ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံး ရာသီမှာ အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ဂိုးသမား ကီပါကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂိုးသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ စပိန်ကလပ် ဘီလ်ဘာအို အသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ ကီပါဟာ ချယ်လ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို ကာလရှည် ထိန်းသိမ်း စောင့်ရှောက်မယ့်သူအဖြစ် ချယ်လ်ဆီးဘုတ်အဖွဲ့ရဲ့ ရှုမြင်ခြင်းကို ခံထားရသူဖြစ်ပေမယ့် သူ့ရဲ့ အကျင့်စရိုက်တွေကြောင့် လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းကနေ ရောင်းထုတ်ခံရတော့မှာပါ။

Photo Credit: Daily Mail.com

ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရတော့ ချယ်လ်ဆီးအသင်းဟာ ကီပါကို ရောင်းချပြီးပါက ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဝါရင့်ဂိုးသမားဖြစ်သူ နူအာကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရှိထားရပါတယ်။ ဂျာမဏီလက်ရွေးစင်အသင်းရဲ့ ဂိုးသမားတစ်ဦး ဖြစ်တဲ့ နူအာဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး လက်ရှိမှာတော့ အသက်အရွယ်ရလာတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နံပါတ် တစ် ဂိုးသမားနေရာကနေ ဖယ်ပေးရဖို့ ရှိနေပြီး လတ်တလောမှာလည်း ဘိုင်ယန်မြူးနစ်အသင်း ဟာ ဘာစီလိုနာအသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ တာစတီဂျန်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်လို့ သတင်းတေ​ွ ထွက်ပေါ်လာလျက် ရှိပါတယ်။

 

Photo Credit: Daily Mail.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းဟာ နူအာကို ခေါ်ယူဖို့ စတင်​ပြီး ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းဘက်ကလည်း တာစတီဂျန်ကို ခေါ်ယူပြီးပါက နူအာကို ပြန်လည် ရောင်းချသွားဖို့ စီစဉ်ထားတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကြိုးပမ်းမှုဟာ အောင်မြင် ဖို့ ရှိနေပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေက နူအာအနေနဲ့ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုရှိနေသလို ချယ်လ်ဆီး အသင်းဘက်ကလည်း နူအာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်၃၀သန်းဝန်းကျင် ပေးချေရဖို့ ရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုထားကြပြီး ဆက်စပ်သတင်းတွေအရတော့ နူအာရဲ့ အသင်းဟောင်းဖြစ်တဲ့ ရှော်ကေးအသင်းဟာလဲ နူအာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သိရှိရပါတယ်။

The post ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံး ရာသီမှာ အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ဂိုးသမား ကီပါကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂိုးသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ စပိန်ကလပ် ဘီလ်ဘာအို အသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ ကီပါဟာ ချယ်လ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို ကာလရှည် ထိန်းသိမ်း စောင့်ရှောက်မယ့်သူအဖြစ် ချယ်လ်ဆီးဘုတ်အဖွဲ့ရဲ့ ရှုမြင်ခြင်းကို ခံထားရသူဖြစ်ပေမယ့် သူ့ရဲ့ အကျင့်စရိုက်တွေကြောင့် လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းကနေ ရောင်းထုတ်ခံရတော့မှာပါ။ ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရတော့ ချယ်လ်ဆီးအသင်းဟာ ကီပါကို ရောင်းချပြီးပါက ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဝါရင့်ဂိုးသမားဖြစ်သူ နူအာကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရှိထားရပါတယ်။ ဂျာမဏီလက်ရွေးစင်အသင်းရဲ့ ဂိုးသမားတစ်ဦး ဖြစ်တဲ့ နူအာဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး လက်ရှိမှာတော့ အသက်အရွယ်ရလာတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နံပါတ် တစ် ဂိုးသမားနေရာကနေ ဖယ်ပေးရဖို့ ရှိနေပြီး လတ်တလောမှာလည်း ဘိုင်ယန်မြူးနစ်အသင်း ဟာ ဘာစီလိုနာအသင်းရဲ့ အဓိက ဂိုးသမား ဖြစ်သူ တာစတီဂျန်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်လို့ သတင်းတေ​ွ ထွက်ပေါ်လာလျက် ရှိပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းဟာ နူအာကို ခေါ်ယူဖို့ စတင်​ပြီး ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းဘက်ကလည်း တာစတီဂျန်ကို ခေါ်ယူပြီးပါက နူအာကို ပြန်လည် ရောင်းချသွားဖို့ စီစဉ်ထားတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကြိုးပမ်းမှုဟာ အောင်မြင် ဖို့ ရှိနေပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေက နူအာအနေနဲ့ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုရှိနေသလို ချယ်လ်ဆီး အသင်းဘက်ကလည်း နူအာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်၃၀သန်းဝန်းကျင် ပေးချေရဖို့ ရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုထားကြပြီး ဆက်စပ်သတင်းတွေအရတော့ နူအာရဲ့ အသင်းဟောင်းဖြစ်တဲ့ ရှော်ကေးအသင်းဟာလဲ နူအာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သိရှိရပါတယ်။ appeared first on MySport Myanmar.