ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့အင်အားအကြီးဆုံးအသင်းတစ်သင်းဖြစ်တဲ့ပီအက်စ်ဂျီအသင်းဟာသူတို့အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ပြင်သစ်လက်ရွေးစင်လူငယ်ကစားသမားလေးအမ်ဘာပေကိုအသင်းကနေမထွက်ခွာသွားစေဖို့များပြားလွန်းလှတဲ့လုပ်ခလစာနဲ့စာချုပ်သစ်ကမ်းလှမ်းထားတယ်လို့သိရှိရပါတယ်။

Photo Credit: The Sun.com

     အသက်၂၁နှစ်အရွယ်တိုက်စစ်မှူးအမ်ဘာပေဟာမက်ဆီရိုနယ်ဒိုတို့ရဲ့ခေတ်လွန်ဘောလုံးစင်မြင့်ပေါ်မှာကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုရရှိမယ့်သူအဖြစ်ထင်ကြေးပေးခံထားရသူဖြစ်ကာလက်ရှိဘောလုံးရာသီမှာလဲပီအက်စ်ဂျီအသင်းအတွက်လီဂူးဝမ်းပြိုင်ပွဲမှာဂိုးသွင်းအများဆုံးကစားသမားအဖြစ်၁၈ပွဲကစားပေးထားရာမှာ၁၅ဂိုးသွင်းယူထားပြီးသူ့ရဲ့ခြေစွမ်းတွေကိုပြသထားနိုင်ခဲ့ပါတယ်။

Photo Credit: Express.com

      ဒါ့ကြောင့်လည်းပီအက်စ်ဂျီအသင်းဟာဘောလုံးလောကရဲ့အင်အားကြီးအသင်းတွေဖြစ်ကြတဲ့ဘာစီလိုနာရီးရဲလ်မက်ဒရစ်စတဲ့အသင်းတွေကအမ်ဘာပေကိုခေါ်ယူဖို့အတွက်အရှိန်မြှင့်ကာမကြိုးပမ်းသေးချိန်မှာအမ်ဘာပေကိုစာချုပ်သစ်ချုပ်ဆိုဖို့ကြိုးစားနေတာပါ။ပြင်သစ်သတင်းစာတွေရဲ့ဖော်ပြမှုအရတော့အမ်ဘာပေဟာစာချုပ်သစ်ကိုသာလက်မှတ်ထိုးခဲ့ပါကပီအက်စ်ဂျီအသင်းရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာမယ်လို့လည်းသိရပါတယ်။

Photo Credit: Express.com

      ပီအက်စ်ဂျီဟာစာချုပ်သစ်မှာအမ်ဘာပေကိုတစ်ပတ်လုပ်ခလစာပေါင်၇သိန်းခွဲအထိပေးချေမှာဖြစ်ပြီးတစ်နှစ်လုပ်ခအနေနဲ့ပေါင်၄၁သန်းအထိရရှိနိုင်မှာပါ။အမ်ဘာပေဟာလက်ရှိမှာတစ်ပတ်လုပ်ခပေါင်၃သိန်းခွဲသာရရှိသူဖြစ်တာကြောင့်စာချုပ်သစ်ချုပ်ဆိုပြီးပါကလစာငွေနှစ်ဆတိုးကာရရှိမှာလည်းဖြစ်ပါတယ်။

The post အမ်ဘာပေကို တစ်ပတ်လုပ်ခ ပေါင်၇သိန်းခွဲနဲ့ စာချုပ်သစ်ကမ်းလှမ်းထားတဲ့ ပီအက်စ်ဂျီ appeared first on MySport Myanmar.