(Unicode)

အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတွေထဲမှာ ကြာဇံကြော်ကြိုက်တဲ့သူတွေရော ပါမလားမသိဘူးနော်။ ပါတယ်ဆိုရင်တော့ အခုဝေမျှပေးမယ့် ဝက်သားစဉ်းကော ကြာဇံကြော် ကြော်နည်းကို လက်မလွတ်တမ်း လေ့လာကြည့်ဖို့ လိုမယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြာဇံ ၂ ထုပ်
  • နုပ်နုပ်စဉ်းထားသော ဝက်သား ပန်းကန်လုံးတစ်လုံးစာ (၂၂၅ ဂရမ်ခန့်)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူနှင့် ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်းစီ
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြာဇံကို ရေနွေးထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ရေအေးထဲတွင် ဆေးချပေးရပါမယ်။ ထို့နောက် ဇလုံထဲတွင် သပ်သပ်ဖယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၃။ ကြက်သွန်ဖြူနှင့် ဂျင်းအနံ့တို့ သင်းလာပါက ဝက်သားစဉ်းကောလေးထည့်ကာ ၂ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ပဲငံပြာရည်အနောက်နှင့် ငရုတ်ဆီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပြီးကျရင်တော့ ရေ ၂၅၀ မီလီလီတာခန့်ထည့်ကာ ရေ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၅။ ရေက တဖြည်းဖြည်းနဲ့ ဆူပွက်လာပြီဆိုရင်တော့ ကြာဇံထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ရေများ ခမ်းသွားသည်အထိ မွှေကြော်ပေးရပါမယ်။

၆။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ MyFood Myanmar ရဲ႕ အစားအေသာက္ခ်စ္သူေတြထဲမွာ ၾကာဇံေၾကာ္ႀကိဳက္တဲ့သူေတြေရာ ပါမလားမသိဘူးေနာ္။ ပါတယ္ဆိုရင္ေတာ့ အခုေဝမွ်ေပးမယ့္ ဝက္သားစဥ္းေကာ ၾကာဇံေၾကာ္ ေၾကာ္နည္းကို လက္မလြတ္တမ္း ေလ့လာၾကည့္ဖို႔ လိုမယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

  • ၾကာဇံ ၂ ထုပ္
  • ႏုပ္ႏုပ္စဥ္းထားေသာ ဝက္သား ပန္းကန္လံုးတစ္လံုးစာ (၂၂၅ ဂရမ္ခန္႔)
  • ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ႏုပ္ႏုပ္စဥ္းထားေသာ ၾကက္သြန္ျဖဴႏွင့္ ဂ်င္း စားပြဲတင္ဇြန္း ၂ ဇြန္းစီ
  • ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း

  • ပဲငံျပာရည္အေနာက္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ငရုတ္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ၾကာဇံကို ေရေႏြးထဲတြင္ ၁၀ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။ ၁၀ မိနစ္ျပည့္ပါက ေရေအးထဲတြင္ ေဆးခ်ေပးရပါမယ္။ ထို႔ေနာက္ ဇလံုထဲတြင္ သပ္သပ္ဖယ္ထားလိုက္ပါ။

၂။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္ႏွင့္ ဂ်င္းတို႔ထည့္ၿပီး ၁ မိနစ္ခန္႔ ဆီသတ္ေပးလိုက္ပါ။

၃။ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းအနံ႔တို႔ သင္းလာပါက ဝက္သားစဥ္းေကာေလးထည့္ကာ ၂ မိနစ္ခန္႔ ထည့္ေၾကာ္ေပးလိုက္ပါ။

၄။ ထို႔ေနာက္ ပဲငံျပာရည္အေနာက္ႏွင့္ ငရုတ္ဆီတို႔ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။ ၿပီးက်ရင္ေတာ့ ေရ ၂၅၀ မီလီလီတာခန္႔ထည့္ကာ ေရ ဆူပြက္လာသည္အထိ တည္ထားလိုက္ပါ။

၅။ ေရက တျဖည္းျဖည္းနဲ႔ ဆူပြက္လာၿပီဆိုရင္ေတာ့ ၾကာဇံထည့္ကာ ၃ မိနစ္ခန္႔ ေမႊေၾကာ္ေပးလိုက္ပါ။ ေရမ်ား ခမ္းသြားသည္အထိ ေမႊေၾကာ္ေပးရပါမယ္။

၆။ အရသာအေပါ့အငန္ျမည္းၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ မီးဖိုေပၚက ခ်လိုက္လို႔ရပါၿပီ။ စားခါနီးက်မွ ၾကက္သြန္ၿမိတ္ေလး ျဖဴးထည့္ကာ အရသာရွိရွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Spicetheplate.com

The post ဝက္သားစဥ္းေကာ ၾကာဇံေၾကာ္ appeared first on MyFood Myanmar.