အသက္အရႊယ္အရ ၃၂ႏွစ္ကုိ ေရာက္ရွိေနေပမယ့္လည္း အခုအခ်ိန္ထိကုိ သူရဲ႕ေျခစြမ္းေကာင္းေတြကုိ ဆက္လက္ျပသႏုိင္ျဖစ္တဲ့ လက္စတာအသင္းရဲ႕တုိက္စစ္ကစားသမား ေဂ်မီဗာဒီကေတာ့ ဒီရာသီမွာ သူရဲ႕လက္စတာအသင္းအတြက္ကုိ သြင္းဂုိးတာဝန္ေတြ အျပည့္အဝ တာဝန္ေက်ေအာင္ ထမ္းေဆာင္ေပးထားႏုိင္ခဲ႔သလုိ ၿပီးခဲ႔တဲ႔ေအာက္တုိဘာလအတြင္းမွာလည္း အသင္းအတြက္ သြင္းဂုိးေတြမ်ားစြာ ရယူထားခဲ႔ႏုိင္တာေၾကာင့္ ေအာက္တုိဘာလရဲ႕ အေကာင္ဆုံးေသာကစားသမားဆုကုိ ပုိင္ဆုိင္သြားခဲ႔ရပါတယ္။

Photo Credit : Getty Images

ဗာဒီဟာ လက္စတာအသင္းနဲ႔အတူ ေအာက္တုိဘာလအတြင္းမွာ ပရီးမီးယားလိဂ္ပြဲေပါင္း ၃ပြဲအထိ ပါဝင္ကစားခဲ႔ၿပီး သြင္းဂုိးေတြ ၄ဂုိးအထိကုိ ရယူႏုိင္ခဲ႔သူျဖစ္ပါတယ္။ ဗာဒီဟာ လက္စတာက ဘန္ေလအသင္းကုိ ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရတဲ႔ပြဲမွာ သြင္းဂုိး၁ဂုိး ရယူႏုိင္ခဲ႔သလုိ ေဆာက္သမ္တန္ကုိ အေဝးကြင္းမွာ ၉ဂုိးျပတ္နဲ႔ အႏုိင္ရယူခဲ႔တဲ႔ ပြဲစဥ္မွာလည္း အသင္းအတြက္ ဟက္ထရစ္ရယူႏုိင္ခဲ႔ပါေသးတယ္။ ဒီလုိ ေျခစြမ္းျပထားခဲ႔တဲ႔ ဗာဒီဟာ ေအာက္တုိဘာလရဲ႕ အေကာင္းဆုံးကစားသမားဆုအတြက္ အသင္းေဖာ္တုိင္လီမန္းစ္ ရွက္ဖီးဂုိးသမားဒင္းဟန္ဒါဆင္ ခ်ယ္လ္ဆီးေတာင္ပံကစားသမားဝီလီယံ မန္စီးတီးကြင္းလယ္လူဂန္ဒုိဂန္တုိ႔ကုိ ေက်ာ္ျဖတ္ၿပီး ရယူႏုိင္ခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ဗာဒီဟာ ဒီရာသီမွာ လက္စတာအသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂုိး ၁၀ဂုိးအထိ သြင္းယူထားႏုိင္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕သြင္းဂုိးအမ်ားဆုံးေနရာမွာ ထိပ္ဆုံးကေန ရပ္တည္လုိ႔ေနပါတယ္။ အခုလုိ ပရီးမီးယားလိဂ္ရဲ႕ေအာက္တုိဘာလအေကာင္းဆုံးဆုကုိ ပုိင္ဆုိင္ခဲ႔တာနဲ႔ပတ္သက္ၿပီး ဗာဒီက “ဒီဆုကုိ ပုိင္ဆုိင္ရတဲ႔အတြက္ ဝမ္းသာမိရပါတယ္။ ဒါေပမယ့္ ဒါက အသင္းရဲ႕စြမ္းေဆာင္ရည္ဘယ္ေလာက္ေကာင္းလဲဆုိတာကုိ သက္ေသျပသလုိက္လုိပါပဲ။ အသင္းက အေကာင္းဆုံး စြမ္းရည္ေတြကုိ ျပသခဲ႔ရင္းနဲ႔ ကြ်န္ေတာ္က ကံထူးၿပီး ဒီဆုကုိ ပုိင္ဆုိင္လုိက္ရတာပါ” လုိ႔ ဖြင့္ဟေျပာဆုိသြားခဲ့ပါတယ္။

