[Unicode]

ထိပ်ပြောင်ခြင်း ဆံပင်ကျွတ်ခြင်းစတဲ့လက္ခဏာတွေဟာ အမျိုးသားအများစုကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ထိပ်ပြောင်စေတဲ့ အကြောင်းအရင်းတွေများစွာရှိပြီး အသက်အရွှယ် အရထိပ်ပြောင်ခြင်း မျိုးရိုးဗီဇအရထိပ်ပြောင်ခြင်းတို့အပြင် မှားယွင်းတဲ့ လူနေမှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီနေ့မှာတော့ ကြည့်ရဆိုးပြီး လူတိုင်းမလိုချင်တဲ့ ထိပ်ပြောင်ခြင်းပြဿနာကို အကောင်းဆုံးကာကွယ်ဖြေရှင်းပေးနိုင်မယ့် စူပါအစားအစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဟင်းနုနွယ်

ထိပ်ပြောင်ခြင်းကိုကာကွယ်နိုင်တဲ့အစားအစားတစ်ခုက ဟင်းနုနွယ်ပဲဖြစ်ပါတယ်။ ဟင်းနုနွယ်ရွှက်မှာ ဗီတာမင်ဓာတ် သံဓာတ် ပရိုတင်းဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင် ကျွတ်ခြင်း ထိပ်ပြောင်ခြင်းတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်ဟင်းနုနယ်ရွှက်မှာ Omega-3 Acid မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်းအချိုးကျကျပါဝင်နေပြီး ဆံသားနဲ့ ဦးရေးပြားကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

(၂) မုလာဥနီ

မုလာဥနီက မျက်စိကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအ စာတစ်ခုအဖြစ် တော်တော်များများသိထားကြပါတယ်။ မုလာဥနီမှာ ဗီတာမင်အေဓာတ်အမြောက်အများပါဝင်တာကြောင့်
မျက်စိအတွက်သာမက ဆံကေသာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဗီတာမင်အေက ဦးရေပြားခြောက်သွေ့ယားယံခြင်းတွေကိုပျောက်ကင်း သက်သာစေပြီး ထိပ်ပြောင်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။

(၃) ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများ

ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းတွေစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း ဗီတာမင် B12 ဇင့် သံဓာတ်နဲ့ Omega 6 fatty acids ဓာတ်တို့ကိုရရှိစေပါတယ်။ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ကြက်ဥ ဘဲဥ ဒိန်ချဉ် ချိစ် နွားနို့တွေဟာ ဗီတာမင် B12 ဓာတ်ရရှိစေတဲ့ အဓိကအရင်းအမြစ်တွေဖြစ်ပြီး ဗီတာမင် B12 ကဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းကို အထိရောက်ဆုံးကာကွယ်ပေးတာဖြစ်ပါတယ်။

(၄) အုတ်ဂျုံ

ကိုယ်အလေးချိန်ကျချင်သူတွေ စားလေ့ရှိတဲ့ အုတ်ဂျုံက ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းအတွက်လည်း အထိရောက် ဆုံးကာကွယ်ပေးနိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။အုတ်ဂျုံမှာ အမျှင်ဓာတ် သွေးတွင်း ကိုလက်စထရောကိုကျစေတဲ့ ကောင်းမွန်တဲ့ အဆီဓာတ်များပါဝင်တာကြောင့် ဆံကေသာကိုနက်မှောင်သန်စွမ်းစေပြီး ဆံပင်အုံထူစေကာ တော်ရုံဆံပင်ကျွတ်တာတွေ ဖြစ်မလာအောင်ကာကွယ်ပေးပါတယ်။

(၅) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးတွေဟာ စီလီကာဓာတ်အင်မတန်ကြွယ်ဝတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။စီလီကာဓာတ်ဟာ ဦးရေးပြားနဲ့ ဆံကေသာကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တာကြောင့် စတော်ဘယ်ရီသီးစားသုံးခြင်းဖြင့် ဦးရေးပြားနဲ့ ဆံသားကို အားကောင်းစေမှာဖြစ်ပါတယ်။ ဆန် အုတ်ဂျုံ ကြက်သွန်နီ ပန်းဂေါ်ဖီ သခွားသီးစတဲ့ အစားအစာတွေကလည်း စီလီကာဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ထိပ်ပြောင်ခြင်းနဲ့ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့ မဖြစ်မနေစားသုံးပေးသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။

[Zawgyi]

ထိပ္ေျပာင္ျခင္း ဆံပင္ကြၽတ္ျခင္းစတဲ့လကၡဏာေတြဟာ အမ်ိဳးသားအမ်ားစုႀကဳံေတြ႕ရတဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ထိပ္ေျပာင္ေစတဲ့ အေၾကာင္းအရင္းေတြမ်ားစြာရွိၿပီး အသက္အ႐ႊယ္ အရထိပ္ေျပာင္ျခင္း မ်ိဳး႐ိုးဗီဇအရထိပ္ေျပာင္ျခင္းတို႔အျပင္ မွားယြင္းတဲ့ လူေနမႈပုံစံေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ဒီေန႔မွာေတာ့ ၾကည့္ရဆိုးၿပီး လူတိုင္းမလိုခ်င္တဲ့ ထိပ္ေျပာင္ျခင္းျပႆနာကို အေကာင္းဆုံးကာကြယ္ေျဖရွင္းေပးႏိုင္မယ့္ စူပါအစားအစာေတြအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

