မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့နံပါတ်တစ်ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့လက်စွမ်းပိုင်း ကျဆင်းလာမှုတွေကြောင့် လာမယ့်ဘောလုံးရာသီမှာ ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားချထားခဲ့တဲ့ ဂိုးသမားလေးဒင်းဟန်ဒါဆန်ကို အသင်းရဲ့ဦးစားပေးဂိုးသမားတစ်ယောက်အဖြစ် သုံးစွဲဖွယ်ရှိလာနိုင်သလို တကယ်လို့ ဒီအခြေအနေကို လက်မခံနိုင်ပဲ ဒီဂီယာက အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲ့မယ်ဆိုရင်လည်း သူရဲ့နေရာအတွက် လက်စတာအသင်းရဲ့ဂိုးသမားဖြစ်သူ ကတ်စပါရှမိုက်ကယ်နဲ့ပါ ပြန်လည်အစားထိုးသွားဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ယူနိုက်တက်ရဲ့ဂိုးသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ပီတာရှမိုက်ကယ်ရဲ့သား မန်စီးတီးအသင်းရဲ့ဂိုးသမားဟောင်း ကတ်စပါရှမိုက်ကယ်ဟာ ယူနိုက်တက်ရဲ့ရေဒါထဲမှာ ပါဝင်ခဲ့ဖူးတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ပြီး ဒီဂီယာနဲ့ စာချုပ်သက်တမ်းမတိုးရခင်တုန်းက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်း အတော်လေး ထွက်ပေါ်ခဲ့ဖူးသူဖြစ်ပါတယ်။ အခုလည်း အသင်းမှာ ဒီဂီယာရဲ့လက်စွမ်းတွေ ကျဆင်းလာမှုနဲ့ဆက်စပ်ပြီး ယူနိုက်တက်အသင်းဘက်ကနေ ရှမိုက်ကယ်ကို ပစ်မှတ်ထားနေလျက်ရှိတယ်ဆိုပြီး သတင်းတွေ တဖန်ပြန်လည်ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : The Sun

ဒီဂီယာရဲ့ဂိုးဖမ်းပုံ ပေါ့ဆမှုနဲ့ အမှားအယွင်းတွေက ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်မြစ်ဖျားခံလာခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက စပိန်လက်ရွေးစင်အသင်းမှာရော ယူနိုက်တက်အသင်းမှာပါ သူရဲ့အမှားတွေ မကြာခဏ ဖြစ်ပေါ်လာခဲ့ရကာ အသင်းရဲ့ရလဒ်တွေပါ ထိခိုက်လာခဲ့လို့ လာမယ့်ရာသီမှာ သူရဲ့နံပါတစ်နေရာကို ဒင်းဟန်ဒါဆန်ဆီ လွဲပြောင်းပေးဖို့ ရှိနေသလို နောက်ထပ်ဂိုးသမားတစ်ယောက်ကို ခေါ်ယူအားဖြည့်ဖို့ ဟန်ပြင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အသက်လက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အော့ဘလက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပေမယ့်လည်း အသက်လက်တီကိုဘက်က သူတုုိ့ရဲ့အဓိကဂိုးသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာကျောက်လောက်အထိ တန်ကြေးသတ်မှတ်ထားတာဖြစ်လို့ အော့ဘလက်အစား စျေးနှုန်းပိုသက်သာနေတဲ့ ရှမိုက်ကယ်ကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ဂိုးသမားရှမိုက်ကယ်ဟာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး လက်စွမ်းပိုင်း တည်ငြိမ်တဲ့ဂိုးသမားလည်းဖြစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ သက်တမ်းတိုးထာားတာ မကြာသေးတဲ့ ဒီဂီယာကိုတော့ ယူနိုက်တက်အနေနဲ့ အသင်းကနေ ရောင်းထုတ်သွားဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေအရမ်းနည်းနေပါတယ်။

The post လက်စတာဂိုးသမား ရှမိုက်ကယ်နဲ့ပါ အပြောင်းအရွှေသတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ မန်ယူ appeared first on MySport Myanmar.