ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကမှ ပေါ်တူဂီကလပ် စပို့တင်းဘရာဂါအသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ကစားသမားသစ်လေးဖြစ်သူ ဖရန်ဆစ်စကိုထရင်ကာအိုကို လက်စတာအသင်းကနေ (၂)ရာသီအငှားနဲ့ ခေါ်ယူချင်နေပြီး အငှားသက်တမ်း ပြည့်မြောက်သွားချိန်မှာ ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းနဲ့ အပြီးသတ်ဝယ်ယူသွားဖို့အတွက် ဘာစီလိုနာအသင်းဆီကို ကမ်းလှမ်းထားခဲ့တယ်လို့ နာမည်ကျော် ဗြိတိန်သတင်းစာ The Guardian ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Youtube

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ပေါ်တူဂီလူငယ်တိုက်စစ်ကစားသမားလေး ထရင်ကာအိုဟာ ဘရာဂါအသင်းမှာ အရမ်းခြေစွမ်းပြသနိုင်ခဲ့လို့ ဘာစီလိုနာအသင်းကနေ သူ့ကို စိတ်ဝင်စားလာခဲ့ရာကနေ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာပဲ ပေါင်(၂၆)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘရာဂါအသင်းမှာပဲ ရာသီကုန်အထိ အငှားချခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအတွက် တစ်ပွဲမှ ပါဝင်မကစားရသေးခင်မှာပဲ ထရင်ကာအိုဟာ ဘာစီလိုနာကနေ ပြန်လည်ထွက်ခွာရဖွယ်ရှိနေပြီး သူ့ကို လက်စတာအသင်းနဲ့ စီးရီးအေရဲ့ထိပ်တန်းကလပ် အတ္တလန်တာအသင်းတို့ကနေ အပြိုင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit : Sky Sports

လာမယ့်ဘောလုံးရာသီမှာ ဥရောပဝင်ခွင့်ကို ပြန်လည်ပိုင်ဆိုင်ထားတဲ့ လက်စတာအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အရည်အသွေးမြင့် လူငယ်တိုက်စစ်ကစားသမားလေး ထရင်ကာအိုကို အလိုနေပြီး ကနဦးမှာ အငှားနဲ့ခေါ်ယူကာ အငှားပြည့်တာနဲ့ အပြီးသတ်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ အသင်းအတွက် တစ်ပွဲတောင်မှ မကစားပေးရသေးတဲ့ လူငယ်ကြယ်ပွင့် ကစားသမားသစ်လေးကို အသင်းကနေ မရောင်းချပေမယ့် ကုုိဗစ်ဂယက်နောက်ပိုင်းကတည်းက အသင်းရဲ့စီးပွားရေး ဟန်ချက်မညီမှုတွေ ဖြစ်နေတာကြောင့် ဆောင်းစျေးကွက်ထဲက ကြိုတင်ခေါ်ယူထားမိခဲ့တဲ့ ထရင်ကာအို အသင်းကနေ ပြန်လည်ရောင်းချကောင်း ရောင်းချလာနိုင်ပါတယ်။ ထရင်ကာအိုဟာ ဘရာဂါအသင်းကို ရာသီအကုန်မှာ အမှတ်ပေးဇယားရဲ့အဆင့်(၃)နေရာထိရောက်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ရာသီမှာလည်း အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသခဲ့ကာ ပြိုင်ပွဲစုံပွဲ(၄၀)အတွင်း (၉)ဂိုးသွင်းယူခဲ့သလို (၁၃)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဂါအသင်းကို Taca da Liga လို့ခေါ်တဲ့ ပေါ်တူဂီလိဂ်ဖလားကို အရယူပေးနိုင်ခဲ့ပါသေးတယ်။

The post ဘာစီလိုနာ ကစားသမားသစ်ကို (၂)ရာသီအငှားနဲ့ ခေါ်ယူသွားဖွယ် ကြိုးပမ်းနေတဲ့ လက်စတာ appeared first on MySport Myanmar.