မနေ့ညက ကျင်းပသွားခဲ့တဲ့ ကိုပါအီတလီယာပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အေစီမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ ရင်ဆိုင်ကစားသွားခဲ့ကြပြီး အိမ်ရှင်မီလန်က ရီဘစ်ရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ ခွင့်ပြုပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် ရော်နယ်ဒိုက ဂျုဗင်တပ်စ်အသင်းအတွက် ချေပဂိုးပြန်သွင်းပြီး ပထမအကျော့ကို တစ်ဖက်၁ဂိုးစီနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ ဒုတိယအကျော့ကို လာမယ့်မတ်လဆန်းပိုင်းမှသာ တူရင်မြေမှာ ပြန်လည်ကစားစေမှာဖြစ်ပြီး အဲ့ဒီပွဲကိုတော့ မီလန်ဘက်ကနေ တိုက်စစ်မှူးကြီးမိုဗစ် ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

Photo Credit : Milan.news

ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး မိုဗစ်ဟာ ပထမပိုင်း ပွဲကစားချိန် မိနစ်၃၀မှာပဲ အဆိုပါပွဲရဲ့ ပထမဆုံးသော အဝါကတ်ပြား ပြသခံရခဲ့သူဖြစ်ခဲ့သလို ဒီပွဲမတိုင်ခင် တိုရီနိုကို အနိုင်ရခဲ့တဲ့ ကိုပါအီတလီယာ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း အဝါကတ်ပြခံထားရတာကြောင့် ကိုပါအီတလီယာရဲ့စည်းမျဉ်းအတိုင်း အဝါကတ်နှစ်ကြိမ် ပြခံရသူတိုင်းကို ပြိုင်ပွဲတစ်ပွဲပယ်မှာဖြစ်တာကြောင့် အလိုင်းရန့်ကွင်းမှာ ပြန်လည်ကစားရမယ့် ဒုတိယအကျော့ပွဲဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ မိုဗစ်လိုပဲ သူရဲ့အသင်းဖော် ကွင်းလယ်ကစားသမား ကာစတီယယ်ဟိုမှာလည်း ညက အဝါကတ်ထပ်မံပြသခံခဲ့ရလို့ ဒုတိယအကျော့ကို လွဲချော်ရတော့မှာပါ။

Photo Credit : Sportlife.news

ဒါ့အပြင် မနေ့ညက ကစားခဲ့တဲ့ပွဲအတွင်းမှာ အေစီမီလန် နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်က ၂ဝါ၁နီနဲ့ အထုတ်ပယ်ခံခဲ့ရသေးလို့ ဒုတိယအကျော့ကို သေချာပေါက်လွဲချော်ရဦးမှာဖြစ်တဲ့အတွက် ဒုတိယအကျော့က အေစီမီလန်အတွက်တော့ ကစားသမားအင်အားပိုင်းမှာ ထိခိုက်လာစေနိုင်ပါတယ်။ နောက်ပြီး မီလန်ဟာ မနေ့ညက ပွဲစဉ်အတွင်း ဂျုဗင်တပ်စ်ထက် ဂိုးပေါင်းခြိမ်းခြောက်မှုတွေကို ၃ဆနီးပါးလောက် များပြားအောင် လုပ်ဆောင်ခဲ့ပေမမယ့်လည်း အခွင့်အရေးတွေကို အကောင်းဆုံး အသုံးမချနိုင်ခဲ့လို့သာ အခုလို သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဧည့်သည်ဂျုဗင်တပ်စ်ကတော့ ပထမပိုင်းမှာ မီလန်ဘက်ကို ဘာမှမယ်မယ်ရရ ထိုးဖောက်နိုင်ခြင်းမရှိပဲ ဒုတိယပိုင်းမှာသာ ခြေရည်တူပြန်ကစားနိုင်ခဲ့တာဖြစ်သလို ပွဲပြီးခါနီးမှာလည်း အသင်းအတွက် အရေးပါလှတဲ့ ချေပဂိုးကိုပါ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့်မတ်လ၅ရက်နေ့ ဂျုဗင်တပ်စ်ရဲ့အိမ်ကွင်း အလိုင်းရန့်မှာ ကျင်းပမှာပဲဖြစ်ပါတယ်။

youtube.com/watch?v=8vkdEbUHRuI&t=14s

The post ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ဒုကျော့ကို လွဲချော်ရတော့မယ့် မီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ် appeared first on MySport Myanmar.