ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက်အသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ အဓိက တောင်ပံကစားသမား စတာလင်းကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ်လို့ The Independent သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့် ဘောလုံး ရာသီမှာ သူတို့အသင်းရဲ့ ညာတောင်ပံ အခန်းကဏ္ဍကို တိုးမြှင့်ဖို့အတွက် ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဒေါ့မွန်အသင်းက ဆန်ချိုကို ရောင်းချရမှာ စျေးကိုင်မယ့် အနေအထားတွေ ရှိနေတာကြောင့် စတာလင်းကို ဆန်ချိုရဲ့နောက် အသင်းရဲ့ ဒုတိယပစ်မှတ် ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။

Photo Credit: Express

The Independent သတင်းစာရဲ့ အဆိုအရ မန်ယူအသင်းဟာ စတာလင်းကို ပစ်မှတ်ထား ကြိုးပမ်းနေသလို စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာလည်း စတာလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိထားရပေမယ့် မန်စီးတီးအသင်းကတော့ စတာလင်းကို ရောင်းချသွားမယ့် အနေအထားမှာ မရှိဘူးလို့ အင်္ဂလန်သတင်းစာတချို့က ဖော်ပြထားကြပါတယ်။ မန်ချက်စတာမြို့ အခြေစိုက် သတင်းစာတွေ ကတော့ မန်ယူအသင်းဟာ ဆန်ချိုကို မခေါ်ယူနိုင်ပါက စတာလင်းကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်သလို စတာလင်းဘက်ကလည်း မန်ယူအသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိထားရပြီး စတာလင်းဟာ မန်ယူအသင်းထံကို ရုတ်တရတ် ပြောင်းရွှေ့သွားနိုင်တယ်လို့လည်း သုံးသပ် ထားကြပါတယ်။

Photo Credit: Express

လီဗာပူးအသင်း ၊ မန်စီးတီးအသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆု​ံး တောင်ပံ ကစားသမားတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားထားနိုင်ခဲ့တဲ့ စတာလင်းဟာ ငယ်စဉ်ကတုန်းက မန်ယူအသင်းရဲ့ အမာခံပရိသတ် တစ်ဦး ဖြစ်တယ်လို့ ဖွင့်ဟ ဝန်ခံထားသူလည်း ဖြစ်ပါတယ်။ Mirror သတင်းစာရဲ့ သတင်းထောက် ဖြစ်သူ John Crossနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ စတာလင်းက ” မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ၂၀၀၇ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်က ဒီစကားကို မပြောသင့်ဘူးဆိုတာ သိပေမယ့် ငယ်စဉ်တုန်းက ကျွန်တော်ဟာ မန်ယူအသင်းရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ခဲ့သူပါ ” လို့ ဖွင့်ဟ ပြောဆိုခဲ့ဖူးတာပါ။

The post ဆန်ချိုကို မရရင် စတာလင်းကို ဒုတိယ ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ မန်ယူအသင်း appeared first on MySport Myanmar.