ယူသူနှင့် စီးပွားဖက်အသစ်များ ရှာဖွေခြင်း၊ ဝန်ထမ်းများနှင့် ချိတ်ဆက်လုပ်ဆောင်မှု တိုးတက်စေခြင်းတို့နှင့် ဒီဂျစ်တယ်စနစ် ပြောင်းလဲခြင်း၊ Public Relations နှင့် Crisis Communication စသည့် အချက်များအတွက် အကြံဉာဏ် အသစ်များကိုလည်း ရရှိစေမည်ဖြစ်သည်။ ဤ လုပ်ငန်းပြန်လည် ထူထောင်ရေး လက်ဆွဲစာအုပ်သည် ပထမဦးဆုံး ထုတ်ဝေမှု ဖြစ်ပြီး Vero ၏ အမြင်နှင့် ‌ဒေသအခြေအနေ တိုးတက်ပြောင်းလဲမှုတို့ အပေါ် မူတည်ကာ အခါအားလျော်စွာ ပုံမှန်မွမ်းမံ၍ ထုတ်ဝေသွားမည်ဖြစ်သည်။

Vero အကြောင်း

Vero သည် အရှေ့တောင်အာရှ ဈေးကွက်တွင် PR၊ ဆိုရှယ်၊ ဒီဂျစ်တယ်နှင့် ဈေးကွက်မြှင့်တင်ရေးဝန်ဆောင်မှုများကို ပေးအပ်နေပြီး အရှေ့တောင်အာရှ ဈေးကွက်တွင် ဦးဆောင်နေသော အတွေ့အကြုံရှိ ဆန်းသစ်တီထွင်သည့် အေဂျင်စီတစ်ခုဖြစ်သည်။ Vero သည် ဝန်ထမ်းများ ကိုယ်တိုင်စီမံခန့်ခွဲအုပ်ချုပ်ပြီး လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ Vero ၏ ရုံးခန်းများသည် ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် တည်ရှိပြီး အရှေ့တောင်အာရှအတွင်းရှိ အဓိက ဈေးကွက်များတွင် ကမ်ပိန်းများ ပြုလုပ်သည်။ Vero သည် အာဆီယံဒေသအတွင်းရှိ PR မန်နေဂျာများ၊ Social Community မန်နေဂျာများ၊ Paid Digital Advertising Consultant များ၊ Creative Executive များနှင့် Media Relations Professional များအား အယောက် ၁ဝဝ ခန့် ခန့်အပ် ထားပြီး အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။အသေးစိတ် ထပ်မံသိရှိလိုပါက www.vero-asean.com တွင် ဝင်ရောက် လေ့လာနိုင်သည်။

The post Vero မှ စီးပွားရေးလုပ်ငန်းများအတွက် Covid-19 အလွန် ကာလများတွင် လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန်အတွက် ပြန်လည်ထူထောင်ရေး စီမံကိန်း လက်စွဲစာအုပ်ထုတ်ပြန် appeared first on MyBiz Myanmar.