လက်ရှိဘောလုံးရာသီမှာ အင်္ဂလန် ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘာမင်ဂမ် အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ထိပ်တန်းအသင်းကြီး နှစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့သူကတော့ အသက် ၁၆နှစ်အရွယ် ကွင်းလယ်လူ ဘယ်လင်ဟမ်ပဲ ဖြစ်ပါတယ်။ ဘာမင်ဂမ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာသူ တစ်ဦး ဖြစ်တဲ့ ဘယ်လင်ဟမ်ဟာ ယခုနှစ် ဘောလုံးရာသီအစမှာပဲ လူငယ်အသင်းကနေ စီနီယာ အသင်းကြီးထံ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် အသင်းရဲ့ ကွင်းလယ်မှာ နေရာတစ်နေရာ ရရှိခဲ့တဲ့ သူပါ။

Photo Credit: Mirror.com

လာမယ့် ဇွန်လမှာမှ အသက်၁၇နှစ်ပြည့်မယ့် ဘယ်လင်ဟမ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာမင်ဂမ်အသင်းနဲ့အတူ ချန်ပီယံရှစ်ပွဲစဉ် ၃၂ပွဲအထိ ပါဝင်ကစားထားရာမှာ ၄ဂိုးသွင်းယူ ထားနိုင်ခဲ့ပြီး ၂ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းကရော မန်ယူ အသင်းကပါ စိတ်ဝင်တစားနဲ့ ချိတ်ဆက်ထားကြပြီး ဘယ်အသင်းထံ ပြောင်းရွှေ့ရမလဲဆိုတာကို ဘယ်လင်ဟမ်အနေနဲ့ ရွေးချယ်ရတော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘယ်လင်ဟမ်နဲ့ လေးနှစ်ကြာအောင် လက်တွဲခဲ့ဖူးတဲ့ လူငယ် အသင်းနည်းပြ မာနိုချက်ရီကတော့ သူ့ရဲ့ တပည့်ဟောင်းဖြစ်သူ ဘယ်လင်ဟမ်အနေနဲ့ မန်ယူအသင်းကို ပိုမို ဦးစားပေးကာ ရွေးချယ် သင့်တယ်လို့ အကြံပြုစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror.com

ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့အပေါ် မာနိုချက်ရီက ” မန်ယူအသင်းဟာ ဘယ်လင်ဟမ် အတွက် သင့်တော်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သူတို့ဟာ သွေးသစ်လောင်းနေတဲ့ အသင်းတစ်သင်းပါ။ ဒီတော့ အက်စ်တွန်ဗီလာ က ဂျက်ဂရီးလစ်နဲ့ စကားပြောပြီးတော့ အတူတူ ပြောင်းတာက ဘယ်လင်ဟမ်အတွက် ကောင်းပါလိမ့်မယ်။ ဒေါ့မွန်အသင်းကလဲ သူ့အတွက် သင့်တော်နိုင်ပါတယ်။ သူတို့အသင်းရဲ့ စနစ်တွေ​ က ကောင်းမွန်ပြီး ဘယ်လင်ဟမ်ဟာ ဆန်ချိုလို မျိုး ထိပ်တန်းအဆင့်ကို ရောက်လာနိုင်ပါတယ်။ ပြီးတော့ နောက်တစ်သင်းရွေးပေးရရင်တော့ ချယ်လ်ဆီးကလည်း ဘယ်လင်ဟမ်အတွက် ရွေးသင့်တဲ့ ကလပ်တစ်ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လင်ဟမ်အနေနဲ့ သူ့ရဲ့ရင်ထဲကလာတဲ့ ရွေးချယ်မှုကိုပဲ လုပ်သင့်ပါတယ်။ အဲ့ဒီအသင်းတွေကို မသွားပဲ ဘာမင်ဂမ်မှာ ဆက်နေရင်လဲ သူ့အတွက် ဘာမှနစ်နာသွားမှာ မဟုတ်ပါဘူး ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

The post မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ဘယ်လင်ဟမ် ကို အကြံပေးလိုက်တဲ့ သူ့ရဲ့နည်းပြဟောင်း appeared first on MySport Myanmar.