မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ လက်ရှိရာသီမှာ နာသန် အကီ နဲ့ ဖာရန် တောရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပေမယ့်လည်း လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ဆုဖလား ပြန်ရရှိနိုင်ဖို့အတွက် နောက်ထပ် ကစားသမားသစ် (၃) ဦးကို ထပ်မံ ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ လက်ရှိရာသီမှာ ကစားသမားတွေ အားဖြည့် ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ပေါင် သန်း (၃၀၀) သုံးစွဲခွင့် ရရှိထားတာ ဖြစ်ပြီး လက်ရှိမှာတော့ နောက်ခံလူ ကူလီဘာလီ၊ တိုက်စစ်မှူး ဂျိုအာ ဖီလစ် နဲ့ အခြား တိုက်စစ်မှူး (၁) ဦး ထပ်ခေါ်ချင်နေပါတယ်။

Photo Credit: Dailymail

မန်စီးတီးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကြောင့် (၃) နှစ်ဆက် ရရှိနိုင်ချေရှိတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို လက်လွတ်ခဲ့ရတာ ဖြစ်ပြီး လာမယ့်နှစ် ရာသီမှာတော့ ပရီးမီးယားလိဂ်ဆုဖလားကို ပြန်လည် ရရှိနိုင်ဖို့အတွက် ချိန်ရွယ်လျက် ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အသင်းရဲ့ ကစားသမား အင်အားကို ထပ်ဖြည့်တဲ့ အနေနဲ့ ယခုအပတ် အင်္ဂါနေ့က ဖာရန် တောရက်စ်ကို ဗလန်စီယာအသင်းကနေ ခေါ်ယူသွားခဲ့ပြီး နာသန် အကီကို ခေါ်ယူဖို့အတွက်လည်း ဘုန်းမောက်အသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

Photo Credit: Dailymail

မန်စီးတီး နည်းပြ ဂွါဒီယိုလာဟာ နောက်ထပ် ခေါ်ယူမယ့် စာရင်းမှာ နာပိုလီအသင်းရဲ့ ခံစစ်မှူး ကူလီဘာလီ နဲ့ အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး ဂျိုအာ ဖီလစ်တို့ကို ပစ်မှတ်ထားပြီး ပေါင် သန်း (၁၀၀) တန် တိုက်စစ်မှူး တစ်ယောက်ကိုလည်း ထပ်မံ ခေါ်ယူချင်လျက် ရှိပါတယ်။ နောက်ခံလူ ကူလီဘာလီဟာ တန်ကြေး ပေါင် သန်း (၆၀) နီးပါး ရှိပြီး ဖီလစ်ကလည်း တန်ကြေး ပေါင် သန်း (၈၀) နီးပါးရှိတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ပေါင် သန်း (၁၀၀) တန် ရှေ့တန်း တိုက်စစ်မှူး (၁) ဦးကို ထပ်ခေါ်မယ် ဆိုရင် ပေါင် သန်း (၂၀၀) ကျော်အထိ ထပ်သုံးနိုင်ပါတယ်။ မန်စီးတီး နည်းပြ ဂွါဒီယိုလာဟာ အပြောင်းအရွေ့ကြေး သုံးစွဲခွင့် ပေါင် သန်း (၃၀၀) ရရှိခဲ့ရာမှာ တောရက်စ်အတွက် ပေါင် (၃၇) သန်း နဲ့ အကီအတွက် ပေါင် (၄၁) သန်း သုံးထားပြီးပြီ ဖြစ်ပြီ လက်ကျန် ပေါင် သန်း (၂၀၀) ကျော်ကို ကစားသမားသစ် ခေါ်ယူဖို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

The post ကစားသမားသစ် (၃) ဦးထပ်ခေါ်ဖို့ ပေါင် သန်း (၂၀၀) ကျော် သုံးစွဲချင်နေတဲ့ နည်းပြ ဂွါဒီယိုလာ appeared first on MySport Myanmar.