မန်စီးတီးအသင်းဟာ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားမြင့်တင်နိုင်ဖို့အတွက် နာပိုလီအသင်းရဲ့ နောက်ခံလူ ကူလီဘလီကို ပစ်မှတ်ထားလို့နေပြီး ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းနေတာကြောင့် အသင်းသား(၂)ယောက်ကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပြီး အသင်းရဲ့ဗဟိုခံစစ်ကစားသမား နီကိုလပ်စ်အော်တာမန်ဒီနဲ့ နောက်ခံအစွန်လူ အော်လစ်ဆန်ဒါဇင်ချန်ကိုတို့ကို အလိုက်ပေးကာ ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၉)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် နောက်ခံကစားသမား ကူလီဘလီဟာ လာမယ့်စျေးကွက်အတွင်းမှာ နာပိုလီကနေ ထွက်ခွာသွားဖွယ်ရှိနေပြီး သူ့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းများဖြစ်တဲ့ လီဗာပူးလ် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ပစ်မှတ်ထားလို့နေပြီး ကစားသမားကိုယ်တိုင် ပတ်ဂွာဒီယိုလာနဲ့သာ လက်တွဲသွားဖို့ ပိုပြီးဆန္ဒရှိနေတဲ့အတွက် မန်စီးတီးကို ရွေးချယ်သွားဖို့ အခြေအနေများလို့နေပါတယ်။ ဒါပေမယ့် နာပိုလီဘက်က သူတို့ကစားသမားကို ပြောင်းရွှေ့ကြေးများစွာ အလိုရှိနေပြီး အနည်းဆုံး ပေါင်သန်း(၇၀)လောက်အထိကို လိုချင်နေတာကြောင့် ဒီပမာဏက ကူလီဘလီကို ခေါ်ယူချင်နေတဲ့ အသင်းတွေအတွက် ခေါင်းခဲစရာ ဖြစ်နေရပါတယ်။

Photo Credit : The Us Posts

မန်စီးတီးအသင်းဟာလည်း ကူလီဘလီကို ခေါ်ယူရမှာ ပြောင်းရွှေ့ကြေးကို တစ်လုံးတစ်ခဲကြီး အသုံးပြုဖို့ထက် အသင်းက ကစားသမားတွေကိုပဲ အလိုက်ပေးပြီး ကမ်းလှမ်းဖွယ်သာ ရှိနေခဲ့ပါတယ်။ မန်စီးတီးအသင်းက အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့တဲ့ အာဂျင်တီးနားနောက်ခံလူ အော်တာမန်ဒီနဲ့ အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေခဲ့ရပြီး ပါဝင်ကစားခွင့် ပွဲတွေမှာလည်း အမှားတွေ ကျူးလွန်တတ်တဲ့ နောက်ခံအစွန်လူ ဇင်ချန်ကိုတို့ကို အလိုက်ပေးပြီး ပြောင်းရွှေ့ကြေးတချို့နဲ့အတူ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းလောက်မှာပဲ အဓိကနောက်ခံလူ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့်ကွန်ပနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ခဲ့ရသလို နောက်ခံလူသစ်တစ်ယောက်ကိုလည်း ပြန်လည်ခေါ်ယူခဲ့ခြင်း မရှိတာကြောင့် ခံစစ်ပိုင်းက အားနည်းချက်တွေဖြစ်ခဲ့ရပြီး လာပေါ့တ်ကပါ ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူခဲ့ရတာကြောင့် ကွင်းလယ်လူဖာနန်ဒင်ဟိုကိုပါ ခံစစ်မှာ ထည့်သွင်းအသုံးပြုရသလို ခံစစ်ပိုင်း အမှားအယွင်းတွေကလည်း မကြာခဏ ဖြစ်နေရလို့ အနိုင်ရသင့်တဲ့ပွဲတွေမှာတောင် ရမှတ်တွေ ဆုံးရှံးခဲ့ပြီး ချန်ပီယံဆုကိုပါ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။

The post ကူလီဘလီကို ခေါ်ယူနိုင်ဖို့အတွက် ခံစစ်ကစားသမား (၂)ဦးကို အလိုက်ပေးသွားမယ့် မန်စီးတီး appeared first on MySport Myanmar.