ဘာစီလုိနာအသင္းကေတာ့ သူတုိ႔အသင္းေတြ ရလဒ္ေတြတည္ၿငိမ္ေအာင္ ကုိင္တြယ္ႏုိင္ျခင္းမရွိပဲ ပရိသတ္ေတြရဲ႕ႏွစ္သက္ျခင္းကုိပါ ရရွိျခင္းမရွိတဲ႔ ဗယ္ဗာဒီကုိ အသင္းရဲ႕နည္းျပရာထူးကေန ထုတ္ပယ္လုိက္ၿပီပဲျဖစ္ပါတယ္။ ဒီလုိ ထုတ္ပယ္ၿပီး သိပ္မၾကာခင္မွာပဲ ဘာစီလုိနာအသင္းဟာ ဝါရင့္နည္းျပႀကီးျဖစ္တဲ႔ ကီကီဆက္တီယန္ကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္လုိက္ၿပီျဖစ္ၿပီး ပရိသတ္နဲ႔ သိပ္ရင္းႏွီးျခင္းမရွိလွသူျဖစ္လုိ႔ ဆက္တီယန္နဲ႔ပတ္သက္တဲ႔ အေၾကာင္းကိစၥေတြကုိ MySport Myanmar ပရိသတ္ေတြအတြက္ ေဖာ္ျပေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

အသက္၆၁ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ စပိန္လူမ်ိဳး ဝါရင့္နည္းျပႀကီးတစ္ဦးျဖစ္သူ ကီကီဆက္တီယန္ဟာ ဘက္တစ္ လက္စ္ပါးမတ္ ေရးဆင္းတုိ႔လုိ အသင္းငယ္ေတြနဲ႔ အလယ္အလတ္ စပိန္လာလီဂါအသင္းေတြကုိပဲ ကုိင္တြယ္ခဲ႔ဖူးတဲ႔ လာလီဂါအေတြ႕အႀကံဳရင့္ နည္းျပႀကီးတစ္ဦးျဖစ္ကာ အခုလုိ ဘာစီလုိနာအသင္းရဲ႕နည္းျပျဖစ္လာခဲ႔ရတဲ႔ သူရဲ႕နည္းျပသက္တမ္းတေလွ်ာက္ အျမင့္မားဆုံးေသာ အခြင့္အေရးေကာင္းတစ္ခု ျဖစ္လာခဲ႔ရပါတယ္။ အခုဆုိရင္ ဆက္တီယန္ဟာ လာမယ့္ဇန္နဝါရီ ၂၀ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားရေတာ့မယ့္ ဂရန္နာဒါအသင္းနဲ႔ စပိန္လာလီဂါပြဲစဥ္အတြင္း ဘာစီလုိနာအသင္းကုိ စတင္ကုိင္တြယ္ရေတာ့မွာပဲျဖစ္ပါတယ္။

တကယ္ေတာ့ ဆက္တီယန္ဟာ မႏွစ္က ဒီလုိအခ်ိန္ေလာက္မွာပဲ ဘာစီလုိနာအသင္းနဲ႔ သတင္းေတြ ထြက္ေပၚခဲ႔ဖူးေသးၿပီး တကယ္ခန္႔အပ္မႈကေတာ့ ေကာလဟာလထြက္ေပၚၿပီး တစ္ႏွစ္အၾကာမွသာ အခုလုိ နည္းျပသစ္အျဖစ္ တရားဝင္ခန္႔အပ္လုိက္တာျဖစ္ပါတယ္။ ဘာစီလုိနာအသင္းဟာ ဒီရက္ပုိင္းမွာပဲ သူတုိ႔အသင္းရဲ႕ဂႏၱဝင္ကစားသမားေဟာင္းျဖစ္သူ ဇာဗီကုိ ဗယ္ဗာဒီရဲဲ႕ေနရာမွာ အစားထုိးလိမ့္မယ္လုိ႔ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚခဲ႔ေပမယ့္လည္း တကယ္တမ္းမွာေတာ့ အသင္းနဲ႔ သတင္းမထြက္သေလာက္ကုိျဖစ္ခဲ႔တဲ႔ ဆက္တီယန္ကုိသာ နည္းျပအျဖစ္ ေရြးခ်ယ္ခဲဲ့တာျဖစ္ပါတယ္။ ဆက္တီယန္ဟာ သူရဲ႕နည္းျပဘဝမွာ ေအာင္ျမင္မႈေတြကုိ သိပ္ရယူႏုိင္ခဲ႔ျခင္းမရွိသလုိ အသင္းႀကီးေတြမွာ ကုုိင္တြယ္ဖူးတဲ႔ အေတြ႕အႀကံဳလည္းမရွိသူဆုိေပမယ့္ ရီးရဲလ္ဘက္တစ္အသင္းကုိ ကုိင္တြယ္ခဲ႔စဥ္တုန္းကေတာ့ ပထမဆုံးရာသီမွာပဲ အမွတ္ေပးဇယားအတြင္း အဆင့္၆ေနရာေရာက္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ႔သလုိ ယူရုိပါလိဂ္ဝင္ခြင့္လည္း ေရာက္ရွိေစခဲ႔ပါတယ္။ ဆက္တီယန္ဟာ ၂၀၁၉ခုႏွစ္ ဇူလုိင္လကမွ ဘက္တစ္နဲ႔ လမ္းခြဲထားခဲ႔တာျဖစ္ၿပီး အခုလုိ ဘာစီလုိနာနည္းျပ ျဖစ္လာခ်ိန္မွာ အသင္းအတြက္ ဘယ္ေလာက္စြမ္းေဆာင္ျပႏုိင္မလဲဆုိတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။

