မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ကွင်းလယ်ကစားသမား အစ်ဒရီဆာဂေးယီကို လက်ရှိအချိန်မှာ ဝုလ်ဗ်အသင်းကပါ ခေါ်ယူသွားဖို့ ယူနိုက်တက်အသင်းနဲ့အပြိုင် စိတ်ဝင်စားလို့နေလျက်ရှိပြီး လတ်တလောမှာ ဂေးယီကို ပီအက်စ်ဂျီအသင်းဘက်ကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေလျက်ရှိနေတာကြောင့် ဒါဟာ အသင်းနှစ်သင်းလုံးအတွက် သတင်းကောင်းတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။

Photo Credit : Goal

မကြာခင်မှာ အသက်(၃၁)နှစ် ပြည့်မြောက်တော့မယ့် ဆီနီဂေါလက်ရွေးစင် ကွင်းလယ်ကစားသမားသမားဟာ အဲဗာတန်အသင်းမှာ ကစားခဲ့စဉ်တုန်းကတည်းက ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ထားခံရသူဖြစ်ခဲ့ပေမယ့် ဂေးယီဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ အဲဗာတန်ကနေ ပီအက်စ်ဂျီအသင်းဆီကို ယူရို(၂၅)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဂေးယီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၃၃)ပွဲအထိ ပါဝင်ကစားထားပြီး (၁)ဂိုးသွင်းကာ (၂)ဂိုး ဖန်တီးထားနိုင်ခဲ့သလို ပွဲအများစုမှာလည်း ပါဝင်ကစားထားရပေမယ့် အသင်းက သူ့ကိုပြန်လည်ရောင်းချသွားချင်နေသလို သူကိုယ်တိုင်ကလည်း သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရေရေရာရာကို မသိရှိရသေးပါဘူး။

Photo Credit : Shoot

ဒီလိုအခြေအနေရှိနေတဲ့ ကွင်းလယ်ခံစစ်ကစားသမားဂေးယီကို ယူနိုက်တက်အသင်နဲ့ ဝုလ်ဗ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းမှုတွေကို မကြာခင်မှာ ပြုလုပ်လာကြဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အသင်းကတော့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရရှိထားတာဖြစ်လို့ အသင်းရဲ့လူအင်အားကို တောင့်တင်းနေစေဖို့အတွက် ဂေးယီလို အတွေ့အကြုံရင့် ကစားသမားမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းကလည်း အသင်းမှာ အနာဂတ်မရေမရာဖြစ်လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရူဘင်နီဗက်စ်နဲ့ အသက်အရွှယ်ကြီးရင့်လာပြီဖြစ်တဲ့ မော်တင်ဟိုတို့ရဲ့နေရာအတွက် ဂေးယီကို စိတ်ဝင်စားနေရတာဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလမှာ အသက်(၃၁)နှစ် ပြည့်သွားတော့မယ့် ဂေးယီဟာ အဲဗာတန်အသင်းနဲ့အတူ ဘောလုံးရာသီ(၃)ခုလောက်အထိ ဖြတ်သန်းခဲ့ဖူးသလို လိုင်လီနဲ့ အက်စတွန်ဗီလာအသင်းတွေမှာလည်း ပါဝင်ကစားဖူးတဲ့ အတွေ့အကြံုရင့် ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ တစ်ရာသီတည်း ပူးပေါင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာရဖွယ် ရှိနေပါတယ်။

The post ယူနိုက်တက်ရဲ့ပစ်မှတ် ဂေးယီကို အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတဲ့ ပီအက်စ်ဂျီ appeared first on MySport Myanmar.