အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ မာဆေးဆိုက်ဒါဘီပွဲအတွင်း အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖိုဒ့်နဲ့ ထိခိုက်မိရင်း ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကို ခံစားလိုက်ရလို့ ရာသီအကုန်လောက်အထိ အနားယူတော့မယ် အသင်းရဲ့ အဓိကနောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ ဗဟိုခံစစ်ကစားသမားတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူရတော့မယ့် လီဗာပူးလ်အသင်းဟာ လတ်တလောမှာတော့ ရှော်ကေးအသင်း နောက်ခံကစားသမားလေး အိုဇန်ကာဘတ်ခ်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ် နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမား ဗန်ဒိုက်ဟာ ACL လို့ခေါ်တဲ့ ဒူးဒဏ်ရာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပြီး ဒဏ်ရာကိုလည်း ခွဲစိတ်ကုသခံရတော့မှာဖြစ်လို့ ကာလရှည်အနားယူရတော့မှာဖြစ်လို့ မကြာခင်မှာ ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီစျေးကွက်အတွင်းမှာ ခံစစ်မှူးတစ်ယောက်ကို အရခေါ်ယူသွားရတော့မှာဖြစ်ပါတယ်။ လတ်တလောမှာ လီဗာပူးလ်အသင်းဟာ ခံစစ်ကစားသမားများစွာနဲ့ သတင်းထွက်နေပေမယ့်လည်း Mirror သတင်းမီဒီယာကနေ ဖော်ပြချက်တွေအရ ရှော်ကေးအသင်းရဲ့ တူရကီနောက်ခံကစားသမားလေး အိုဇန်ကာဘတ်ခ်ကိုပဲ ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)လောက်နဲ့ ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ တူရကီလူငယ်နောက်ခံကစားသမား အိုဇန်ကာဘတ်ခ်ဟာ ဂါလာတာစာရေးကနေ ဂျာမန်ဘွန်ဒစ်လီဂါဆီကို ရောက်ရှိလာခဲ့ပြီး စတုဂတ်အသင်းနဲ့ စတင်ကစားခဲ့ရင်း မနှစ်က ဘောလုံးရာသီမှာပဲ ရှော်ကေးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ့ကို ရှော်ကေးအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)လောက်အထိကို သတ်မှတ်ထားပေမယ့်လည်း လက်ရှိ စီးပွားရေးအနေအထားတွေကြောင့် ပေါင်သန်း(၃၀)လောက်နဲ့ အသင်းကနေ ရောင်းချသွားဖို့ ရှိနေပါတယ်။ သို့ပေမယ့်လည်း ကြားသိထားရတဲ့ သတင်းတွေအရ လီဗာပူးလ်ဘက်က ကာဘတ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်လောက်နဲ့သာ ကမ်းလှမ်းချင်နေတယ်လို့ သိရှိထားရပြီး အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးပိုင်းကို ဆက်လက်ညှိနှိုင်းရဖွယ် ရှိနိုင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဘရိုက်တန်နောက်ခံလူဘင်ဝှိုက် ဘန်လေနောက်ခံလူ တာကေစကီးတို့နဲ့လည်း ကစားသမားနှစ်ယောက်လုံးကို သူတို့သက်ဆိုင်ရာ ကလပ်အသင်းတွေက ရာသီဝက်လော်မှာ ထုတ်ရောင်းသွားချင်မှာ မဟုတ်သလို တန်ကြေးလည်းမြင့်မားနိုင်တဲ့အတွက် အရင်ကတည်းက အသင်းရဲ့ပစ်မှတ်ဖြစ်နေခဲ့တဲ့ ကာဘတ်ကိုပဲ အရခေါ်ယူဖွယ် ရှိနေပါတယ်။

The post လာမယ့်ဇန်နဝါရီလမှာ ရှော်ကေးနောက်ခံကစားသမားကို အရခေါ်ယူသွားဖွယ်ရှိနေတဲ့ လီဗာပူးလ် appeared first on MySport Myanmar.