Photo Credit : 90Min
ချယ်လ်ဆီးက ဒီနှစ်ဘောလုံးရာသီအစကနေ အပြောင်းအရွှေ့ဈေးကွက်နှစ်ခုထိကို လူခေါ်ယူခွင့်ပိတ်ပင်တားမြစ်ခံထားရပေမယ့်လည်း အသင်းရဲ့ရှိရင်းစွဲကစားသမားတွေနဲ့ အငှားစာချုပ်ပြည့်လို့ အသင်းဆီကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကစားသမားဦးရေက တောင့်တင်းနေတာကြောင့် တချို့ကစားသမားတွေတောင် နေရာပျောက်လာခဲ့ပြီး ဒီထဲမှာ ဂျရှုး အလွန်ဆိုနဲ့ ပတ်ဒရိုတို့လည်း ပါဝင်လာခဲ့ပါတယ်။ ဂျရှုးနဲ့ပတ်ဒရိုတို့ကတော့ ဒီနှစ်ဘောလုံးရာသီအဆုံးမှာပဲ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးမဲ့နဲ့ လက်မလွတ်ချင်တာကြောင့် ဆောင်းရာသီဈေးကွက်မှာ ရောင်းချသွားချင်နေတာဖြစ်ပါတယ်။
(Unicode)
ဆောင်းရာသီမှာ ကစားသမားသုံးဦးကို အသင်းကနေ ရောင်းထုတ်သွားမယ့် ချယ်လ်ဆီး
လာမယ့်နိုဝင်ဘာလ၂၀ရက်နေ့မှာပဲ ကစားသမားခေါ်ယူခွင့် ပိတ်ပင်တားမြစ်ထားခံရမှုအပေါ် အယူခံဝင်ထားတဲ့ကိစ္စကို ကြားနာခံရတော့မယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းက ကစားသမားတွေကို ရောင်းချသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလို့နေတဲ့ တိုက်စစ်မှူးအိုလီဗာဂျရှုး တောင်ပံတိုက်စစ်ကစားသမားပတ်ဒရိုနဲ့ ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုတို့ပဲဖြစ်ပါတယ်။
Photo Credit : 90Min
ချယ်လ်ဆီးက ဒီနှစ်ဘောလုံးရာသီအစကနေ အပြောင်းအရွှေ့စျေးကွက်နှစ်ခုထိကို လူခေါ်ယူခွင့်ပိတ်ပင်တားမြစ်ခံထားရပေမယ့်လည်း အသင်းရဲ့ရှိရင်းစွဲကစားသမားတွေနဲ့ အငှားစာချုပ်ပြည့်လို့ အသင်းဆီကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကစားသမားဦးရေက တောင့်တင်းနေတာကြောင့် တချို့ကစားသမားတွေတောင် နေရာပျောက်လာခဲ့ပြီး ဒီထဲမှာ ဂျရှုး အလွန်ဆိုနဲ့ ပတ်ဒရိုတို့လည်း ပါဝင်လာခဲ့ပါတယ်။ ဂျရှုးနဲ့ပတ်ဒရိုတို့ကတော့ ဒီနှစ်ဘောလုံးရာသီအဆုံးမှာပဲ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးမဲ့နဲ့ လက်မလွတ်ချင်တာကြောင့် ဆောင်းရာသီစျေးကွက်မှာ ရောင်းချသွားချင်နေတာဖြစ်ပါတယ်။
Photo Credit : London Standard
ဒီကစားသမားသုံးယောက်ထဲမှာ ဝါရင့်တိုက်စစ်မှူးကြီး ဂျရှုးကတော့ အသင်းမှာ နေရာအပျောက်ဆုံးသော ကစားသမားဖြစ်ပြီး လူငယ်တိုက်စစ်မှူးများဖြစ်တဲ့ အေဘရာဟမ်နဲ့ ဘတ်ရှုအာယီတို့နောက် တတိယဦးစားပေးအဖြစ်သာ ပါဝင်လို့နေရပါတယ်။ အလွန်ဆိုကလည်း ဒီနောက်ပိုင်းမှာ နေရာတွေ ပြန်ရနေခဲ့ပေမယ့် အသင်းရဲ့ဦးစားပေးကစားသမားဖြစ်ဖို့က မသေချာနေသလို ပတ်ဒရိုကလည်း ပူလီဆစ် အိုဒွိုင်းတို့လို လူငယ်ကစားသမားတွေရဲ့နောက်မှာသာမက ဝီလီယံရဲ့နောက်မှသာ ကစားရတာဖြစ်လို့ ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။
Photo Credit : Daily Mail
ဒါပေမယ့် ဒီကစားသမားတွေကို ရောင်းထုတ်မထုတ်ကတော့ လာမယ့်ရက်ပိုင်းအတွင်း အားကစားခုံရုံးမှာ ကျင်းပပြုလုပ်သွားတော့မယ့် အယူခံကြားနာမှုအပေါ်မှာ မူတည်လို့နေပြီး ဒီကြားနာမှုကနေ ချယ်လ်ဆီးအသင်းကို ကစားသမားခေါ်ယူဖို့ ပြန်လည်ခွင့်ပြုလိုက်မယ်ဆိုရင် ဒီကစားသမားတွေရဲ့အနာဂတ်က ချယ်လ်ဆီးမှာ ဆက်မရှိတော့ဖို့ သေချာသလောက်ကို ဖြစ်သွားမှာပါ။ ချယ်လ်ဆီးသာ ကစားသမားတွေ ပြန်ခေခါ်ယူခွင့်ရမယ်ဆိုရင် ဇာဟာ ဘင်ချီဝဲလ် တီမိုဝါနာတို့ကို ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေတာဖြစ်လို့ ဂျရှုး အလွန်ဆို ပတ်ဒရိုတို့နေရာအတွက် ပြန်လည်အစားထိုးမှု ဖြစ်လာပါလိမ့်မယ်။
The post ဆောင်းရာသီမှာ ကစားသမားသုံးဦးကို အသင်းကနေ ရောင်းထုတ်သွားမယ့် ချယ်လ်ဆီး appeared first on MySport Myanmar.