မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကမ္ဘာမှာ နဲ့ အင်္ဂလန်မှာ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ပြောခဲ့ပြီး အကောင်းဆုံး အသင်းမှာ ကစားနေတာကြောင့် ပို ကောင်းအောင် ကစားရမယ်လို့လည်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ပေါ်တူဂီနိုင်ငံ အခြေစိုက် စပို့တင်းအသင်းကနေ မန်ယူအသင်းကို အပြီးသတ် ပြောင်းရွေ့လာခဲ့ပြီး မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းကို အရင်ကထက် ပို ကောင်းအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ယူရို (၅၅) သန်းနဲ့ ရောက်ရှိလာခဲ့ပြီး မန်ယူ အသင်းအတွက် ပွဲစဉ် (၉) ပွဲ ကစားထားရာမှာ သွင်းဂိုး (၃) ဂိုး နဲ့ ဂိုးဖန်တီးမှု (၄) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာကြောင့် ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ မန်ယူအသင်းဟာ ကမ္ဘာမှာ နဲ့ အင်္ဂလန်မှာ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ Talent Ain’t Enough မှာ အခိုင်အမာ ပြောသွားပါတယ်။

Photo Credit: Goal

ဖာနန်ဒက်စ်က “ကျွန်တော် မန်ယူအသသင်းကို ရောက်လာရတဲ့ အကြောင်းအရင်းက မန်ယူက ကမ္ဘာမှာ အကောင်းဆုံး အသင်း ဖြစ်လို့ပါ။ ကျွန်တော်အတွက်တော့ အင်္ဂလန်မှာလည်း မန်ယူက အကောင်းဆုံး အသင်းပါ။ နောက်နှစ်တွေအတွက် ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ အခုထက် ပိုကောင်းကောင် ကစားဖို့ပါ။ ကျွန်တော့်အတွက်တော့ ကွန်တော် အခုအချိန်မှာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိသေးပါဘူး။ ဘာလို့လဲဆိုရင် အခုအချိန်က အခက်အခဲဆုံး အချိန် ဖြစ်နေလို့ပါ။ အခြား ကစားသမားတွေက ကျွန်တော့်ရဲ့ ပွဲစဉ်တွေကို သတိထားပြီး ကျွန်တော့်ရဲ့ လုပ်ရှားမှုကို စသိလာကြတယ်။ ကျွန်တော် ဘယ်လို ဘောလုံး ပေးပို့လဲ နဲ့ ဘယ်လို ဘောလုံး ကန်လဲ ဆိုတာ သိလာကြတယ်။ အခုအချိန်မှာ အရာရာတိုင်းက ပို ခက်နေပါပြီ”လို့ ပြောကြားသွားခဲ့ပါတယ်။

The post မန်ယူအသင်းက ကမ္ဘာမှာ နဲ့ အင်္ဂလန်မှာ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ဖာနန်ဒက်စ် ပြော appeared first on MySport Myanmar.