ဒီႏွစ္ေဘာလုံးရာသီမွာ သြင္းဂုိးေတြနဲ႔အတူ သူရဲ႕နာမည္ကုိ တစ္ကမာၻလုံးက ေဘာလုံးဝါသနာရွင္ေတြ အားလုံးသတိထားမိလာေအာင္ လုပ္ေဆာင္ႏုိင္ခဲ႔သူကေတာ့ ဆယ္ေက်ာ္သက္အရႊယ္သာရွိေသးတဲ႔ ေနာ္ေဝႏုိင္ငံသာေလး အာလင္းဟာ့တ္လန္ပဲျဖစ္ပါတယ္။ ၾသစႀတီးယားထိပ္သီး ကလပ္အသင္း ရက္ဘူးဆာလ္ဇ္ဘာ့ဂ္အသင္းမွာ အေထာင္တုိက္စစ္မွဴးအျဖစ္ ပါဝင္ကစားေနတဲ႔ ဟာ့တ္လန္းဟာ သူရဲ႕ေျခစြမ္းေတြနဲ႔ သြင္းဂုိးမ်ားစြာ ရယူႏုိင္မႈေတြေၾကာင့္ ဥေရာပထိပ္သီး ကလပ္အသင္းေတြရဲ႕စိတ္ဝင္စားမႈကုိပါ ရရွိလာခဲ႔သူျဖစ္ေနပါတယ္။

Photo Credit : Getty Images

အသက္၁၉ႏွစ္သာရွိေသးတဲ႔ တုိက္စစ္မွဴးေလးဟာ့တ္လန္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာပဲ ဆာလ္ဇ္ဘာ့ဂ္အသင္းအတြက္ ဟက္ထရစ္သြင္းဂုိးကုိ သြင္းယူခဲ့ၿပီး သူ႔ကုိ  ေဘာလုံးနယ္ပယ္အတြင္း စတင္သတိထားမိလာေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ အဲ႔ဒီကေန ဂုိးသြင္းေျခေတြ႔ခဲ႔တဲ႔ ဟာ့တ္လန္းဟာ အခု ဆာလ္ဇ္ဘာ့ဂ္အသင္းအတြက္ ခ်န္ပီယံလိဂ္၄ပြဲဆက္တုိက္ သြင္းဂုိးေတြကို ေတာက္ေလွ်ာက္သြင္းယူႏုိင္ခဲ႔လု႔ိ ခ်န္ပီယံလိဂ္မွာေတာင္ စံခ်ိန္သစ္တစ္ခုကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ပါေသးတယ္။ ဒါ့အျပင္ ဟာ့တ္လန္းဟာ ၾသစၾတီးယားအမွတ္ေပးလိဂ္မွာလည္း ဆာလ္ဇ္ဘာ့ဂ္အတြက္ သြင္းဂုိးမ်ားစြာ ရယူထားခဲ႔ပါေသးတယ္။

Photo Credit : Getty Images

ဒါေၾကာင့္လည္း ဟာ့တ္္လန္းကုိ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းမ်ားျဖစ္တဲ႔ လီဗာပူးလ္ မန္စီးတီး မန္ခ်က္စတာယူႏုိက္တက္နဲ႔ အာဆင္နယ္တုိ႔ကပါ အၿပိဳင္စိတ္ဝင္စားေနၾကသလုိ ဂ်ဳဗင္တပ္စ္ ဘာစီလုိနာ ရီးရဲလ္မက္ဒရစ္အသင္းတုိ႔ကလည္း ေခၚယူဖုိ႔ ပစ္မွတ္ထားလာခဲ႔ၾကပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးထြက္ေပၚလာခဲ႔ သတင္းေတြအရေတာ့ ဟာ့တ္လန္းဟာ ဒီအသင္းေတြထက္ သူရဲ႕ဆာလ္ဇ္ဘာ့ဂ္အသင္းနဲ႔ စပြန္ဆာတစ္ကုမၼဏီတည္းျဖစ္တဲ႔ ရက္ဘူးလုိက္ဇ္ပစ္အသင္းဆီကုိပဲ ေျပာင္းေရႊ႔ကစားဖုိ႔က ျဖစ္ႏုိင္ေျခပုိမ်ားေနတယ္လုိ႔ သိရပါတယ္။

