ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကတော့ သူတို့အသင်းရဲ့ နောက်ဆုံး ကစားသမား ခေါ်ယူမှု ဖြစ်တဲ့ ရန်းနက်အသင်းရဲ့ ဂိုးသမား မန်ဒီကို ခေါ်ယူခဲ့မှုမှာ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦး ဖြစ်တဲ့ ပီတာချက်ဟာ အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့ကြောင်းကို ဖွင့်ဟ ပြောပြ သွားခဲ့ပါတယ်။ ချယ်လ်ဆီး အသင်း ဟာ ၂၀၁၈ ခုနှစ် မှာ လက်ရှိ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်တဲ့ ကီပါကို ဂိုးသမား တစ်ဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၀ သန်းနဲ့ ခေါ်ယူကာ အနာဂတ်အတွက် ရည်မှန်း ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ကီပါရဲ့ လက်စွမ်းတွေဟာ ပိုမို ဆိုးရွား လာခဲ့တာကြောင့် အရေးပေါ် ခေါ်ယူမှု အဖြစ် ရန်းနက်စ် အသင်းရဲ့ ဂိုးသမား မန်ဒီကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ချယ်လ်ဆီး အသင်းဟာ အသက် ၂၈ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မန်ဒီအတွက် ရန်းနက်စ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်း ပေးချေ ခဲ့ရပြီး မန်ဒီဟာ ချယ်လ်ဆီး အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၈၅၀၀၀ ရရှိမှာ ဖြစ်သလို ချယ်လ်ဆီး အသင်းနဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ မန်ဒီဟာ လက်ရှိမှာတော့ လန်ဒန်မြို့ကို ရောက်ရှိ နေပြီး ချယ်လ်ဆီးအသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ် နေကာ မကြာမီမှာပဲ ချယ်လ်ဆီး အသင်းရဲ့ တရားဝင် ဂိုးသမား ဖြစ်လာတော့မှာပါ။ ဘန်စလေ အသင်းနဲ့ ကစားမယ့် ပွဲစဉ် အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ်က သူ့ရဲ့ အသင်းဖော်ဟောင်း ပီတာချက်ဟာ မန်ဒီကို ခေါ်ယူရာမှာ သူ့ကို အကောင်းဆုံး အကူအညီ ပေးခဲ့တယ် လို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: AS English

ဂိုးသမားသစ် ခေါ်ယူရာမှာ ပီတာချက်က သူ့ကို အကူအညီ ပေးခဲ့ကြောင်းကို လမ်းပတ်က ” ပီတာ(ချက်) က အရေးပါတဲ့ နေရာမှာ ရှိခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဂိုးသမား ဆိုတဲ့ နေရာဟာ အရမ်းထူးခြားတဲ့ နေရာတစ်ခု ဖြစ်လို့ပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ နေရာမှာ အချိန်အတော်ကြာ ရှိခဲ့သူ တစ်ဦး ဖြစ်တာကြောင့် ကျွန်တော့် အနေနဲ့ ဘာလုပ်သင့်လဲ ဆိုတာ သူက အများကြီး ပြောပြခဲ့ပါတယ်။ ဂိုးသမားတွေ ကို တစ်ရက်ပြီး တစ်ရက် ဘယ်လို ကိုင်တွယ် ရမလဲ ၊ အနာဂတ် အတွက် ဘယ်လိုမျိုး စီမံထားရမလဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး ကျွန်တော်က သူ့ကို အားကိုး ခဲ့ရပါတယ်။ ဒါ့ကြောင့် သူက အရမ်းအရေးပါတဲ့လူ လို့ ကျွန်တော် ပြောချင်ပါတယ် ” ဆိုပြီး ဖွင့်ဟ ပြောကြား သွားခဲ့တာပါ။

The post မန်ဒီကို ခေါ်ယူရာမှာ ပီတာချက်က ကူညီခဲ့ပုံကို ဖွင့်ဟ ပြောပြလာခဲ့တဲ့ လမ်းပတ် appeared first on MySport Myanmar.