ဘာစီလိုနာအသင်းရဲ့ နည်းပြ ရော်နယ် ကိုးမန်းက မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ သူ့ကြောင့် မဟုတ်ဘဲ ဘာစီလိုနာအသင်း နဲ့ မက်ဆီကြားက ပဋိပက္ခတွေပဲ ဖြစ်ပြီး မက်ဆီနဲ့ ဆက်ဆံရေး အဆင်ပြေတယ်လို့ Fox Sports သတင်းမှာ ပြောကြားသွားပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ရာသီမှာ ဆုဖလား တစ်ခုမှ မရနိုင်ခဲ့ဘဲ ဆုဖလား လက်မဲ့ ရာသီကုန်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ သြဂုတ်လက ဘာစီလိုနာအသင်းက ထွက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း စာချုပ် ဖျက်သိမ်းကြေးကြောင့် ဘာစီလိုနာအသင်းမှာ ဆက်နေခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း အသင်းနဲ့ (၁) နှစ်သာ ကျန်ရှိတော့တဲ့ စာချုပ်ကို ထပ်တိုးဖို့အတွက် ဆွေးနွေးခြေင်း မရှိသေးလျက် ရှိပြီး ဘာစီလိုနာအသင်းရဲ့ ရာသီကြို ခြေစွမ်းပွဲစဉ်ကိုတော့ ပါဝင် ကစားသွားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းခဲ့သလို၊ ရာသီကြို ခြေစွမ်းပွဲစဉ်တွေကိုလည်း ကစားခဲ့တာ ဖြစ်ပြီး နည်းပြ ကိုးမန်းက မက်ဆီ နဲ့ အသင်းကြားမှာပဲ ပဋိပက္ခ ရှိခဲ့တာ ဖြစ်တယ်လို့ ပြန်လည် ပြောပြခဲ့ပါတယ်။

Photo Credit: Goal

Fox Sports မှာ နည်းပြ ရော်နယ် ကိုးမန်းက “ဒီကိစ္စက ကျွန်တော့်ဆီကိုလည်း ရောက်လာခဲ့တယ်။ ဒီကိစ္စက မက်ဆီ နဲ့ အသင်းကြားက ပဋိပက္ခ ဖြစ်ပါတယ်။ ကျွန်တော် မက်ဆီနဲ့ စကားပြောခဲ့ကြတဲ့ အချိန်တကည်းက ပုံမှန်လို ဆက်ပြောလာခဲ့ကြပါတယ်။ ကျွန်တော်တို့ လက်ရှိအချိန်မှာ ရာသီသစ် အတွက် ပြင်ဆင်နေကြပါတယ်။ ကျွန်တော်တို့ လက်ရှိ ကစားသမားတွေနဲ့ပဲ ကစားရဖွယ် ရှိနေပြီး ဒီဟာက ပြင်ဆင်မှု ဖြစ်မယ်လို့ ကျွန်တော် ယူဆပါတယ်”လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ နည်းပြ ရော်နယ် ကိုးမန်းရဲ့ ဘာစီလိုနာအသင်းဟာ ယနေ့ည၊ ဗုဒ္စဟူးနေ့ည၊ (၁၁း၃၀) အချိန်မှာ ဂျိရိုနာအသင်းနဲ့ ကလပ် ချစ်ကြည်ရေး ခြေစွမ်းပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး လာလီဂါ ပွဲစဉ်ကိုတော့ လာမယ့် (၂၇) ရက်နေ့၊ တနင်္ဂနွေနေ့ညမှာ ဗီလာရီးရဲလ်အသင်းနဲ့ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

The post မက်ဆီက အသင်းနဲ့ပဲ ပဋိပက္ခ ဖြစ်ခဲ့ပြီး သူနဲ့ ဆက်ဆံရေး ကောင်းမွန်တယ်လို့ ပြောလိုက်တဲ့ နည်းပြ ကိုးမန်း appeared first on MySport Myanmar.