MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၃ရက်နေ့ မနက်၉နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Getty Image

လာဇီယိုအသင်းဟာ သူတို့အသင်းရဲ့ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား မီလန်ကိုဗစ်ဆာဗစ်အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်လို့နေပြီ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် လက်ခံစဉ်းစားပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဆာဗစ်ရဲ့ ပြောင်းရွှေ့ကြေးကို အရမ်းလျှော့ချပေးမှာမဟုတ်ကြောင်း သတိပေးသွားခဲ့ပါတယ်။

Photo Credit : Getty Image

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ဝက်စ်ဘရောင်းက အသင်းအနေနဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို မဖြစ်မနေ ခေါ်ယူသွားသင့်ပြီး သူဟာ ယူနိုက်တက်အတွက် ခရစ္စတီယာနိုရော်နယ်ဒိုလုုိမျိူး စွမ်းဆောင်မှုတွေပြသပေးနိုင်တဲ့ ကစားသမားတစ်ယောက်လို့လည်း သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းဟာ မိုချန်ဂလာဘတ်အသင်းမှာ ခြေစွမ်းပြလို့နေတဲ့ အသက်(၂၂)နှစ်အရွှယ် တိုက်စစ်ကစားသမားလေး မားကပ်စ်သူရမ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေတယ်လို့ ပြင်သစ်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဂျုဗင်တပ်စ်ဟာ သူရမ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာနဲ့ ရင်းနှီးတဲ့အပြင် သူရမ်ရဲ့ဖခင် လီလီသူရမ်မှာလည်း ဂျုဗင်တပ်စ်အသင်းမှာ (၅)နှစ်လောက် ပါဝင်ကစားခဲ့ဖူးပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ရိုမန်အေဘရာမိုဗစ်က လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ဘတ်ဂျက်ပိုင်းအတွက် ပေါင်သန်းတစ်ရာကျော်လောက် သုံးစွဲဖို့အထိ ချမှတ်ပေးထားတာကြောင့် ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်အနေနဲ့ ဂျေဒန်ဆန်ချို ဘန်ချီဝဲလ်တို့လို ထိပ်သီးကစားသမားတွေကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Getty Image

အင်တာမီလန်ကနေ ကာဂလီယာရီအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားလို့နေတဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား နိုင်ဂိုလန်အနေနဲ့ လာမယ့်ဘောလုံးရာသီအတွင်း သူရဲ့အသင်းဟောင်းဖြစ်တဲ့ ရိုးမားအသင်းဆီ ပြန်သွားဖို့ အလွန်ကိုနီးစပ်နေတယ်လို့ Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။ အင်တာကနေ သူတို့ကစားသမားကို အငှားထပ်မချတော့ပဲ အပြီးသတ်သာ ပြန်လည်ရောင်းချဖွယ်ရှိနေပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (3.6.2020) appeared first on MySport Myanmar.