ဒီနှစ်၂၀၂၀ခုနှစ်အတွင်းမှာ အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲလည်းရှိနေသလို ၂၀၂၁ခုနှစ် ဇန်နဝါရီမှာလည်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲလည်းရှိနေသေးတာကြောင့် ဒီပြိုင်ပွဲ(၂)ခုလုံးမှာ ပါဝင်ကစားဖို့ရှိနေတဲ့ အီဂျစ်အသင်းမှာ ရွေးချယ်ခံထားရဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကြောင့် သူရဲ့လီဗာပူးလ်အသင်းက လာမယ့်ဘောလုံးရာသီအတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွင်း ဆာလာမပါပဲ (၄)လတာလောက် ဖြတ်သန်းရဖွယ်ရှိနေတာမို့ တိုက်စစ်ပိုင်းမှာ အားနည်းမှုတွေ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Getty Image

တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ သိပ်မကြာခင် ဂျပန်နိုင်ငံ တိုကျိုမြို့အတွင်းမှာ ကျင်းပပြုလုပ်ဖွယ်ရှိနေတဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာ အီဂျစ်ယူ-၂၃အသင်းမှာ ပါဝင်ကစားဖို့က သေချာသလောက်ရှိနေပါတယ်။ တကယ်တော့ ၂၀၂၀ နွေရာသီအိုလံပစ် ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၂ရက်ကနေ သြဂုတ်လ ၈ရက်နေ့အထိ ကျင်းပဖို့ရှိနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရက်ရွှေ့ဆိုင်းရဖို့ရဖွယ်ရှိနေကာ ဘယ်အချိန်မှာ ပြန်လည်ကျင်းပဖို့ရှိနေသလဲဆိုတာ မသိရသေးပေမယ့်လည်း ဆာလာကတော့ အီဂျစ်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲကို ဆင်နွဲမှာတော့ သေချာနေပါတယ်။

Photo Credit : Getty Image

တကယ်လို့ အီဂျစ်အသင်းဟာ အိုလံပစ်ပြိုင်ကို ဖိုင်နယ်အထိ တတ်လှမ်းနိုင်ခဲ့မယ်ဆိုရင် ဆာလာကို သူရဲ့လီဗာပူးလ်အသင်းက (၂)လလောက်အထိ လက်လွတ်ရဖွယ်ရှိနေခဲ့ရသလို ၂၀၂၁ခုနှစ်အစပိုင်းမှာလည်း အာဖရိကဖလားပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့ရှိနေသေးတာကြောင့် ဆာလာအပြင် ဆီနီဂေါတိုက်စစ်မှူးဆာဒီအိုမာနေး ဂီနီကွင်းလယ်လူနာဘီကီတာနဲ့ ကင်မရွန်းနောက်ခံလူဂျိုရယ်မာတစ်တို့ကိုပါ (၂)လလောက်အထိ လက်လွတ်ရဦးမှာဖြစ်ပါတယ်။ ဆိုတော့ လီဗာပူးလ်အနေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမတိုင်ခင် တိုက်စစ်ပိုင်းအတွက်ကို ကစားသမားသစ်တစ်ယောက် ခေါ်ယူထားသင့်ပြီး လီဗာပူးလ်ဘက်ကနေလည်း လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပါတယ်။

The post ဆာလာကို (၄)လလောက်အထိ လက်လွတ်ရနိုင်တဲ့ လီဗာပူးလ်ရဲဲ့ နောက်ဆက်တွဲဆိုးကျိုးများ appeared first on MySport Myanmar.