ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ လာမယ့် ဇွန်လ (၁၇) ရက်နေ့မှာ ပြန်လည် စတင်မှာ ဖြစ်တာကြောင့် လက်ကျန် ပွဲစဉ် (၉၂) ပွဲကို ဘယ်ရက်မှာ ကစားကြမလဲ ဆိုတာ ရက်စွဲ အတိအကျ ထွက်ပေါ်လာပြီ ဖြစ်ပြီး ဘယ်အချိန်မှာ ကစားမလဲ ဆိုတာကိုတော့ အတိအကျ မဖော်ပြနိုင်သေးတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် မတ်လ အလယ်မှာ ရပ်နားလိုက်ရပြီး လက်ရှိအချိန်မှာတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ပိုပြီး ထိန်းချုပ်လာနိုင်တာကြောင့် ပြည်တွင်း လိဂ် ပြိုင်ပွဲ အချို့ကို ပရိသတ် မပါဘဲ ကွင်းပိတ် ကစားပြီး ပြန်လည် စတင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားနေတဲ့ အချိန်မှာတော့ ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားနေတဲ့ အချိန်မှာ ပွဲစဉ် (၂) ပွဲ ကစားဖို့ ကျန်နေသေးပြီး လက်ကျန် ပွဲစဉ် (၂) ပွဲက မန်စီးတီး နဲ့ အာဆင်နယ်၊ အက်စတွန်ဗီလာ နဲ့ ရှက်ဖီးလ်တို့ ဖြစ်ကြပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ထဲက ကစားဖို့ ကျန်နေသေးတဲ့ လက်ကျန် ပွဲစဉ် (၂) ပွဲကို လာမယ့် ဇွန်လ (၁၇) ရက်နေ့မှာ ကစားမှာ ဖြစ်တာကြောင့် လာမယ့် (၁၇) ရက်နေ့မှာ အာဆင်နယ်အသင်း နဲ့ မန်စီးတီး အသင်း ပွဲစဉ် နဲ့ အက်စတွန်ဗီလာအသင်း နဲ့ ရှက်ဖီးလ်အသင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်စတဲ့ အချိန်မှာ တနင်္ဂနွေနေ့ညမှာ မကစားတော့ဘဲ စနေနေ့ည နဲ့ ကြားရက်ညတွေမှာ ကစားသွားမှာ ဖြစ်ပြီး တစ်ညတည်းမှာ ပွဲစဉ် (၁၀) ပွဲ ကစားသွားကြရမှာ ဖြစ်တာကြောင့် ကစားသမားတွေရော နည်းပြတွေရော ပွဲပန်းကြမယ့် သဘောမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ချန်ပီယံ ဖြစ်မယ့် အသင်း သေချာနေပြီ ဖြစ်ပေမယ့်လည်း တန်းဆင်းအသင်း နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အသင်းတွေရဲ့ အားပြိုင်မှုက ပြင်းထန်နေဦးမှာ ဖြစ်တာကြောင့် ပြိုင်ဆန်မှု ပြင်းထန်ပြီး မလွဲမသွေ ကြည့်ကောင်းမယ့် ပွဲကောင်းတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် အချိန်ဇယား
ပွဲစဉ် (၂၉) – ဇွန်လ (၁၇) ရက်နေ့၊ ဗုဒ္စဟူးနေ့ည
ပွဲစဉ် (၃၀) – ဇွန်လ (၂၀) ရက်နေ့၊ စနေနေ့ည
ပွဲစဉ် (၃၁) – ဇွန်လ (၂၇) ရက်နေ့၊ စနေနေ့ည
ပွဲစဉ် (၃၂) – ဇွန်လ (၃၀) ရက်နေ့၊ အင်္ဂါနေ့ည
ပွဲစဉ် (၃၃) – ဇူလိုင် (၄) ရက်နေ့၊ စနေနေ့ည
ပွဲစဉ် (၃၄) – ဇူလိုင် (၇) ရက်နေ့၊ ကြားရက်
ပွဲစဉ် (၃၅) – ဇူလိုင် (၁၁) ရက်နေ့၊ စနေနေ့ည
ပွဲစဉ် (၃၆) – ဇူလိုင် (၁၄) ရက်နေ့၊ အင်္ဂါနေ့ည
ပွဲစဉ် (၃၇) – ဇူလိုင် (၁၈) ရက်နေ့၊ စနေနေ့ည
ပွဲစဉ် (၃၈) – ဇူလိုင် (၂၅) ရက်နေ့၊ စနေနေ့ည

The post လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို တနင်္ဂနွေနေ့ည မကစားတော့ဘဲ စနေနေ့ည နဲ့ ကြားရက်ည ကစားမှာ ဖြစ်ပြီး တစ်ညတည်းမှာ (၁၀) ပွဲ ကစားမည်။ appeared first on MySport Myanmar.