အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်ကတော့ လက်ရှိရာသီမှာ အဆင့် (၈) နေရာနဲ့ ပရီးမီးယားလိဂ်ကို ကုန်ဆုံးခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ စောစော ထွက်ခဲ့တာကြောင့် အက်ဖ်အေ ဖလား ရယူပြီး လက်ရှိရာသီကို အဖက်ဆယ်မယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အဆင့် (၈) နေရာနဲ့ ကုန်ဆုံးခဲ့တာကြောင့် (၂၅) နှစ်အတွင်းမှာ အဆိုးရွားဆုံး ရလဒ် ဖြစ်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း အိုလံပီယာကို့စ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီပဲ ဖြစ်ပါတယ်။

 

Photo Credit: Goal

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ (၃၂) သင်းအဆင့် ပွဲစဉ်မှာ အိုလံပီယာကို့စ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက စောစော ထွက်သွားခဲ့ရပြီး လက်ရှိရာသီမှာတော့ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာပဲ လက်ရှိရာသီဆိုးကို အဖက်ဆယ်နိုင်တဲ့ အခွင့်အရေးကောင်း ရှိတော့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အက်ဖ်အေ ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းလာခဲ့ပြီး တိုက်စစ်မှူး လာကာဇက်ကတော့ ယနေ့ည၊ (၁၁း၀၀) အချိန်၊ ချဲလ်ဆီးအသင်းနဲ့ ဗိုလ်လုပွဲစဉ်မှာ ဆုဖလား ရရှိဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လာကာဇက်က “ကျွန်တော်တို့ စိတ်လှုပ်ရှားကြပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ဆုဖလား ရယူပြိး လက်ရှိရာသီကို အဖက်ဆယ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ သိလိုပါပဲ။ ဆုဖလား ဆိုတာ ကျွန်တော်တို့အတွက် နဲ့ အသင်းပရိသတ်တွေအတွက် အဓိပ္ပါယ် များစွာ ရှိပါတယ်။ လိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့က အဆင့်ဆိုးနဲ့ ရာသီကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆိုရင် အိုလံပီယာကို့စ်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ ပစ်မှတ်ကို လွဲချော်ခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်တော်က လက်ရှိရာသီကို အဖက်ဆယ်မယ်လို့ ပြောရတာ ဖြစ်တယ်။ ကျွန်တော် အာဆင်နယ်အသင်းကို ဆုဖလားတွေ ရရှိဖို့ ရောက်ရှိလာတာပါ။ ဟုတ်ပါတယ်။ အပြောင်းအရွှေ့ ကိစ္စက တကယ် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် ဒါကလည်း ဘောလုံး ပြိုင်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

The post အက်ဖ်အေဖလား ရယူပြီး လက်ရှိရာသီကို အဖက်ဆယ်မယ်လို့ ပြောလိုက်တဲ့ လာကာဇက် appeared first on MySport Myanmar.