(Unicode)

ဘာစီလိုနာနည်းပြသစ် ဖြစ်လာခဲ့တဲဲ့ ကီကီဆက်တီယန်ရဲ့အကြောင်း လေ့လာမိခြင်း

ဘာစီလိုနာအသင်းကတော့ သူတို့အသင်းတွေ ရလဒ်တွေတည်ငြိမ်အောင် ကိုင်တွယ်နိုင်ခြင်းမရှိပဲ ပရိသတ်တွေရဲ့နှစ်သက်ခြင်းကိုပါ ရရှိခြင်းမရှိတဲ့ ဗယ်ဗာဒီကို အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီလို ထုတ်ပယ်ပြီး သိပ်မကြာခင်မှာပဲ ဘာစီလိုနာအသင်းဟာ ဝါရင့်နည်းပြကြီးဖြစ်တဲ့ ကီကီဆက်တီယန်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပြီး ပရိသတ်နဲ့ သိပ်ရင်းနှီးခြင်းမရှိလှသူဖြစ်လို့ ဆက်တီယန်နဲ့ပတ်သက်တဲ့ အကြောင်းကိစ္စတွေကို MySport Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

အသက်၆၁နှစ်အရွှယ်ရှိပြီဖြစ်တဲ့ စပိန်လူမျိုး ဝါရင့်နည်းပြကြီးတစ်ဦးဖြစ်သူ ကီကီဆက်တီယန်ဟာ ဘက်တစ် လက်စ်ပါးမတ် ရေးဆင်းတို့လို အသင်းငယ်တွေနဲ့ အလယ်အလတ် စပိန်လာလီဂါအသင်းတွေကိုပဲ ကိုင်တွယ်ခဲ့ဖူးတဲ့ လာလီဂါအတွေ့အကြုံရင့် နည်းပြကြီးတစ်ဦးဖြစ်ကာ အခုလို ဘာစီလိုနာအသင်းရဲ့နည်းပြဖြစ်လာခဲ့ရတဲ့ သူရဲ့နည်းပြသက်တမ်းတလျှောက် အမြင့်မားဆုံးသော အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့ရပါတယ်။ အခုဆိုရင် ဆက်တီယန်ဟာ လာမယ့်ဇန်နဝါရီ ၂၀ရက်နေ့မှာ ယှဉ်ပြိုင်ကစားရတော့မယ့် ဂရန်နာဒါအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ရတော့မှာပဲဖြစ်ပါတယ်။

တကယ်တော့ ဆက်တီယန်ဟာ မနှစ်က ဒီလိုအချိန်လောက်မှာပဲ ဘာစီလိုနာအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသေးပြီး တကယ်ခန့်အပ်မှုကတော့ ကောလဟာလထွက်ပေါ်ပြီး တစ်နှစ်အကြာမှသာ အခုလို နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရက်ပိုင်းမှာပဲ သူတို့အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်းဖြစ်သူ ဇာဗီကို ဗယ်ဗာဒီရဲဲ့နေရာမှာ အစားထိုးလိမ့်မယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အသင်းနဲ့ သတင်းမထွက်သလောက်ကိုဖြစ်ခဲ့တဲ့ ဆက်တီယန်ကိုသာ နည်းပြအဖြစ် ရွေးချယ်ခဲဲ့တာဖြစ်ပါတယ်။ ဆက်တီယန်ဟာ သူရဲ့နည်းပြဘဝမှာ အောင်မြင်မှုတွေကို သိပ်ရယူနိုင်ခဲ့ခြင်းမရှိသလို အသင်းကြီးတွေမှာ ကုုိင်တွယ်ဖူးတဲ့ အတွေ့အကြံုလည်းမရှိသူဆိုပေမယ့် ရီးရဲလ်ဘက်တစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းကတော့ ပထမဆုံးရာသီမှာပဲ အမှတ်ပေးဇယားအတွင်း အဆင့်၆နေရာရောက်အောင် စွမ်းဆောင်နိုင်ခဲ့သလို ယူရိုပါလိဂ်ဝင်ခွင့်လည်း ရောက်ရှိစေခဲ့ပါတယ်။ ဆက်တီယန်ဟာ ၂၀၁၉ခုနှစ် ဇူလိုင်လကမှ ဘက်တစ်နဲ့ လမ်းခွဲထားခဲ့တာဖြစ်ပြီး အခုလို ဘာစီလိုနာနည်းပြ ဖြစ်လာချိန်မှာ အသင်းအတွက် ဘယ်လောက်စွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

The post ဘာစီလုိနာနည္းျပသစ္ ျဖစ္လာခဲ႔တဲဲ႔ ကီကီဆက္တီယန္ရဲ႕အေၾကာင္း ေလ့လာမိျခင္း appeared first on MySport Myanmar.