MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၂ရက်နေ့ မနက်၉နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဖရက်ဒ်ကိုဘာနာဒက်ချီကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလျက်ရှိရာ ဂျူဗင်တပ်စ်ဘက်ကနေ ပြန်လည်အလိုရှိနေတဲ့ သူတို့အသင်းရဲ့ အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနဲ့ ဘာနာဒက်ချီကို အလဲအထပ်လုပ်ဖို့ ဂျုဗင်တပ်စ်အသင်းဘက်ဆီကို တောင်းဆိုလာဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

ဘုန်းမောက်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား ဂျိုရှအာကင်းအနေနဲ့ ထိပ်သီးကလပ်အသင်းတွေမှာပါ ပါဝင်ကစားနိုင်လောက်တဲ့ အရည်အချင်းမျိုးတွေကို ပိုင်ဆိုင်ထားတယ်လို့ စပါးနဲ့ အင်္ဂလန်ဂိုးသမားဟောင်း ရောဘတ်ဆန်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ကင်းအနေနဲ့ စပါးအသင်းကို လာရောက်ဖြစ်မယ်ဆိုရင်တောင် သူနဲ့အံ့ဝင်ခွင်ကျ ဖြစ်နေလိမ့်မယ်လို့ ရောဘတ်ဆန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Getty Image

နာပိုလီအသင်းကနေ ထွက်ခွာတော့မယ့် အသက်(၂၆)နှစ်အရွှယ် ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား မီလစ်ခ်ကို အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် လက်ရှိမှာတော့ အာဆင်နယ်အသင်းက ထိပ်ဆုံးနေရာကနေ ဦးဆောင်လျက်ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Image

မိုနာကိုအသင်းရဲ့ ဝါရင့်စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က လက်ရှိ စပါးအသင်းကို ကိုင်တွယ်လို့နေတဲ့ နည်းပြဟိုဆေးမော်ရင်ဟိုက ထိပ်တန်းကစားသမားတွေအတွက် အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်တယ်လို့ ဖာဒီနန်နဲ့ အွန်လိုင်းအင်တာဗျူး အစီအစဉ်အတွင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းနည်းပြဖြစ်သူ ဖရန့်လမ်းပတ်က လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့လူအင်အားကို တိုးမြှင့်သွားဖို့ အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အသင်းနဲ့ သတင်းတွေထွက်နေတဲ့ ဖီလစ်ပီကော်တင်ဟို ဘန်ချီဝဲလ်နဲ့ ဂျေဒန်ဆန်ချိုတို့ကို လာမယ့်နွေစျေးကွက်အတွင်း အရခေါ်ယူသွားဖွယ် ရှိနေပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (2.6.2020) appeared first on MySport Myanmar.