မန်စီးတီးအသင်းရဲ့ ဗဟို ခံစစ်မှူးဟောင်း ဖြစ်သူ လက်စ်ကော့ကတော့ မန်စီးတီးအသင်းအနေနဲ့ ရီးရဲလ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်မှာ ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမားကို သတိထားရမယ်လို့ သတိပေးသွားလိုက်တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ ရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ယခုအပတ် လာမယ့် သောကြာနေ့၊ သြဂုတ်လ (၈) ရက်မှာ ရီးရဲလ်အသင်းကို အီတီဟတ် အိမ်ကွင်းမှာ ဒုတိယအကျော့ ဧည့်ခံ ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ ရီးရဲလ်အသင်းနဲ့ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ သရေကျရင်တောင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး ရီးရဲလ်အသင်းကတော့ အသင်းခေါင်းဆောင် ရာမို့စ် မပါဘဲ ကစားရမှာ ဖြစ်တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ချေ ပို နည်းပါတယ်။ ရီးရဲလ်အသင်းဟာ ပြိုင်ပွဲ ပြန်စပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၁) ပွဲမှာ (၁၀) ပွဲအထိ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး လက်စ်ကော့က သူ့ရဲ့ အသင်းဟောင်း မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံ လိဂ် ပွဲစဉ်မှာ ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမားကို သတိထားရမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

လက်စ်ကော့က “ရာမို့စ်က ရီးရဲလ်အသင်းအတွက် ချန်ပီယံလိဂ် ပွဲစဉ်မှာ မကစားနိုင်တော့မှာမို့ သူတို့အနေနဲ့ သူ့ရဲ့ အနီကဒ်ကို ပွဲရဲ့ အဆုံးအဖြတ် အဖြစ် ပြောနိုင်ပါတယ်။ ဟာဇက်ကတောင် ပြန်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ဘန်ဇီမားက ရီးရဲလ်အသင်းရဲ့ အကြီးမားဆုံး လက်နက် ဖြစ်ပြီး သတိထားရမယ်။ ဘန်ဇီမားက အသင်းအတွက် သွင်းပေးခဲ့တဲ့ သွင်းဂိုးတွေအတွက် လုံလုံလောက်လောက် ချီးကျူးမခံရဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဗာရန့်က လာပေါ်တေး၊ ဗန်ဒိုက်တို့နဲ့ အတူ ကမ္ဘာ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်ပါတယ်။ ရီးရဲလ်အသင်းမှာ အရည်အချင်းတွေ အများကြီး ရှိပါတယ်။ သူတို့ ကမ္ဘာ့ အဆင့်ကစားသမားတွေနဲ့ အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးအသင်းအတွက် ပွဲစဉ်က ပွဲစဉ်တစ်ပွဲထက် ပိုပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

The post မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘန်ဇီမားကို သတိထားရမယ်လို့ ပြောလိုက်တဲ့ လက်စ်ကော့ appeared first on MySport Myanmar.