(၁) ဟင္းႏုႏြယ္

ထိပ္ေျပာင္ျခင္းကိုကာကြယ္ႏိုင္တဲ့အစားအစားတစ္ခုက ဟင္းႏုႏြယ္ပဲျဖစ္ပါတယ္။ ဟင္းႏုႏြယ္႐ႊက္မွာ ဗီတာမင္ဓာတ္ သံဓာတ္ ပ႐ိုတင္းဓာတ္မ်ားႂကြယ္ဝစြာပါဝင္တာေၾကာင့္ ဆံပင္ ကြၽတ္ျခင္း ထိပ္ေျပာင္ျခင္းေတြကို အေကာင္းဆုံးကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ဟင္းႏုနယ္႐ႊက္မွာ Omega-3 Acid မဂၢနီဆီယမ္နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြလည္းအခ်ိဳးက်က်ပါဝင္ေနၿပီး ဆံသားနဲ႔ ဦးေရးျပားက်န္းမာေရးကို ေကာင္းမြန္ေစမွာျဖစ္ပါတယ္။

(၂) မုလာဥနီ

မုလာဥနီက မ်က္စိက်န္းမာေရးကို ေကာင္းမြန္ေစတဲ့ အစားအ စာတစ္ခုအျဖစ္ ေတာ္ေတာ္မ်ားမ်ားသိထားၾကပါတယ္။ မုလာဥနီမွာ ဗီတာမင္ေအဓာတ္အေျမာက္အမ်ားပါဝင္တာေၾကာင့္
မ်က္စိအတြက္သာမက ဆံေကသာက်န္းမာေရးအတြက္လည္း အထူးေကာင္းမြန္တဲ့အစားအစာတစ္ခုျဖစ္ပါတယ္။ဗီတာမင္ေအက ဦးေရျပားေျခာက္ေသြ႕ယားယံျခင္းေတြကိုေပ်ာက္ကင္း သက္သာေစၿပီး ထိပ္ေျပာင္ျခင္းမွလည္းကာကြယ္ေပးႏိုင္ပါတယ္။

(၃) ဥအမ်ိဳးမ်ိဳးႏွင့္ ႏို႔ထြက္ပစၥည္းမ်ား

ဥအမ်ိဳးမ်ိဳးႏွင့္ ႏို႔ထြက္ပစၥည္းေတြစားသုံးျခင္းျဖင့္ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အဟာရဓာတ္ေတြျဖစ္တဲ့ ပ႐ိုတင္း ဗီတာမင္ B12 ဇင့္ သံဓာတ္နဲ႔ Omega 6 fatty acids ဓာတ္တို႔ကိုရရွိေစပါတယ္။ ဥအမ်ိဳးမ်ိဳးနဲ႔ ႏို႔ထြက္ပစၥည္းေတြျဖစ္တဲ့ ၾကက္ဥ ဘဲဥ ဒိန္ခ်ဥ္ ခ်ိစ္ ႏြားႏို႔ေတြဟာ ဗီတာမင္ B12 ဓာတ္ရရွိေစတဲ့ အဓိကအရင္းအျမစ္ေတြျဖစ္ၿပီး ဗီတာမင္ B12 ကဆံပင္ကြၽတ္ျခင္း ထိပ္ေျပာင္ျခင္းကို အထိေရာက္ဆုံးကာကြယ္ေပးတာျဖစ္ပါတယ္။

(၄) အုတ္ဂ်ဳံ

ကိုယ္အေလးခ်ိန္က်ခ်င္သူေတြ စားေလ့ရွိတဲ့ အုတ္ဂ်ဳံက ထိပ္ေျပာင္ျခင္းနဲ႔ ဆံပင္ကြၽတ္ျခင္းအတြက္လည္း အထိေရာက္ ဆုံးကာကြယ္ေပးႏိုင္တဲ့ အစားအစာတစ္ခုျဖစ္ပါတယ္။အုတ္ဂ်ဳံမွာ အမွ်င္ဓာတ္ ေသြးတြင္း ကိုလက္စထေရာကိုက်ေစတဲ့ ေကာင္းမြန္တဲ့ အဆီဓာတ္မ်ားပါဝင္တာေၾကာင့္ ဆံေကသာကိုနက္ေမွာင္သန္စြမ္းေစၿပီး ဆံပင္အုံထူေစကာ ေတာ္႐ုံဆံပင္ကြၽတ္တာေတြ ျဖစ္မလာေအာင္ကာကြယ္ေပးပါတယ္။

(၅) စေတာ္ဘယ္ရီသီး

စေတာ္ဘယ္ရီသီးေတြဟာ စီလီကာဓာတ္အင္မတန္ႂကြယ္ဝတဲ့အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။စီလီကာဓာတ္ဟာ ဦးေရးျပားနဲ႔ ဆံေကသာက်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ သတၱဳဓာတ္တစ္မ်ိဳးျဖစ္တာေၾကာင့္ စေတာ္ဘယ္ရီသီးစားသုံးျခင္းျဖင့္ ဦးေရးျပားနဲ႔ ဆံသားကို အားေကာင္းေစမွာျဖစ္ပါတယ္။ ဆန္ အုတ္ဂ်ဳံ ၾကက္သြန္နီ ပန္းေဂၚဖီ သခြားသီးစတဲ့ အစားအစာေတြကလည္း စီလီကာဓာတ္ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ထိပ္ေျပာင္ျခင္းနဲ႔ဆံပင္ကြၽတ္ျခင္းကို ကာကြယ္ဖို႔ မျဖစ္မေနစားသုံးေပးသင့္တဲ့အစားအစာေတြျဖစ္ပါတယ္။

Reference : https://food.ndtv.com/photos/hair-health-10-foods-that-prevent-hair-fall-18150/slide/3

The post ထိပ္ေျပာင္ျခင္းကို အေကာင္းဆံုးကာကြယ္ေပးႏုိင္မယ့္ အစားအစာမ်ား appeared first on MyHealth Myanmar.