Photo Credit : Getty Images

လုိက္ဇ္ပစ္ကေတာ့ ဒီရာသီမွာ ပုံစံေကာင္းတစ္ခုကုိ ျပသထားႏုိင္ခဲ႔ၿပီး ဂ်ာမန္ဘြန္ဒက္လီဂါၿပိဳင္ပြဲမွာလည္း အမွတ္ေပးဇယားရဲ႕ အဆင့္၃ေနရာမွာ ရပ္တည္ထားႏုိင္သလုိ ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္ကုိ တတ္လွမ္းသြားဖုိ႔ အေျခအေနတအားေကာင္းလုိ႔ေနပါတယ္။ အရည္အေသြးျမင့္ လူငယ္နည္းျပ ဂ်ဴလီယန္နာဂ်ယ္စ္မန္းရဲ႕လက္ေအာက္မွာ အရွိန္အဟုန္ေကာင္းစြာနဲ႔ ျဖတ္သန္းလုိ႔ေနတဲ႔ လုိက္ဇ္ပစ္အသင္းဟာ အသင္းရဲ႕ဂ်ာမန္တုိက္စစ္မွဴး တီမုိဝါနာကုိ အသင္းကေန လက္လြတ္ရႏုိင္တာေၾကာင့္ သူ႔ေနရာမွာ ဟာ့တ္လန္းနဲ႔ အစားထုိးခ်င္ေနတာျဖစ္ပါတယ္။

(Unicode)

ကလပ်အသင်းကြီးတွေထက် လိုက်ဇ်ပစ်ကိုပဲ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဟာ့တ်လန်း

ဒီနှစ်ဘောလုံးရာသီမှာ သွင်းဂိုးတွေနဲ့အတူ သူရဲ့နာမည်ကို တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေ အားလုံးသတိထားမိလာအောင် လုပ်ဆောင်နိုင်ခဲ့သူကတော့ ဆယ်ကျော်သက်အရွှယ်သာရှိသေးတဲ့ နော်ဝေနိုင်ငံသာလေး အာလင်းဟာ့တ်လန်ပဲဖြစ်ပါတယ်။ သြစတြီးယားထိပ်သီး ကလပ်အသင်း ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ အထောင်တိုက်စစ်မှူးအဖြစ် ပါဝင်ကစားနေတဲ့ ဟာ့တ်လန်းဟာ သူရဲ့ခြေစွမ်းတွေနဲ့ သွင်းဂိုးများစွာ ရယူနိုင်မှုတွေကြောင့် ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့သူဖြစ်နေပါတယ်။

Photo Credit : Getty Images

အသက်၁၉နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးလေးဟာ့တ်လန်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာပဲ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ဟက်ထရစ်သွင်းဂိုးကို သွင်းယူခဲ့ပြီး သူ့ကို  ဘောလုံးနယ်ပယ်အတွင်း စတင်သတိထားမိလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီကနေ ဂိုးသွင်းခြေတွေ့ခဲ့တဲ့ ဟာ့တ်လန်းဟာ အခု ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ချန်ပီယံလိဂ်၄ပွဲဆက်တိုက် သွင်းဂိုးတွေကို တောက်လျှောက်သွင်းယူနိုင်ခဲ့လို့ ချန်ပီယံလိဂ်မှာတောင် စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဟာ့တ်လန်းဟာ သြစတြီးယားအမှတ်ပေးလိဂ်မှာလည်း ဆာလ်ဇ်ဘာ့ဂ်အတွက် သွင်းဂိုးများစွာ ရယူထားခဲ့ပါသေးတယ်။

Photo Credit : Getty Images

ဒါကြောင့်လည်း ဟာ့တ််လန်းကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်တဲ့ လီဗာပူးလ် မန်စီးတီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကပါ အပြိုင်စိတ်ဝင်စားနေကြသလို ဂျုဗင်တပ်စ် ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်အသင်းတို့ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာခဲ့ သတင်းတွေအရတော့ ဟာ့တ်လန်းဟာ ဒီအသင်းတွေထက် သူရဲ့ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ စပွန်ဆာတစ်ကုမ္မဏီတည်းဖြစ်တဲ့ ရက်ဘူးလိုက်ဇ်ပစ်အသင်းဆီကိုပဲ ပြောင်းရွှေ့ကစားဖို့က ဖြစ်နိုင်ခြေပိုများနေတယ်လို့ သိရပါတယ်။

Photo Credit : Getty Images

လိုက်ဇ်ပစ်ကတော့ ဒီရာသီမှာ ပုံစံကောင်းတစ်ခုကို ပြသထားနိုင်ခဲ့ပြီး ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာမှာ ရပ်တည်ထားနိုင်သလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တတ်လှမ်းသွားဖို့ အခြေအနေတအားကောင်းလို့နေပါတယ်။ အရည်အသွေးမြင့် လူငယ်နည်းပြ ဂျူလီယန်နာဂျယ်စ်မန်းရဲ့လက်အောက်မှာ အရှိန်အဟုန်ကောင်းစွာနဲ့ ဖြတ်သန်းလို့နေတဲ့ လိုက်ဇ်ပစ်အသင်းဟာ အသင်းရဲ့ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို အသင်းကနေ လက်လွတ်ရနိုင်တာကြောင့် သူ့နေရာမှာ ဟာ့တ်လန်းနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။

The post ကလပ္အသင္းႀကီးေတြထက္ လုိက္ဇ္ပစ္ကုိပဲ ေျပာင္းေရႊ႔ဖြယ္ရွိေနတဲ႔ ဟာ့တ္လန္း appeared first on MySport Myanmar.