Photo Credit : Getty Images

ဗာဒီအပါအဝင္ အသင္းသားေတြအားလုံးရဲ႕ေျခစြမ္းျပေနမႈနဲ႔ နည္းျပဘရန္ဒန္ေရာ္ဂ်ာစ္ရဲ႕အေကာင္းဆုံးကုိင္တြယ္မႈေတြေၾကာင့္ လက္စတာအသင္းဟာ ဒီရာသီိမွာ ရလဒ္ေကာင္းေတြနဲ႔ လက္ရွိပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာလည္း အဆင့္၂ေနရာအထိ ရယူထားႏုိင္ခဲ႔သလို တုိက္စစ္နဲ႔ခံစစ္မွာလည္း သူ႔အထက္က အသင္းႏွစ္သင္းျဖစ္တဲ႔ လီဗာပူးလ္နဲ႔မန္စီးတီးတုိ႔ၿပီးရင္ တုိက္စစ္ ခံစစ္ ဒုတိယအေကာင္းဆုံးအသင္းအျဖစ္နဲ႔ပါ ရပ္တည္လုိ႔ေနပါတယ္။ လက္စတာက လာမယ့္ Weekend မွာ အာဆင္နယ္အသင္းနဲ႔ ပြဲက်ပ္ရင္ဆုိင္ကစားရမွာပဲျဖစ္ပါတယ္။

(Unicode)

အောက်တိုဘာလရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားအဖြစ် ဗာဒီရွေးချယ်ခံရ

အသက်အရွှယ်အရ ၃၂နှစ်ကို ရောက်ရှိနေပေမယ့်လည်း အခုအချိန်ထိကို သူရဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနိုင်ဖြစ်တဲ့ လက်စတာအသင်းရဲ့တိုက်စစ်ကစားသမား ဂျေမီဗာဒီကတော့ ဒီရာသီမှာ သူရဲ့လက်စတာအသင်းအတွက်ကို သွင်းဂိုးတာဝန်တွေ အပြည့်အဝ တာဝန်ကျေအောင် ထမ်းဆောင်ပေးထားနိုင်ခဲ့သလို ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာလည်း အသင်းအတွက် သွင်းဂိုးတွေများစွာ ရယူထားခဲ့နိုင်တာကြောင့် အောက်တိုဘာလရဲ့ အကောင်ဆုံးသောကစားသမားဆုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဗာဒီဟာ လက်စတာအသင်းနဲ့အတူ အောက်တိုဘာလအတွင်းမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၃ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးတွေ ၄ဂိုးအထိကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဗာဒီဟာ လက်စတာက ဘန်လေအသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး၁ဂိုး ရယူနိုင်ခဲ့သလို ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၉ဂိုးပြတ်နဲ့ အနိုင်ရယူခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် ဟက်ထရစ်ရယူနိုင်ခဲ့ပါသေးတယ်။ ဒီလို ခြေစွမ်းပြထားခဲ့တဲ့ ဗာဒီဟာ အောက်တိုဘာလရဲ့ အကောင်းဆုံးကစားသမားဆုအတွက် အသင်းဖော်တိုင်လီမန်းစ် ရှက်ဖီးဂိုးသမားဒင်းဟန်ဒါဆင် ချယ်လ်ဆီးတောင်ပံကစားသမားဝီလီယံ မန်စီးတီးကွင်းလယ်လူဂန်ဒိုဂန်တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဗာဒီဟာ ဒီရာသီမှာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးအများဆုံးနေရာမှာ ထိပ်ဆုံးကနေ ရပ်တည်လို့နေပါတယ်။ အခုလို ပရီးမီးယားလိဂ်ရဲ့အောက်တိုဘာလအကောင်းဆုံးဆုကို ပိုင်ဆိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဗာဒီက “ဒီဆုကို ပိုင်ဆိုင်ရတဲ့အတွက် ဝမ်းသာမိရပါတယ်။ ဒါပေမယ့် ဒါက အသင်းရဲ့စွမ်းဆောင်ရည်ဘယ်လောက်ကောင်းလဲဆိုတာကို သက်သေပြသလိုက်လိုပါပဲ။ အသင်းက အကောင်းဆုံး စွမ်းရည်တွေကို ပြသခဲ့ရင်းနဲ့ ကျွန်တော်က ကံထူးပြီး ဒီဆုကို ပိုင်ဆိုင်လိုက်ရတာပါ” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဗာဒီအပါအဝင် အသင်းသားတွေအားလုံးရဲ့ခြေစွမ်းပြနေမှုနဲ့ နည်းပြဘရန်ဒန်ရော်ဂျာစ်ရဲ့အကောင်းဆုံးကိုင်တွယ်မှုတွေကြောင့် လက်စတာအသင်းဟာ ဒီရာသီိမှာ ရလဒ်ကောင်းတွေနဲ့ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်၂နေရာအထိ ရယူထားနိုင်ခဲ့သလို တိုက်စစ်နဲ့ခံစစ်မှာလည်း သူ့အထက်က အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့မန်စီးတီးတို့ပြီးရင် တိုက်စစ် ခံစစ် ဒုတိယအကောင်းဆုံးအသင်းအဖြစ်နဲ့ပါ ရပ်တည်လို့နေပါတယ်။ လက်စတာက လာမယ့် Weekend မှာ အာဆင်နယ်အသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။

The post ေအာက္တုိဘာလရဲ႕ ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားအျဖစ္ ဗာဒီေရြးခ်ယ္ခံရ appeared first on MySport Myanmar.