ဂ်ဳဗင္တပ္ တုိက္စစ္မွဴး ဒီဘာလားကေတာ့ အာဂ်င္တီးနား လက္ေရြးစင္ အသင္းေဖာ္ မန္စီးတီး တုိက္စစ္မွဴး အဂဲြရုိနဲ႔ တူတယ္လုိ႔ အေျပာခံရတဲ့ အေပၚမွာ ျပန္လည္ ေခ်ပသြားခဲ့ၿပီး ဘယ္သူနဲ႔မွ မတူခ်င္ဘူးလုိ႔ ေျပာခဲ့ပါတယ္။ တုိက္စစ္မွဴး ဒီဘာလားဟာ တစ္ခ်ိန္က ပါလာမုိးအသင္းမွာ (၃) ႏွစ္ၾကာ ကစားခဲ့ၿပီး (၂၀၁၅) ခုႏွစ္မွာ ပါလာမုိးအသင္းကေန ဂ်ဳဗင္တပ္အသင္းကုိ ေျပာင္းခဲ့တဲ့ အခ်ိန္မွာ ပါလာမုိး ဥကၠဌက ဒီဘာလားကုိ အဂဲြရုိနဲ႔ တူတယ္လုိ႔ ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Goal

တုိက္စစ္မွဴး ဒီဘာလားဟာ လက္ရွိအခိ်န္မွာေတာ့ ဂ်ဳဗင္တပ္အသင္းမွာ ေအာင္ျမင္မႈ ရရွိေနၿပီး လက္ရွိရာသီမွာ စီးရီးေအ ပဲြစဥ္ (၁၈) ပဲြ ကစားၿပီးရာမွာ ဂုိးဖန္တီးမႈ (၂) ႀကိမ္ နဲ႔ သြင္းဂုိး (၅) ဂုိး သြင္းယူထားတာပဲ ျဖစ္ပါတယ္။ ပါလာမုိးအသင္း ဥကၠဌ ဇမ္ပါရီနီကေတာ့ ဒီဘာလားကုိ အဂဲြရုိ လက္သစ္ နဲ႔ အဂဲြရုိနဲ႔ တူတယ္လုိ႔ ခ်ီးက်ဴးသြားခဲ့ေပမဲ့လည္း ဂ်ဳဗင္တပ္ ၾကယ္ပြင့္ ဒီဘာလားက ကစားသမား တစ္ဦးဦးနဲ႔ တူတယ္လုိ႔ အေျပာခံရတာ မလုိခ်င္ေၾကာင္း ျပန္ေခ်ပသြားခဲ့ပါတယ္။

Photo Credit: Goal

ဂ်ဳဗင္တပ္ တုိက္စစ္မွဴး ဒီဘာလားက “တကယ္လုိ႔ ခင္ဗ်ားတုိ႔က တန္းတူ ျဖစ္တယ္လုိ႔ ယုံၾကည္ၾကတယ္ ဆုိရင္ ဒါက ခင္ဗ်ားတုိ႔အေပၚမွာပဲ မူတည္ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္အေနနဲ႔ကေတာ့ အသစ္တစ္ဦး မျဖစ္ခ်င္ပါဘူး။ လူေတြက ကြ်န္ေတ္ာ့ သြင္းဂုိး နဲ႔ ကြ်န္ေတာ့္ ကစားဟန္အေပၚမွာ ဒီဘာလားနဲ႔ တူတယ္လုိ႔ ေျပာတာကုိ လုိခ်င္ၿပီး တစ္ဦးဦးနဲ႔ တူတယ္လုိ႔ ေျပာတာ မလုိခ်င္ပါဘူး။ အဂြဲရုိက ေအာင္ျမင္မႈ မ်ားစြာ ရရွိၿပီး ကြ်န္ေတာ္လည္း ကုိယ္ပုိင္ ရခ်င္ပါတယ္”လုိ႔ ေျပာပါတယ္။

(Unicode)

ဂျုဗင်တပ် တိုက်စစ်မှူး ဒီဘာလားကတော့ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် မန်စီးတီး တိုက်စစ်မှူး အဂွဲရိုနဲ့ တူတယ်လို့ အပြောခံရတဲ့ အပေါ်မှာ ပြန်လည် ချေပသွားခဲ့ပြီး ဘယ်သူနဲ့မှ မတူချင်ဘူးလို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး ဒီဘာလားဟာ တစ်ချိန်က ပါလာမိုးအသင်းမှာ (၃) နှစ်ကြာ ကစားခဲ့ပြီး (၂၀၁၅) ခုနှစ်မှာ ပါလာမိုးအသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းခဲ့တဲ့ အချိန်မှာ ပါလာမိုး ဥက္ကဌက ဒီဘာလားကို အဂွဲရိုနဲ့ တူတယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဒီဘာလားဟာ လက်ရှိအချိန်မှာတော့ ဂျုဗင်တပ်အသင်းမှာ အောင်မြင်မှု ရရှိနေပြီး လက်ရှိရာသီမှာ စီးရီးအေ ပွဲစဉ် (၁၈) ပွဲ ကစားပြီးရာမှာ ဂိုးဖန်တီးမှု (၂) ကြိမ် နဲ့ သွင်းဂိုး (၅) ဂိုး သွင်းယူထားတာပဲ ဖြစ်ပါတယ်။ ပါလာမိုးအသင်း ဥက္ကဌ ဇမ်ပါရီနီကတော့ ဒီဘာလားကို အဂွဲရို လက်သစ် နဲ့ အဂွဲရိုနဲ့ တူတယ်လို့ ချီးကျူးသွားခဲ့ပေမဲ့လည်း ဂျုဗင်တပ် ကြယ်ပွင့် ဒီဘာလားက ကစားသမား တစ်ဦးဦးနဲ့ တူတယ်လို့ အပြောခံရတာ မလိုချင်ကြောင်း ပြန်ချေပသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ် တိုက်စစ်မှူး ဒီဘာလားက “တကယ်လို့ ခင်ဗျားတို့က တန်းတူ ဖြစ်တယ်လို့ ယုံကြည်ကြတယ် ဆိုရင် ဒါက ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ကတော့ အသစ်တစ်ဦး မဖြစ်ချင်ပါဘူး။ လူတွေက ကျွန်တေ်ာ့ သွင်းဂိုး နဲ့ ကျွန်တော့် ကစားဟန်အပေါ်မှာ ဒီဘာလားနဲ့ တူတယ်လို့ ပြောတာကို လိုချင်ပြီး တစ်ဦးဦးနဲ့ တူတယ်လို့ ပြောတာ မလိုချင်ပါဘူး။ အဂွဲရိုက အောင်မြင်မှု များစွာ ရရှိပြီး ကျွန်တော်လည်း ကိုယ်ပိုင် ရချင်ပါတယ်”လို့ ပြောပါတယ်။

The post အဂြဲ႐ိုနဲ႔ တူတယ္လို႔ အေျပာခံရအၿပီး ဘယ္သူနဲ႔မွ မတူခ်င္ဘူးလို႔ ေခ်ပတဲ့ ဒီဘာလား appeared first on MySport Myanmar.