Honor ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Intel ရဲ့ 10th Generation Processor တွေကိုအသုံးပြုထားတဲ့ MagicBook Laptop တွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Honor ကနေ AMD ရဲ့ Ryzen 4000 Series CPU တွေကို အသုံးပြုထားတဲ့ Laptop တွေကိုပါ မိတ်ဆက်သွားတော့မှာပါ။

အဆိုပါသတင်းကိုတော့ Honor ကနေ Weibo စာမျက်နှာမှာ တရားဝင်တင်ထားခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ AMD Ryzen 4000 Series CPU တွေဟာ 7nm Zen2 Architecture ကို အခြေခံထားတာဖြစ်ပြီး ယခင် AMD 3000 Series နဲ့ ယှဥ်ရင် စွမ်းဆောင်ရည်က ၂ ဆနီးပါးကို တိုးတက်လာမှာပါ။

လောလောဆယ်မှာ Honor ကနေ Ryzen 3000 Series Processor တွေနဲ့ MagicBook 14 ကို ရောင်းချနေတာဖြစ်ပါတယ်။ လာမယ့်ဇူလိုင်လ ၁၆ ရက်မှာ မိတ်ဆက်မယ့် MagicBook အသစ်ကလည်း အဆိုပါ MagicBook 14 ကိုပဲ အပြင်ပန်းပြောင်းလဲမှုရှိမှာမဟုတ်ဘဲ Processor ကိုပဲ Upgrade ပြုလုပ်လာမယ်လို့ ခန့်မှန်းရပါတယ်။

ယခုမိတ်ဆက်မှုဟာ တရုတ်နိုင်ငံအတွက်ပဲဖြစ်ပေမယ့် မကြာခင်မှာ Global Market ကိုလည်း အဆိုပါ Ryzen 4000 Series Processor နဲ့ MagicBook ကို မိတ်ဆက်လာဖို့ ကျိန်းသေနေပါပြီ။ နောက်ထပ်လည်း Honor ကနေ Gaming Laptop တွေကို ယခုလအတွင်း မိတ်ဆက်ဖို့စီစဥ်နေတဲ့အတွက် Ryzen 4000 Series Processor တွေကိုပဲ အသုံးပြုလာနိုင်ပါတယ်။

Ref – GSM Arena

The post Ryzen 4000 CPU တွေနဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Honor MagicBook appeared first on MyTech Myanmar.