သန်းပေါင်းများစွာသော အလုပ်အကိုင်များအတွက် နေအိမ်မှ အလုပ်လုပ်ကိုင်ကြခြင်းသည် ပုံမှန်အခြေအနေအသစ်တစ်ခု ဖြစ်လာပြီး Covid-19 ရောဂါ အခြေအနေကြောင့် messaging apps များမှတစ်ဆင့် ပြည်သူများသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ်နေထိုင်သည့် အလေ့အထမှာ ခေတ်စားလာခဲ့သည်။ လက်ရှိ အသုံးပြုမှုစာရင်းများအရ မြန်မာနိုင်ငံတွင် Viber မှ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်းလုပ်ဆောင်ချက်အား အသုံးပြုမှု အရေအတွက်သည် ယခင်ထက် ၁၀ ဆနီးပါး မြင့်တက်လာခဲ့ပြီး Community သို့ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်သည်လည်း ၆၇% ခန့် မြင့်တက်လာခဲ့သည်။ ထိုသို့ မြင့်တက်လာသည့် Viber သည် Mytel နှင့်ပူးပေါင်း၍ Viber အသုံးပြုမှုများအတွက် Zero Data Usage အား Mytel ၏ Captain Data Pack တွင် အသုံးပြုနိုင်အောင် လုပ်ဆောင်ခဲ့သည်။

Captain Data Pack သည် Mytel ၏ မြန်နှုန်းမြင့် အင်တာနက်ဒေတာ နှင့်အတူ Rakuten Viber ၏ ဆန်းသစ်ဖန်တီးထားသော လုပ်ဆောင်ချက်များကို ပေးအပ်သွားမည်ဖြစ်သည်။ အသုံးပြုသူများ အနေဖြင့် ၂,၄၀၀ ကျပ်၊ ၂,၅၀၀ ကျပ်၊ ၇,၀၀၀ ကျပ်၊ ၁၃,၅၀၀ ကျပ် နှင့် ၂၀,၀၀၀ ကျပ် စသည့် data pack ငါးမျိုးမှ နှစ်သက်ရာကို ရွေးချယ်နိုင်မည်ဖြစ်ပြီး Mytel အသုံးပြုသူများသည် ရိုးရိုးဒေတာနှင့် Night Data နှစ်မျိုးအား ရယူကာ အကန့်အသတ်မရှိ အခမဲ့ Viber အသုံးပြုခွင့်ကို ရက် ၃၀ မှ ၉၀ အထိ ရရှိနိုင်မည်ဖြစ်သည်။

“အခုလို အခက်အခဲဖြစ်နေတဲ့အခြေအနေမှာ လူတွေက ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်‌အောင် အလုပ်လုပ်ပုံအသစ်တွေကို ပြောင်းလဲလုပ်ဆောင်နေကြရပါတယ်။ လူအများစုက နေအိမ်ကနေ အလုပ်လုပ်ကိုင်ကြရတာနဲ့ နေသားကျလာကြပါပြီ။ ဒီ ပူးပေါင်းလုပ်ဆောင်မှုတွေက lockdown ကာလအတွင်းမှာ လူမှုအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါကြောင့် Mytel ရဲ့ Captain Data Pack က မြန်မာပြည်သူတွေ အကောင်းဆုံးအရည်အသွေးရှိတဲ့ မိုဘိုင်းကွန်ရက်ကို ရရှိပြီး Viber ရဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေနဲ့ အိမ်မှာကျန်းကျန်းမာမာနေထိုင်ပြီး အဆက်အသွယ်မပျက်ရှိစေဖို့ လုပ်ဆောင်ပေးနိုင်မှာ သေချာပါတယ်။” ဟု Rakuten Viber ၏ Chief Growth Officer ဖြစ်သူ Anna Znamenskaya မှ ပြောကြားသွားခဲ့ပါသည်။

“Mytel ဟာ အကောင်ဆုံး operator အနေနဲ့ သုံးစွဲသူတွေအတွက် အကျိုးရှိပြီး အထောက်အကူဖြစ်စေနိုင်မဲ့ အစီအစဉ်တွေကို ပေးအပ်နိုင်ဖို့ အမြဲကြံဆနေလျက်ရှိပါတယ်။ ဒါကြောင့်လည်း social distancing လုပ်နေရတဲ့ ဒီလိုအချိန်မှာ ချစ်ခင်သူတွေနဲ့ အဆက်အသွယ်မပြတ်ဖို့နဲ့ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေ ချောမွေ့စွာ ပြုလုပ်နိုင်ဖို့ Rakuten Viber နဲ့ ပူးပေါင်းပြီး အများပြည်သူအတွက် Captain Data Pack လို့ခေါ်တဲ့ ဒီအစီအစဉ်သစ်ကို မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ data pack အသစ်က သုံးစွဲသူတွေရဲ့ ကုန်ကျစရိတ်ကို လျော့ချနိုင်ဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ Mytel အနေနဲ့ သုံးစွဲသူတွေရဲ့ သက်သာချောင်ချိရေးကို ရှေးရှုပြီး ဒီထက်ကောင်းမွန်တဲ့၊ သုံးစွဲသူတွေ အဆင်ပြေစေမယ့် ဝန်ဆောင်မှုမျိုးတွေကို ပိုပေးအပ်သွားနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဒေါ်နီလာအေးက ပြောကြားခဲ့ပါသည်။

Rakuten Viber သည် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး messaging app တစ်ခုဖြစ်ပြီး Covid-19 ဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် WHO Chatbot, ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြုလုပ်သည့် Covid-19 Viber Community တို့အပြင် အဓိကလုပ်ဆောင်ချက်များစွာတို့၏ အရည်အသွေးကိုလည်း မြှင့်တင်ပေးခဲ့သည်။ Mytel မှ အသစ်ပေးအပ်လိုက်သော Captain Data Pack တွင် အသုံးပြုသူများသည် စာတိုနှင့် ဓာတ်ပုံများပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းနှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း၊ ဖိုင်ဆိုဒ်အကြီးများ ပေးပို့ခြင်း အစရှိသည့် ကျယ်ပြန့်သော လုပ်ဆောင်ချက်များကို အခမဲ့ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

The post Covid-19 ဖြစ်ပွားနေချိန်အတွင်း အချင်းချင်း ပိုမိုဆက်သွယ်နိုင်ရန် Mytel မှ ၎င်း၏ Captain Data Pack တွင် Viber အသုံးပြုမှုများအတွက် Zero Data Usage ကိုထည့်သွင်း appeared first on MyBiz Myanmar.