ျပင္သစ္အင္အားႀကီး ကလပ္တစ္ခုျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းကေတာ့ လက္ရွိ ဇန္နဝါရီ အေျပာင္းအေရႊ႕ေစ်းကြက္မွာ အသင္းကေန ထြက္ခြာဖို႔အတြက္ ျပင္ဆင္ေနတဲ့ တိုက္စစ္မွူး ကာဗာနီရဲ့ ေနရာအတြက္ အစားထိုးေခၚယူမွု တစ္ခု လုပ္ေဆာင္ဖို႔ ႀကိဳးစားလာၿပီး သူတို႔ရဲ့ ပစ္မွတ္ဟာ အာဆင္နယ္အသင္းရဲ့ အဓိက ကစားသမား အူဘာမီယန္းျဖစ္တယ္လို႔ သိရွိရပါတယ္။

Photo Credit: Express.com

အသက္ ၃၂ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းရဲ့ သမိုင္းမွာ ဂိုးသြင္းအမ်ားဆုံး ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို ရရွိထားသူျဖစ္ၿပီး သူထြက္ခြာသြားတာဟာ အသင္းအတြက္ေတာ့ ႀကီးမားတဲ့ အင္အားေလ်ာ့မွုေတြ ျဖစ္လာေစမွာပါ။ ဒါ့ေၾကာင့္လည္း ပီအက္စ္ဂ်ီ အသင္းဟာ အူဘာမီယန္းကို ေခၚယူဖို႔ ႀကိဳးစားလာတာျဖစ္ၿပီး အူဘာမီယန္းရဲ့ေအးဂ်င့္ျဖစ္သူနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ့ တာဝန္ရွိသူေတြဟာ ေတြ႕ဆုံခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပလာခဲ့ၾကပါတယ္။

Photo Credit: Express.com

ထြက္ေပၚလာတဲ့ သတင္းေတြအရ အူဘာမီယန္းရဲ့ ေအးဂ်င့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ပီအက္စ္ဂ်ီအသင္းရဲ့ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း သိရကာ အူဘာမီယန္းရဲ့ေအးဂ်င့္ ဟာ သူ႔ရဲ့ေဆြမ်ိဳးသာျဖစ္တာေၾကာင့္ အူဘာမီယန္းအေနနဲ႔ အာဆင္နယ္အသင္းကေန ထြက္ခြာခ်င္ေနၿပီလို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္မွုေတြ ျပဳလုပ္ထားၾကပါတယ္။

Photo Credit: Express.com

အူဘာမီယန္းရဲ့ အာဆင္နယ္အသင္းဟာ လာမယ့္ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္မွာေတာ့ အဆင့္ေလးအတြင္း ဝင္ေအာင္ လုပ္ဖို႔ ခက္ခဲေနတာေၾကာင့္ ယူရိုပါလိဂ္ဖလားကို သိမ္းပိုက္ကာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ခြင့္ရဖို႔အတြက္ ႀကိဳးစားရေတာ့မွာပါ။ ဒါ့ေၾကာင့္ အူဘာမီယန္းရဲ့ အသင္းေျပာင္းမွု ၊ မေျပာင္းမွုဟာ အာဆင္နယ္အသင္းရဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ နဲ႔ သက္ဆိုင္ေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္သာ မရခဲ့ပါက အူဘာမီယန္းဟာ ပီအက္စ္ဂ်ီအသင္းထံကို ေျပာင္းေရႊ႕သြားဖို႔ ရွိေနပါတယ္။

ပြင်သစ်အင်အားကြီး ကလပ်တစ်ခုဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ အသင်းကနေ ထွက်ခွာဖို့အတွက် ပြင်ဆင်နေတဲ့ တိုက်စစ်မှူး ကာဗာနီရဲ့ နေရာအတွက် အစားထိုးခေါ်ယူမှု တစ်ခု လုပ်ဆောင်ဖို့ ကြိုးစားလာပြီး သူတို့ရဲ့ ပစ်မှတ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား အူဘာမီယန်းဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit: Express.com

အသက် ၃၂နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားသူဖြစ်ပြီး သူထွက်ခွာသွားတာဟာ အသင်းအတွက်တော့ ကြီးမားတဲ့ အင်အားလျော့မှုတွေ ဖြစ်လာစေမှာပါ။ ဒါ့ကြောင့်လည်း ပီအက်စ်ဂျီ အသင်းဟာ အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပြီး အူဘာမီယန်းရဲ့အေးဂျင့်ဖြစ်သူနဲ့ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေဟာ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အူဘာမီယန်းရဲ့ အေးဂျင့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရကာ အူဘာမီယန်းရဲ့အေးဂျင့် ဟာ သူ့ရဲ့ဆွေမျိုးသာဖြစ်တာကြောင့် အူဘာမီယန်းအနေနဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာချင်နေပြီလို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်မှုတွေ ပြုလုပ်ထားကြပါတယ်။

Photo Credit: Express.com

အူဘာမီယန်းရဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာတော့ အဆင့်လေးအတွင်း ဝင်အောင် လုပ်ဖို့ ခက်ခဲနေတာကြောင့် ယူရိုပါလိဂ်ဖလားကို သိမ်းပိုက်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရဖို့အတွက် ကြိုးစားရတော့မှာပါ။ ဒါ့ကြောင့် အူဘာမီယန်းရဲ့ အသင်းပြောင်းမှု ၊ မပြောင်းမှုဟာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ သက်ဆိုင်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်သာ မရခဲ့ပါက အူဘာမီယန်းဟာ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့သွားဖို့ ရှိနေပါတယ်။

The post အေျပာင္းအေရႊ႕ လုပ္ေဆာင္ရန္ အူဘာမီယန္းရဲ့ေအးဂ်င့္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပီအက္စ္ဂ်ီ appeared first on MySport Myanmar.