MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  စက်တင်ဘာလ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လိဒ်စ်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဝေးလ်စ်တောင်ပံကစားသမားလေး ဒင်နီရယ်ဂျိမ်းစ်က လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ရော အပြီးသတ်နဲ့ပါ ထွက်ခွာသွားလိုစိတ်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို အကောင်းဆုံးခေါ်ယူထားနိုင်ခဲ့တဲ့ အဲဗာတန်အသင်းက နောက်ထပ်ကစားသမားသစ်တစ်ယောက်ကို ဆက်လက်ခေါ်ယူသွားဖို့ ပစ်မှတ်ထားလို့နေပြီး ဒီကစားသမားကတော့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နောက်ခံအစွန်လူကို အာရီယက်စ်ဖြစ်ပါတယ်။ အဲဗာတန်ဟာ အာရီယက်စ်ကို ခေါ်ယူဖို့အတွက် အသက်လက်တီကိုနဲ့ပါ ဆွေးနွေးလို့နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အသင်းသစ်တစ်သင်းကို မရှာဖွေနိုင်သေးတဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းကနေ စိတ်ဝင်စားလို့နေပြီး ကာဗာနီ ရောက်ရှိလာခဲ့ရင် လူငယ်တိုက်စစ်ကစားသမား လူကာဂျိုဗစ်ကို အသင်းကနေ အငှားနဲ့ ထွက်ခွာစေဖွယ် ရှိနေပါတယ်။

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းက လတ်တလော စပါးအသင်းမှာ အနာဂတ်တွေ မရေမရာဖြစ်လာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအလီကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပေမယ့်လည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် ဒီခေါ်ယူမှုက ရှပ်ထွေးလာနိုင်တယ်လို့ ပြင်သစ်ဘောလုံးအကျော်အမော်တစ်ဦးက သုံးသပ်လိုက်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့နည်းပြ ဒေးဗစ်မိုရက်စ်နဲ့ အသင်းသားတွေဖြစ်တဲ့ အိုင်ဆက်ဒီအော့နဲ့ ဂျို့စ်ကူလန်တို့ (၃)ယောက်လုံးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့တွေအားလုံးကို မနေ့ညက ဟားလ်စီးတီးနဲ့ပွဲစဉ်အတွင်း ကွင်းအတွင်းကနေ အလျင်အမြန် ခေါ်ဆောင်သွားခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (23.9.2020) appeared first on MySport Myanmar.