ပြင်သစ်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကတော့ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာတော့မယ့် စပိန်ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် ဘိုင်ယန် မြူးနစ်အသင်းထံကို ကမ်းလှမ်းမှုတစ်ခု စတင် ပြုလုပ်လိုက်ပြီလို့ သိရပါတယ်။

Photo Credit: Metro

အသက်၂၉နှစ်အရွယ် စပိန်ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာဟာ လာမယ့် ဘောလုံး ရာသီအကုန်မှာမှ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ပြည့်မှာ ဖြစ်ပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတာကြောင့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ် အသင်းထံ အသင်းပြောင်းခွင့် တောင်းဆိုခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း အယ်ကန်တာရာရဲ့ တောင်းဆိုမှုကို လက်ခံ သွားခဲ့ပါတယ်။

Photo Credit: Metro

ဘောလုံးဖြန့်​ဝေမှုပိုင်းမှာ အားကောင်းသလို တိုက်စစ်လိုက်ပါမှု စွမ်းရည်ရှိတဲ့ အယ်ကန်တာရာကို ခေါ်ယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း ဖြစ်ပေမယ့် လက်ရှိမှာ အယ်ကန်တာရာကို ခေါ်ယူဖို့ အမှန်တကယ် ကမ်းလှမ်းခဲ့တဲ့ အသင်းဟာ ပီအက်စ်ဂျီအသင်းသာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Le1O Sportရဲ့ ဖော်ပြမှုအရ သိရှိရပါတယ်။

Photo Credit: Metro

ပြင်သစ်အင်အားကြီး အသင်း ပီအက်စ်ဂျီဟာ အားကောင်းတဲ့ တိုက်စစ်စုဖွဲ့မှုကို ပိုင်ဆိုင် ထားပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ် စုဖွဲ့မှုဟာ အခြား ထိပ်သီးအသင်းတွေကို ယှဉ်နိုင်ဖို့ မလွယ်တာကြောင့် အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် ကြိုးစားလာတာ ဖြစ်ကြောင်း သိရပြီး ပီအက်စ်ဂျီအသင်းဟာ အယ်ကန်တာရာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ပေးချေမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းထံ ကမ်းလှမ်းထားတယ် လို့လည်း သိရပါတယ်။

Photo Credit: Metro

ဘိုင်ယန်မြူးနစ်အသင်း ဘက်ကတော့ သူတို့ အသင်းရဲ့ ကွင်းလယ်လူ အယ်ကန်တာရာကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ရရှိရုံနဲ့ လက်လွှတ်သွားမယ်လို့ စဉ်းစားနေတာကြောင့် ပီအက်စ်ဂျီ အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေတယ်လို့လည်း ဂျာမန် အခြေစိုက် ဘောလုံး သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။ အယ်ကန်တာရာဟာ လက်ရှိ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံ ၃၆ပွဲ ကစားထားရာမှာ ၃ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၂ဂိုး ဖန်တီးထားနိုင်သူပါ။

The post လီဗာပူးပစ်မှတ် အယ်ကန်တာရာကို စတင် ကမ်းလှမ်းလိုက်တဲ့ ပီအက်စ်ဂျီ appeared first on MySport Myanmar.